MLAT

စစ်အာဏာသိမ်းချိန်မှစပြီး နိုင်ငံတဝှမ်းက ဗကသအဖွဲ့ဝင် ၂၈ ဦးဖမ်းဆီးခံရ

"ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားရဲဘော်ပေါင်း ၄၀ ကျော်ခန့်ဖမ်းဆီးခံခဲ့ရပြီး တချို့ရဲဘော်တွေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ လက်ရှိမှာတော့ အကျဉ်းထောင်အသီးသီးမှာ ဗကသရဲဘော် ၂၈ ဦး မတရားအကျဉ်းကျခံထားရပါတယ်။ အမျိုးသားအများစု ပါဝင်ပါတယ်အဲဒီအထဲက ထောင်ဒဏ် ၂ နှစ်ကနေ ၁၃ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထား ရသူတွေလည်းရှိပါတယ်"

"ကြံ့ဖွတ်ပါတီမှသည် ချာပါတီဆီသို့"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် "ကြံ့ဖွတ်ပါတီမှသည် ချာပါတီဆီသို့"

အောင်လံမှာ ၅၀၅(က) နဲ့ ဝရမ်းထုတ်ထားတဲ့ သားဖြစ်သူကိုမတွေ့လို့ ဖခင်ကိုဖမ်းဆီးသွား

"ကျနော်ကပြေးနေရတာ၊ အိမ်နဲ့လည်းအဆက်အသွယ်မရဘူး၊ မနေ့ကတော့ကျနော့်မြို့ကသိရတာက ညနေ ၃ နာရီလောက်မှာ ကျနော်တို့မိသားစုပိုင်တဲ့ ဒေလီယာပရိဘောဂဆိုင်မှာ အဖေကပုံမှန်ထိုင်တယ်၊ မနေ့ကစစ်ကောင်စီအဖွဲ့တွေကအိမ်စီးကားနဲ့လာကြတယ်၊ လက်နက်တွေလည်းပါတယ်၊ အရပ်ဝတ်တွေနဲ့ပါ၊ မေးစရာရှိလို့လိုက်ခဲ့ပါအုံးဆိုပြီး အိမ်စီးကားပေါ်ကိုဆွဲတင်သွားတယ်၊ တင်သွားပြီးမောင်းထွက်သွားကြပါတယ်၊"

ရွာအပြန်-၇

အော် ဟိုစဉ်ကတော့ ရေနွေးကြမ်းစကားဝိုင်းတွေမှာ လယ်အကြောင်း၊ ယာအကြောင်း၊ နွားအကြောင်းတွေသာ မရိုးနိုင်အောင် ပြောဆိုတတ်တဲ့ ရွာကလူတွေဟာ ခုတော့ဖြင့် နိုင်ငံရေးအကြောင်းတွေကို စိတ်ဝင်စားနေကြပါပေါ့လား။

ရခိုင်မှာ တလအတွင်း အရပ်သား ၂၆ဦးကို စစ်ကောင်စီဖမ်းထား

ယခုစက်တင်ဘာ ၄ရက်နေ့မှ စက်တင်ဘာ ၂၁ ရက်မနေ့ကအထိ ရခိုင်ပြည်နယ်ရှိ၊မင်းပြား၊မြောက်ဦး၊ကျောက်ဖြူ၊တောင်ကုတ်၊ ရမ်းဗြဲမြို့တွေက အရပ်သား ၂၆ယောက်အထိ စစ်ကောင်စီ ဖမ်းဆီးထားတယ်လို့သိရပါတယ်။

ပေါင်းတည်မှာ PDF ထင်ပြီး စစ်သားအချင်းချင်း မှားပစ်လို့ တဦးပြင်းထန်ဒဏ်ရာရ

"သာလှပင်စည် ဘုန်းကြီးကျောင်းမှာ PDF ၁၅ ဦး ရောက်နေတယ်ဆိုပြီး သတင်းရလို့ ပုတီးကုန်းနဲ့ ပေါင်းတည်စစ်တပ်ကလာတာ ပုတီးကုန်းက အင်အား ၁၅ ဦးလောက် အရပ်ဝတ်တွေနဲ့ အရင်ရောက်နေကြပြီး ကျောင်းက ဦးပဉ္စင်း ဓမ္မပါလနဲ့ စကားပြောနေတာ ခဏအကြာမှာ ပေါင်းတည်စစ်တပ်က အင်အား ၅ ဦးနဲ့ ကင်းပုန်းဝတ်ရောက်လာပြီး PDFဆိုပြီး အပြန်အလှန် ပစ်ကြတာ ၁၅ ချက် အချက် ၂၀ လောက်ရှိမယ်၊ ဒါတောင် သေနတ်က ကျည်ကုန်နေလို့ တော်သေးတာ"

သူငယ်ချင်းဖြစ်သူနဲ့ သေကွဲ ကွဲခဲ့ရတဲ့ ရဲဘော် ကိုတွင်ခုံ (ရုပ်/သံ)

အဲ့ဒီနေ့က ဗိုလ်လရောင်ကျဆုံးပြီး ရဲဘော်တွင်ခုံလည်း သေနတ်ဒဏ်ရာအပြင် ကားနဲ့ပါတိုက်ခံထားရလို့ လွတ်အောင်မပြေးနိုင်တော့တဲ့ အခြေအနေမှာ မုံရွာ ပျောက်ကြား၂ဖွဲ့က သူ့ကိုကယ်ထုတ်သွားခဲ့တဲ့ အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။ အရင်ကတော့ သူတို့ ၂ယောက်တူတူ မြေပေါ်မြေအောက် လှုပ်ရှားမှုတွေ၊ လက်နက်ထုတ်လုပ်ရေးတွေမှာ တူတူလုပ်ဆောင်ခဲ့ပေမယ့် အခုတော့ ရဲဘော် တွင်ခုံတယောက်တည်း ဂျိုင်းထောက် နှစ်ချောင်းနဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထွက်ပေါက်က ဘယ်မှာလဲ

၂၀၀၈ အခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များကို ကိုင်စွဲ၍ အာဏာထိန်းပါသည်ဟု အကြောင်းပြခဲ့သော စစ်ကောင်စီ၏ လုပ်ပိုင်ခွင့်သည် လာမည့်နှစ် ဇန်နဝါရီလကုန်တွင် နိဌိတံပြီဖြစ်၏။ ၂၀၀၈ အခြေခံဥပဒေတွင် အရေးပေါ်ကာလသက်တမ်းကို ၂ နှစ်အထိသာ သတ်မှတ်ပေးထားပြီး ၂ နှစ် ပြည့်မြောက်ပါက "ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာရမည်" ဟု အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ ပုဒ်မ ၄၂၆ မှာ အတိအလင်းဖော်ပြထားသည်။

စစ်ကောင်စီက မောင်တောနှင့်ဘူးသီးတောင်တွင် စစ်အင်အား ၁ သောင်းနီးပါးချထားပြီး တိုက်ခိုက်နေသော်လည်း AAက အနိုင်ရနေဟုဆို

"မောင်တောက ကျနော်တို့ဖက်က နယ်မြေစိုးမိုးမှုကို ပိုလို့အားကောင်းအောင်လုပ်လာနိုင်လို့ ရန်သူစခန်းတချို့လည်း ဆုတ်သွားတာတွေရှိတယ်။ အဲဒီစခန်းတွေက BB-40 ကနေ မြောက်ဖက်အခြမ်းမှာရှိတဲ့ BB-53လောက်အထိ နယ်စပ်တလျောက်မှာရှိတဲ့ စခန်းငယ်တွေပေါ့။ အထူးသဖြင့် လူ ၂၀၊ ၃၀ လောက်နဲ့တပ်စွဲထားတဲ့စခန်းတွေ အများအပြားဆုတ်သွားတာရှိပါတယ်။ လက်ရှိမြေပြင်အနေအထားအရ ကျနော်တို့ဖက်က အသားစီးရထားတယ်လို့ ပြောလို့ရတယ်"

"စစ်ကောင်စီရဲ့ နိုင်ငံရေးခွေးတိုးပေါက် ရွေးကောက်ပွဲ"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် "စစ်ကောင်စီရဲ့ နိုင်ငံရေးခွေးတိုးပေါက် ရွေးကောက်ပွဲ"

စစ်ကောင်စီရဲ့ စက်လှေဂိတ်စခန်းကို နတ်တလင်း PDF ကအလစ်တိုက်လို့ ၇ဦးထက်မနည်း သေဆုံး

" စစချင်းမှာ ရှေ့ထွက်လက်နက်ကြီးနဲ့ ပစ်ပြီး ဝင်တိုက်တာ၊ ၂ကောင်အရင်သေတယ်၊ ပြီးတော့ ၁၅ မိနစ်လောက် တိုက်ပွဲထပ်ပစ်ပြီးပြီးတော့ ၅ဦးကျော်လောက် သေတယ် အတည်ပြုနိုင်တာကတော့ ၇ဦးပါ"

ကောလင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ကာ လူအင်အား၊ လက်နက်အင်အားမမျှလို့ PDF ရဲဘော် ၈ ဦးကျဆုံး

“လက်နက်ကြီးလက်နက်ငယ်အစုံနဲ့ပစ်တာ၊ တချို့ဆို ရွာထဲတွေတောင်ကျတယ်။ အင်အားကမမျှဘူး။ ဘယ်လိုမှကိုမမျှတာ၊ အဲ့တာကြောင့် ၈ ယောက်ပေးလိုက်ရတာ၊ အလောင်းတွေကိုတော့ သက်ဆိုင်ရာရွာတွေကို သယ်သွားကြတယ်။ အကုန်လုံးစျာပနလုပ်ပြီးပါပြီ၊ ကောင်းမွန်စွာသဂြိုလ်ပြီးပြီ”

"ကြောင်ခံတွင်းပျက် ပူတင် နဲ့ ဇရက်တောင်ပံကျိုး မင်း‌အောင်လှိုင်"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် "ကြောင်ခံတွင်းပျက် ပူတင် နဲ့ ဇရက်တောင်ပံကျိုး မင်း‌အောင်လှိုင်"

သာယာဝတီ ခလရ(၃၅)တပ်က စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး ၁၄ ရက်နေ့ မုန့်ဟင်းခါးနဲ့ ရက်လည်ဆွမ်းသွပ်မယ်

“သေကုန်ပြီဆိုတာသိတဲ့ ၉ ရက်နေ့ထဲက ၃၅ တပ်ထဲမှာ ကာလတွေပျက်နေတာ။ ဆူညံလို့ ငိုကြတာ။ ၆၆ က ကယားဘက်မှာ တအားကျတယ်။ သူတို့ ၃၅ တင် ၁၀ ယောက်ပါတယ်။ ရဲဘော်သစ် ၇ ယောက် အဟောင်းက ၃ ယောက်ကျတာ။ ဒဏ်ရာပြင်းထန်တာက အရာရှိ ၁ ယောက်အပါ ၆ ယောက်။ သေသွားတဲ့သူတွေအတွက် ၁၄ ရက်နေ့ရက်လည်လုပ်မှာ”

ရွာအပြန် - ၅

အဲဒီမှာ မောင်ခွေးက "စစ်တပ်အာဏာသိမ်းတာ ဒေါ်စုတို့ကမဲခိုးလို့၊ မဲမသမာမှုလုပ်လို့ဆို၊ အဲဒါဟုတ်ရဲ့လား" လို့ စကားစလိုက်တယ်။ "မဟုတ်လောက်ဘူးဆိုတာတော့ ငါတို့ သိထားတယ်ကွ၊ ဘာကြောင့်အာဏာသိမ်းတာလဲဆိုတာကို သိချင်တာ" လို့ ညိုမက ဆိုလာပြန်တယ်။ ကျုပ်ကတော့နွားအကြောင်း၊ ယာအကြောင်း၊ လယ်အကြောင်းလောက်သာ စိတ်ဝင်စားကြတဲ့ သူငယ်ချင်းတွေ နိုင်ငံရေးစိတ်ဝင်စားလာကြလို့ ဝမ်းသာနေမိတယ်။ ခေတ်ကတောင်းဆိုလိုက်ပြီကိုး။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10