MLAT

ချမ်းသာရွာ‌ဒေသခံတွေကို လူမျိုးသုန်းသတ်မယ်လို့ စစ်ကောင်စီခြိမ်းခြောက်

ချမ်းသာရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲပြီး ‌ဒေသခံပြည်သူတွေရဲ့ နေအိမ်အချို့မှာ " မြန်မာနိုင်ငံက အပြီးပိုင်ထွက်သွားဖို့ လိုပြီ၊ ထွက်မသွားဘူးဆိုရင် လူမျိုးသုန်းသတ်ဖြတ်ရလိမ့်မယ်" ဆိုတဲ့ စာတွေကိုရေးခဲ့တာကို ဓါတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်။

AAက ALPအဖွဲ့ဝင်ကျောင်းထိုင်ဆရာတော် ၄ပါး ကိုဖမ်းဆီးသွား

"ဖမ်းသွားတဲ့ဆရာတော် ၄ပါးစလုံးက ALPက မြို့နယ်အဆင့် ဥက္ကဌတွေဖြစ်ကြတယ်လို့သိရတယ်။ အဲဒါကြောင့် AAကဖမ်းသွားတာ။ အပြန် အလှန်ဖမ်းကြတဲ့သဘောပေါ့။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ဖမ်းတာတော့ မဟုတ်ပါဘူး"

ရွာသားကြီးတဦးရဲ့ တနိုင်ဝန် တော်လှန်ရေး

‘နွေဦးတော်လှန်ရေး အောင်ပွဲခံတဲ့အထိ ဘကြီးအသက်ရှင်ချင်သေးတယ်။ တော်လှန်ရေးအောင်တဲ့ နေ့မှာ ဆွေမျိုးတွေအကုန်အိမ်ခေါ်ပြီး ညစာကျွေးမယ်။ အားလုံးဆုံချိန်မှာ နွေဦးတော်လှန်ရေးအတွက် ဘကြီး ဘာလုပ်ခဲ့သလဲဆိုတာ ပြောပြမယ်။ တကယ်မို့ ဒီကြားထဲ ဘကြီးသေသွားခဲ့ရင် ငါ့တူက ဘကြီးဘယ်လိုမ ကြောက်မရွံ့ဘဲ တတ်နိုင်သလောက်လုပ်ခဲ့သလဲဆိုတာ ဆွေမျိုးတွေကို ပြောပြပေးပါ’တဲ့။

ဆောမှာ နေအိမ်ထဲဝင်ပစ်လို့ ၁၃ နှစ်အရွယ်ကလေး ၁ ဦးနဲ့ မိသားစုဝင် ၄ ဦးအပါအဝင် ဧည့်သည် ၁ ဦးသေဆုံး

"ည ၈ နာရီလောက်ကြီး ဝင်ပစ်သွားတာ။ သေသွားတာက ဦးခင်မောင်လင်းရယ်၊ သူ့မိန်းမ၊ သူ့ညီ၊ သူ့ချွေးမ၊ သူ့မြေးမလေးရယ် ကလေးမလေးက ၁၃ နှစ်ဘဲရှိသေးတယ်။ နောက်တယောက်က သူတို့အိမ်ကို TV လာကြည့်တဲ့တယောက်။ အားလုံး ၆ ယောက်သေတယ် ဘေးအိမ်အနီးအနားက ၂ ယောက်ဒဏ် ရာရတယ်"

"ဖယောင်းတိုင်ကိုင်ပြီး ဓါတ်လိုက်တဲ့ခေတ်"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိကြားမိသမျှ အစီအစဉ် "ဖယောင်းတိုင်ကိုင်ပြီး ဓါတ်လိုက်တဲ့ခေတ်"

စစ်ကောင်စီက PDFတွေကို မတွေ့တဲ့အတွက် ၉ လသားကလေးအပါ ရွာသားဆယ်ဦးခန့်ကို ဖမ်းသွား

"သူတို့စစ်ကြောင်း ရောက်လာပြီးကတည်းက အမျိုးသားအမျိုးသမီး ၁၀ ဦးလောက်ကိုဖမ်းသွားတာ ၁၀ ဦးထဲကမှ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို လက်ပြန်ကြိုးတုတ်ရိုက်နှက်ပြီး ထပ်ခွဲထုတ်ပြီး စစ်တယ်လို့ ကြားတယ် ၁၉ ရက်နေ့ ညနေကတော့ အဖမ်းခံရသူ အကုန်လုံးကတော့ ဘယ်ကို ခေါ်သွားမှန်းမသိဘူး စုံစမ်းမရသေးဘူး အဖမ်းခံရသူတွေက တောင်ယာလုပ်ကိုင် စားသောက်နေကြသူတွေ ဘာမှ သိတာမဟုတ်ဘူး"

လက်ပံတန်း EPC က စာရင်းစစ်ကိုရှင်းဖို့ငွေကို မီတာဆောင်ပြီးသားပြည်သူတွေဆီက ကောက်ခံနေ

" သူတို့ဆီ စာရင်းစစ်ဝင်တော့ ငွေကြေးပမာဏ တွေ တော်တော်ကွာတယ်လို့ ပြောတယ်၊ အဲ့ဒီမှာ လက်ကျန်ငွေတွေ အရမ်း ကွာနေတဲ့ အတွက်ကြောင့် ခုလိုပြန်ပြီးတော့မှာ သူတို့လုပ်နေတာ"

ဓားထိုးဒဏ်ရာဖြင့်သေဆုံးခဲ့သည့် မနွယ်သန္တာဝင်းအမှုကို စစ်ကောင်စီနှင့် AA တို့စစ်ဆေးနေ

"ကျွန်တော့်မှာက တူမချေတယောက် ဆုံးရှုံးသွားခဲ့တယ်။ကျနော်တို့ အဓိကဖြစ်ချင်တာက တရားခံကို အမြန်ဆုံးဖမ်းမိစေချင်ပါတယ်။ ဒီအမှုမပေါ် လိုက်ရင် နောင်လာနောင်သား သားသမီးတွေအတွက်လည်း မကောင်းဘူး။ အဲဒါကြောင့် ဒီအမှုတရားခံကို ပေါ်စေချင်ပါတယ်"

ရခိုင်ကမ်းရိုးတန်းအနီးတွင် အားကောင်းသောလေပွေလှိုင်းတခုဖြစ်ပေါ်နေသဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာနိုင်

"အခုကတော့ မိုးမရွာသေးဘူး။ဒါပေမဲ့ တောင်ဖက်အရပ်က လေပြင်းတိုက်ခတ်နေတယ်။ ကောင်းကင်ကလည်း တိမ်မဲတွေပြည့်နေပါတယ်။ မိုးသဲသဲမဲမဲရွာမယ့် ပုံစံဖြစ်နေပါတယ်"

အတတ်နိုင်ဆုံးထောက်ပံ့ခဲ့ပေမယ့် ထမင်းဟင်းပြတ်သွားလို့ မစားလိုက်ရတဲ့ စစ်ရှောင်တွေ ရှိနေ

"စစ်ဘေးရှောင်တွေ အတက်နိုင်ဆုံးတော့ ကျွန်တော်တို့ ကျွေးမွေးထောက်ပံ့ ပေးထားတာပေါ့ ဒါပေမယ့် မလောက်ငှပါဘူး တချို့ထမင်း၊ ဟင်း ပြတ်သွားလို့ မစားလိုက်ရတဲ့ စစ်ဘေးရှောင်တွေရှိတယ်ဗျ ဆန်အတွက်က ဖြစ်သလို လိုက်စုလို့ရပေမယ့် ဆီ၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်ကအစပေါ့ ဈေးအရမ်းကြီးနေတော့ ရသလောက်ပဲ အဆင်ပြေသလို လုပ်ကြရတော့ ဟင်းပြတ်လို့ ထမင်းဖြူနဲ့ မှန်ရောင်ဟင်းချိုပဲ စားလိုက်ရတဲ့သူတွေလည်းရှိပါတယ်"

ကျောက်တော်ဒေသခံအိမ်တအိမ်မှ ရွှေ ၁၀ ကျပ်သားနှင့် ပိုက်ဆံသိန်း ၁၀၀ ခိုးခံလိုက်ရ

"ကျမအမေဆုံးလို့ အဲဒီမှာနေနေတာ။ အမေအိမ်က ပြန်လာတော့ တံခါးတွေပွင့်လို့တွေ့ရတယ်။ အိမ်ပေါ်တက်လို့ သေတ္တာကိုကြည့်လိုက်တော့ ခတ်ထားတဲ့လက်ခုပ်သီးတွေ မရှိတော့ဘူး။ သေတ္တာလည်း ပွင့်လို့တွေ့ရတယ်။ ရွှေက ၁၀ ကျပ်သားကျော်တယ်။ ပိုက်ဆံကတော့ သိန်း ၁၀၀ ပါ။ သေတ္တာထဲမှာထည့်ထားတာ၊"

သားဖြစ်သူကို မတွေ့လို့ အသက်၇၀ကျော်အဖေဖြစ်သူကိုဖမ်းပြီး နေအိမ်ကိုချိတ်ပိတ်

" သူတို့က သားဖြစ်သူကို PDF အဖွဲ့ထဲကဆိုပြီး စွတ်စွဲပြီး ဖမ်းသွားတာ၊ မြို့သစ်ရဲစခန်းကို ဖမ်းသွားတယ်လို့ပဲ သိရတယ် ကျန်တာတော့ ဘာမှမသိရသေးဘူး"

၁၉နှစ်အရွယ်အိမ်အကူမိန်းကလေးအသတ်ခံရပြီး အိမ်ရှင်က စစ်ကောင်စီနဲ့ပေါင်းကာ အလောင်းဖျောက်ဖို့ကြိုးစား

“အရင် သုံးရက်လောက်ကတည်းက ရိုက်နှက်ခံနေရတဲ့ အသံတွေ ကြားနေရတာ၊ သူက အစကတည်းက အလောင်းကို လူမြင်မခံချင်တာလေ၊ Dead Body ထည့်တဲ့ အိတ်နဲ့ထည့်ထားတာ၊ နာကူက အခေါင်းရောက်တော့လည်း အိတ်လိုက်ပဲ ထည့်ထားတာ၊ အဲ့ကစပြီး မသင်္ကာကြတာ”

တကျော့ပြန်ဆန်စပါးပြဿနာနဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွါကြသူမျာ

"ဆန်ဈေးတွေက တရက်နဲ့တရက်မတူးဘူး။ ဒီနေ့ တအိတ်ကို ၆သောင်းဆိုရင်၊ မနက်ဖြန် ၇သောင်း ဖြစ်နေပါတယ်။ဒီလိုဈေးတက်နေလို့ အခြေခံလူ တန်းစားတွေ ဘယ်လိုလုပ်နပ်မှန်တော့မလဲ။ အလုပ်အကိုင်ကလည်း ရှားတယ်။ ဆက်လို့သာ ဈေးတွေမကျဘဲ ထိုးတက်နေမယ်ဆိုရင် လူတွေ ငတ်သေဖို့ကိန်း ဆိုက်ကျမယ်"

"တခါသေဘူး ပျဉ်ဖိုးနားလည်ကြပါ"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် "တခါသေဘူး ပျဉ်ဖိုးနားလည်ကြပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10