Danger

ကား၊ ဆိုင်ကယ်တွေကို ငွေတောင်းနေတဲ့စစ်အုပ်စု အလစ်ဝင်ပစ်ခံရလို့ ၂ ဦးခန့် သေဆုံးဟုဆို(ရုပ်/သံ)

“၃ ယောက်ရှိတာကို ၂ ယောက်ကမှန်ပြီးတော့ နေရာမှာတင်လဲကျပြီး သေဆုံးသွားတယ်၊ ကျနော်တို့ ပစ်နေချိန်မှာ ၂ ယောက်ကတော့ ပြန်မပစ်နိုင်ဘူး၊ တယောက်ကတော့ ကျနော်တို့ တော်တော်လေးဝေးတဲ့နေရာရောက်မှ သေနတ်နဲ့ပြန်ပစ်တယ်"

ထီးလင်းနယ်က ရွာပေါင်း ၂၀ ကျော်မှာ မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေရှိ

“ထီးလင်းမြို့နယ်အတွင်းမှာ အိုင်းမပြင်မှာ(ဒေသခံတွေ တိမ်းရှောင်နေတဲ့နေရာ) ယာယီတဲထိုးပြီး စစ်ဘေးရှောင်နေကြတဲ့ အိုင်းမပြင်ကြီးတခုလုံး ရေမြုပ်သွားတဲ့အတွက် တဲ ၁၀၀ လောက်နဲ့ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေ ရေထဲမျောပါကာ ပျက်စီးဆုံးရှုံးခဲ့ရတယ်”

မုံရွာ GTC မှာ ကင်းစောင့်နေတဲ့ စစ်သားတွေ ပစ်ခံရလို့ ၃ ဦး သေဆုံးဟုဆို

"ကျနော်တို့အနေနဲ့ GTC ကျောင်းကိုလုပ်ဖို့ဟာ ၃ ရက်ကြာခဲ့တယ်။ ပထမနေ့မှာ ကျနော်တို့ ဝင်ရောက်ပစ်ခတ်မှုမရခဲ့ဘူး။ ဒုတိယနေ့မှာလည်း ပစ်ခတ်လို့မရခဲ့ဘူး။ ၃ ရက်မြောက်တဲ့နေ့မှာပဲ ကျနော်တို့ရဲဘော်တွေ ဝင်ရောက်ပစ်ခတ်နိုင်ခဲ့တယ်။ ရဲဘော်တွေ ၂ ယောက်ထဲတက်ပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာ။ ခွေးတွေဘန်ကာထဲဝင်တဲ့အချိန်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာ။"

စစ်တပ်အထိုင်ချထားတဲ့ သရက်တောရဲစခန်း ဝင်စီးခံရလို့ ဗိုလ်မှူး ၁ ဦးအပါ ၁၂ ဦး သေဆုံးဟုဆို (ရုပ်/သံ)

"တိုက်ပွဲအတွင်းမှာပဲ စစ်ကောင်စီဘက်က ၁၀ ယောက်သေတယ်၊ ဗိုလ်မှူးနဲ့ တပ်ကြပ် ဒဏ်ရာရတယ်၊ အဲဒီ ဗိုလ်မှူးနဲ့တပ်ကြပ်က မကွေးစစ်ဆေးရုံရောက်မှာ သေသွားတယ်၊ စုစုပေါင်း ရန်သူ့ဘက်က ၁၂ ဦးသေတယ်" လို့ ပြောပါတယ်။

ဆင်ဖြူကျွန်းမှာ ရေကြီးရေလျှံပြီး ကူညီမယ့်သူမရှိလို့ ပြည်သူ အချင်းချင်းပြန်ကူနေရ

မေလ ၁၃ ရက်ကတည်းက မိုးဆက်တိုက်ရွာနေတာဖြစ်ပြီး ဒီနေ့ညနေ ၄ နာရီလောက်ကမှ စလင်းချောင်း ရေလျှံလာတာဖြစ်ပါတယ်။ ရေမြှုပ်သွားတဲ့ရပ်ကွက်ကလူတွေကို ပြည်သူအချင်းချင်းက ပြန်ကူညီကာ ရေဘေးလွတ်ရာကို ကယ်ထုတ်နေကြရပါတယ်။ မိုးဆက်လက်ရွာသွန်းနေသလို စလင်းချောင်းရေဟာ ညဘက်မှာ ဆက်လက်မြင့်တက်လာဖို့ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။

ရဲစခန်းကိုပြန်လာတဲ့ ရဲတွေ လမ်းမှာစောင့်ပစ်ခံရလို့ စခန်းမှူးအပါ ၃ ဦး သေဆုံး

“သူတို့ဘက်က ဆိုင်ကယ် ၂ စီး နဲ့ ၄ ယောက်ထွက်လာတာ၊ ကျနော်တို့ဘက်က ၅ ယောက်နဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ။ သူတို့က လက်ပစ်ဗုံးနဲ့ပစ်လို့ ရဲဘော် ၁ ယောက် အထိအခိုက်ရှိလို့ ဆုတ်ခွာခဲ့ရတယ်၊ ကျနော်တို့ဂန်း(သေနတ်)မကောက်နိုင်ခဲ့ဘူး” လို့ ပြောပါတယ်။

မြိုင်နယ်အတွင်း စစ်ကြောင်းထိုးလို့ မိုးရေထဲထွက်ပြေးနေရတဲ့ဒေသခံ ၄၀၀၀ ကျော်ကို MVRF ကယ်ထုတ်ခဲ့ရ

“ကံကြီးတောကိုစစ်ကြောင်းထိုးမှာ သတင်းကြိုရလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြိုတင်စောင့်ဆိုင်းတဲ့အချိန် ထိတွေ့မှုဖြစ်တယ်။ အဲ့ဒီနောက်မှာ စကစတပ်တွေက ဆက်လက်စစ်ကြောင်းထိုးလာလို့ ရွာသူရွာသားတွေကို ဘေးလွတ်ရာကို ပို့ဆောင်နိုင်ခဲ့တယ်”

တောင်တွင်းကြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသမီး ၂ ဦးဖမ်းဆီးခံရပြီး အဆက်သွယ်ပြတ်နေ

"လွှတ်တော်ကိုယ်စားလှယ်ဖမ်းဆီးခံရပြီး ရန်ကုန်က အမျိုးတော်စပ်တဲ့ အမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးပါတယ်။ အင်းစိန်မြို့မရဲစခန်းကို သွားရောက်စုံစမ်းတော့လည်း သူတို့ဆီမှာမရှိလို့ သူတို့လည်းမသိဘူး၊ နောက်တပတ်လောက်နေရင်တော့ သိနိုင်တယ်လို့ အဲဒီစခန်း တာဝန်ရှိသူတဦးက ပြန်ပြောလိုက်တယ်"

မုံရွာ စီးပွားရေးတက္ကသိုလ်ဝန်းက ကင်းသမားတွေပစ်ခံရလို့ ၂ဦးသေဆုံး( ရုပ်/သံ)

"ထိခိုက်သေဆုံးတာက ရဲဘော်တွေမြင်ခဲ့တာနဲ့ အနီးအနားက ကင်းသမားတွေပြောပြချက်အရ ၂ ကောင်သေတယ်"

စလင်း၊ သရက်တောရဲစခန်း စီးနင်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၅ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ

“RPG တွေ၊ လက်နက်ငယ်တွေနဲ့ပစ်ပြီးတော့ စခန်းထဲအထိဝင်တာ။ သူတို့ဘက်က ပြန်မပစ်တော့ဘဲ လုံးဝငြိမ်သွားတဲ့အချိန် စခန်းသိမ်းနိုင်တယ်ဆိုပြီး ရှင်းလင်းရေးတက်လုပ်တာ။ အောက်ထပ်အကုန်လုံး ရှင်းလင်းရေးလုပ်ပြီး အပေါ်ထပ်ကိုအတက်မှာ ဒေါင့်ခန်းကကျန်နေတဲ့ ၁ ကောင်ကပစ်လို့ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ခဲ့တာ”

မြင်းမူမှာ မိုင်းရှင်းတဲ့ယာဥ်တန်းနဲ့ ကြေးနီသယ်တဲ့ကားတွေမိုင်းဆွဲခံရ( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာနဲ့ ဝမ်းပြည့်ကျေးရွာအကြားမှာ မိုင်းရှင်းဖို့ ရှေ့ပြေးလာတဲ့ ကားတွေနဲ့ ကြေးနီသယ်လာတဲ့ ကားတွေကို မိုင်း ၃ကြိမ်ဆွဲပြီးတိုက်ခိုက်ခဲ့တယ်

အရာရှိလမ်းကြောင်းရဲ့ ကင်းပုန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ ၁ဦးသေ ၂ဦးဒဏ်ရာရ

"ဒရုန်းသုံးပြီး အီနာဂါဗုံးသီး ၃ လုံးနဲ့ မနက် ၈ နာရီကျော်လောက်မှာ ချတာ။ လမ်းမှာ အရာရှိကား ၂ စီးဖြတ်မှာကို ကန်တော်ရွာအနားမှာ ကင်းပုန်းယူကြတာ၊ ပျူ ၁ ကောင်သေပြီး စစ်** ၂ ကောင်ဒဏ်ရာရတယ်"

ခရီးသွားကားတွေကို ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စု ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၆ ဦးသေဆုံးဟုဆို

“ပိုက်ဆံကောက်ဖို့ ၁၅ ယောက်စုနေတဲ့နေရာကို အပြင်းစား ဗုံးသီး ၂ လုံးကျပြီး မျက်မြင်တွေရဲ့ပြောပြချက်အရ ၁၃ ကောင်လဲသွားပြီး၊ ၆ ကောင်သေ ၇ ကောင် ဒဏ်ရာရတယ်”

ဒတရ - ၆၀၃ က စစ်သားတဦးကို PDF က အရှင်ဖမ်းဆီး

“သူက ကျနော်တို့ဂိတ်ရဲ့အရှေ့ဘက်ကို ကင်းပုန်းလာဝပ်တာ၊ မသင်္ကာလို့ သူ့ကိုဝိုင်းထားပြီး ဖမ်းလိုက်တာ၊ သူကလည်း စစ်*ဖြစ်ကြောင်း ဖော်ပါတယ်၊ သူက အရပ်သားပုံစံမျိုးနဲ့လာတာ၊ ကျနော်တို့က ဂန်းတွေနဲ့ချိန်တဲ့အခါမှာ သူကနေပြီးတော့ မင်းတို့ငါ့ကို ဘာကြောင့်ဖမ်းတာလည်း ပြောတယ်၊ ကျနော်တို့က စစ်*မှန်းလည်းမသိဘူး၊ ဖမ်းပြီး ကျနော်တို့စခန်းရောက်မှ စစ်ဆေးကြည့်မှ သူက စစ်*ဖြစ်မှန်းသိတာ”

မုံရွာ မန္တလေးလမ်းပေါ်မှာ စစ်လက်နက်ယာဉ်တန်း အကြိမ်ကြိမ်တိုက်ခိုက်ခံရလို့ အနည်းဆုံး ၆ဦးသေဆုံး( ရုပ်/သံ)

မုံရွာ နမခကိုသွားမယ့် စစ်ကောင်စီရဲ့ စစ်လက်နက်တွေသယ်လာတဲ့ ယာဉ်တန်းဟာ စစ်ကိုင်းတိုင်း မုံရွာ မန္တလေးလမ်းပေါ်မှာ အကြိမ်ကြိမ်တိုက်ခိုက်ခံရလို့ အနည်းဆုံး ၆ဦးသေဆုံးပြီး ကား ၃စီး ပျက်စီးခဲ့တယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10