သတင်း

စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

ရွှေဘိုမြို့နယ်ကနေ ဝက်လက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးဖို့ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အောက်တိုဘာ ၁၅ ရက် မနေ့က ရွှေဘိုမြို့မုဒ်ပေါက်ကနေပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ယင်းမာကျေးရွာထဲကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး အသက် ၁၈ နှစ်အရွယ် ကိုစိုးညီဝင်းကို ကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။

နွယ်နီရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုသမီးတဦးကို စစ်တပ်က ပစ်သတ်

“သူက စိတ်ကျန်းမာရေးမကောင်းတဲ့သူဆိုတော့ စစ်ကောင်စီတွေမေးတာကိုမဖြေလို့ သတ်သွားတာနေမှာ။ ကျမရဲ့ ဖုန်းတွေပါယူသွားတယ်။ ကျမလည်း ခြေထောက်မကောင်းတော့ ထွက်မပြေးဘူး။ ရွာထဲမှာပဲ ကျန်ခဲ့တယ်”

ရေစကြိုမှာ စစ်မှုထမ်းဟောင်းရုံးနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ဒရုန်းနဲ့ဗုံးသီးချခံရ

"ပထမအကြိမ်က စစ်မှုထမ်းဟောင်းရုံးကို ချတယ်။ နောက်တကြိမ်က စကစ တပ်စွဲနေရာကိုချတာ။ ဆိပ်ကမ်းမှာက သူတို့လာပြီးကတည်းက အရပ်သားတွေကို မလာခိုင်းတာဆိုတော့ အရပ်သားမရှိဘူး။"

မြင်းမူက စစ်အုပ်စခန်းကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက် (ရုပ်/သံ)

တိုက်ခိုက်ချိန်မှာ အပြင်မှာရောက်နေတဲ့ စစ်**တွေလည်းအဆောင်တွေထဲကို အလုအယက် ဝင်ပြေးသွားတာကိုမြင်ရတယ်လို့ GTR - MMUရဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ခင်ဦးမှာ စစ်တပ်ကစစ်ကြောင်းထိုးပြီး ရွာခံအမျိုးသားတဦးကို ပစ်သတ်၊ လူသောင်းနဲ့ချီထွက်ပြေးနေရ

" သာမန်စစ်ရှောင် ပြည်သူပါ။ စစ်ကြောင်းမရှိတော့ဘူးဆိုပြီး ပြန်ဝင်တာထင်ပါတယ်။ မနက်က ရွာသားတွေ ရွာထဲပြန်ဝင်တဲ့အချိန်မှာ အလောင်းကိုပြန်တွေ့ရတာပါ "

အင်းတော်မှာ PDF စစ်တိုင်းထောက်ပို့တာဝန်ခံကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

"ကမ်းနီရွာနားမှာ စကစစွန့်ပစ်ခဲ့တဲ့အလောင်းကို သေချာစစ်ကြည့်လိုက်တော့ ကိုသိန်းဇော်ဦးဖြစ်နေတယ်။ သူ့က လက်ပြန်ကြိုးတုတ်ခံရပြီးတော့ ဓားထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ"

မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့ဖို့ တော်လှန်အနုပညာနဲ့ ရံပုံငွေရှာဖွေနေ (ရုပ်\သံ)

မေလလယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှိ့ဖျက်ဆီးခဲ့တာကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ရှောင်နေရတဲ့ ညောင်ပင်ကြီးကျေးရွာနဲ့အနီးနားက မီးဘေးသင့် ပြည်သူတွေ စားဝတ်နေရေးပြေလည်စေဖို့အတွက် ထောက်ပံ့ပေးဖို့ ရံပုံငွေရှာဖွေနေတာလို့ ဆိုပါတယ်။

ရေလယ်ကျွန်းရွာတိုက်ပွဲမှာ ၁၇ နှစ်အရွယ် PDF တဦးကျဆုံး (ရုပ်/သံ)

စစ်ကြောင်းတွေရှုပ်နေတာကြောင့် ရဲဘော်ရဲ့ ဈာပနကို အောက်တိုဘာလ ၁၄ ရက် မနက် ၇ နာရီမှာ စခခန်းမှာပဲ အကျဉ်းချုံးကာ ဘုန်းကြီး ၄ ပါးပင့်ပြီး ရေစက်ချတရားနာ မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ Myingyan Black Tiger (MBT) ဆီက သိရပါတယ်။

ရေလယ်ကျွန်းရွာတိုက်ပွဲမှာ ၁၇ နှစ်အရွယ် PDF တဦးကျဆုံး (ရုပ်\သံ)

စစ်ကြောင်းတွေရှုပ်နေတာကြောင့် ရဲဘော်ရဲ့ ဈာပနကို အောက်တိုဘာလ ၁၄ ရက် မနက် ၇ နာရီမှာ စခခန်းမှာပဲ အကျဉ်းချုံးကာ ဘုန်းကြီး ၄ ပါးပင့်ပြီး ရေစက်ချတရားနာ မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ Myingyan Black Tiger (MBT) ဆီက သိရပါတယ်။

ပဲခူးက ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေ ပိတ်သိမ်း

"ပိတ်ခိုင်းတာကတော့ မနေ့ကတည်းကပါ။ အချိူ့စခန်းလေးတွေက လူကျန်နေသေးတော့ ဒီနေ့ အကုန်ပြန်ပြီဆိုတော့ ကယ်ဆယ်ရေးစခန်းတွေမှာ လူကုန်ပါပြီ"လို့ လူမှုကူညီရေး အသင်းဝင်တဦးက ပြောပါတယ်။

ရဲဒုတပ်ကြပ်အပါ ၂ ဦးကို ရေစကြိုပကဖ ဖမ်းဆီး၊ ပြန်ခုခံလို့ပစ်ခတ်ရာ ဒုတပ်ကြပ်သေဆုံး

“ဒီကောင်တွေကို ဆိုင်ကယ်ပေါ်တင်တာမှာ ကျနော်တို့ဆီက လက်နက်လုပြီး ပြန်လည်ခုခံတဲ့အတွက်ကြောင့် ၂ ယောက်လုံးကို ပစ်ခတ်ရှင်းလင်းတာ၊ တယောက်ကတော့ ဒဏ်ရာနဲ့ထွက်ပြေး လွတ်မြောက်သွားတယ်”

ခမရ ၁၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင် ကချင်ပြည်နယ်မှာ တိုက်ပွဲကျသေဆုံး

“ ၁၀၃ တပ်ရင်းမှူး တိုက်ပွဲကျတယ်ဆိုတာပဲ သိရတယ်။ အခု ရှေ့တန်းကွပ်ကဲမှုတွေက သူ့တပ်မနဲ့ သူ့တပ်ရင်းနဲ့မဟုတ်တော့ မူလတပ်မက ဖြစ်စဉ်အသေးစိတ်မသိရဘူး။ သေတယ်ဆိုတာလောက်ပဲ သိရတယ် “

စစ်အုပ်စု စစ်ကြောင်းထိုးလို့ ဒေသခံ ၅ ထောင်ကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ ၅ ထောင်ကျော် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူတွေပို့ပေးတဲ့ ထမင်းထုပ်စားပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ဆုံရာ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးအဖွဲ့တို့ ၂ ရက်တာ တိုက်ပွဲဖြစ်ခဲ့ကြတာပါ။ အဲ့ဒီတိုက်ပွဲမှာ ရှေ့တန်းရောက်ရဲဘော်တွေကို ဒေသခံပြည်သူတွေက ကျွတ်ကျွတ်အိတ်နဲ့ ထုပ်ထားတဲ့ ထမင်းထုပ်အချို့ လာပို့ပေးခဲ့ကြပါတယ်။

ရေလယ်ကျွန်းနယ် နှစ်ရက်ဆက်တိုက်ပွဲ စစ်သားနဲ့ပျူစောထီး အများအပြားသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10