သတင်း

ရေဦးမှာ ချောင်းရေမြင့်တက်လို့ ကျေးရွာတွေထဲ ရေဝင်

လက်ရှိမှာ ဒေသခံတွေစားနပ်ရိက္ခာ အခက်အခဲကြုံနေရပြီး ထောက်ပံ့ကူညီရေးအဖွဲ့တွေ မလာနိုင်သေးတာကြောင့် ရွာသားအချင်းချင်းကပဲ ကူညီပေးနေရတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့၀င်တဦးက ပြောပါတယ်။

မြင်းခြံက စစ်တပ်သတင်းပေးဆိုသူ ၂ ဦး ရှင်းလင်းခံရ

"သူတို့က စကစ သတင်းပေးဒလန်လုပ်နေလို့ သူတို့နေအိမ်တွေမှာ ဝင်ရှင်းခဲ့တယ်။ နေအိမ်မတူလို့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ရှင်းခဲ့တာပါ။ ရှင်းတဲ့အချိန်မှာ သူတို့မိသားစုဝင်တွေရှိနေပေမယ့် ဘာမှ မလုပ်ခဲ့ဘူး"

ထီးချိုင့်နယ်မှာ စစ်တပ်နဲ့ PDF ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်

“ထိတွေ့ပစ်ခတ်မှုပြီးမှ လေယာဉ်နဲ့ လာပစ်တာပါ။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာတွေတော့ မရှိပါဘူး။ ”

စစ်ကိုင်းမြို့နယ် လင်းတလူးရွာက ဒေသခံ ၂ ဦးကို ပျူစောထီးတွေ ပစ်သတ်

"ကြွယ်ပုံရွာ အဝင်လမ်းကို မိုင်းဖော်တာနေမှာပေါ့။ မိုင်းတွင်းနား မိုင်းဖော်ရင်း တွေ့တဲ့လူသတ်သွားတဲ့ပုံစံပါ"

မုန်းနယ်မှာ ရေဘေးကြောင့် မိုးစပါစိုက်ဧက ၂၀၀၀ ကျော်ပျက်စီး

"ခုလိုဖြစ်လာတော့ တောင်သူတွေမှာ စားဝတ်နေရေးခက်ခဲသွားမှာ အမှန်ပဲ။ တနှစ်လုံးပင်ပန်းထားသမျှ အဖက်မတင်ဖြစ်သွားတာ။"

အုတ်တွင်းမြို့လယ်ခေါင် ဓါးပြမှုမှာပါဝင်သူ ၃ ဦး KTV မှာ ဖမ်းမိ၊ ၁ ဦး လွတ်မြောက်နေ

"အိမ်မှာ လင်မယား နှစ်ယောက်တည်းရှိတဲ့အချိန် ဓားပြတွေကဝင်လာပြီး မိန်းမကို လက်ပြန်ကြိုးတုပ်ပြီး အမျိုးသားကို လည်ပင်းဓားထောက်ပြီး လုသွားတာ"

ပုလဲမြို့နယ်၊ ကံကြီးရွာက အမျိုးသားတဦးကို စစ်တပ်သတ်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုး

"ကိုစိုးထွန်းက အခုကြောင်နေတယ်။ ဘာမှမေးမရဘူး။ ဦးချစ်အောင်ကို နားထင်တေ့ပစ်ထားတာ။ မနေ့က စစ်ကြောင်းရှိနေလို့ အလောင်းမယူရဘူး။ ဒီနေ့ သင်္ဂြိုဟ်လိုက်တယ်"

စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာပကဖစခန်းတခုကို မီးရှို့၊ ဒေသခံထောင်ချီ ထွက်ပြေးနေရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၁၃ ရက် ဒီမနက် ၃ နာရီလောက်ကစပြီး ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးကာ ကျေးရွာပြည်သူ့ကာကွယ်ရေး စခန်းတခုကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ခေါင်းခွဲရွာက နေအိမ် ၂၀ နီးပါးကို စစ်တပ်က မီးရှို့ (ရုပ်/သံ)

ကျောက်ရစ်ကျေးရွာကနေ အင်အား ၅၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဆည်ရွာနဲ့ ခေါင်းခွဲရွာကြားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီးတဲ့နောက် ခေါင်းခွဲရွာထဲဝင်ပြီး မီးရှို့ခဲ့တာပါ။

ဆောနယ်မှာ ကျောင်းထိုင်ဘုန်းကြီးကားကို စစ်ကောင်စီက မီးရှို့ပြီး အမျိုးသား ၃ ဦးကို ဖမ်းထား

“ဖမ်းခံရတာက ချင်းတိုင်းရင်းသား ၂ ယောက်နဲ့ တေးရွာသား ၂ ယောက်ပါ။ ဘာလို့တဦးကိုပဲ ပြန်လွှတ်လဲဆိုတာကိုတော့ ကျနော်တို့လည်း မသိပါဘူး။ ပြန်လွှတ်ပေးလိုက်တဲ့ သူကိုရိုက်နှက်ထား တာမျိုးတွေ မရှိပေမဲ့လည်း မျက်စိကိုတော့ အဝတ်နဲ့ စည်းပြီးပြန်လွှတ်ခဲ့တယ်”

မိုင်းမတော်တဆမှုကြောင့် ဒဏ်ရာရခဲ့တဲ့ရဲဘော် အရေးပေါ်ဆေးကုသစရိတ်လိုအပ်

စစ်ကောင်စီနဲ့တိုက်ပွဲအတွင်း မိုင်းမတော်တဆမှုကြောင့် ဒဏ်ရာရခဲ့တဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် Myaing Underground Force - MUGDF က ရဲဘော်တဦး အရေးပေါ်ဆေးကုသစရိတ် လိုအပ်နေတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ပဲခူးရေကြီးလို့ တောင်သူတွေ မျိုးစပါးတောင် ပြန်မရမယ့်အခြေနေနဲ့ ကြုံနေရ

"ခုလိုရက်ရှည်ရေမြုပ်တော့ စပါးတွေ ပြန်ရဖို့ မရှိတော့ဘူး။ ဒီမိုးတွင်းမှာပဲ နှစ်ကြိမ်ဆုံးရှုံးသွားပြီး။ သားအဖ ၃ ယောက် ဧက ၈၀ အတွက် သိန်း ၁၂၀ ကျော်ရင်းထားရတာ။ နောက်ဆုံး အကြိမ်လေးကို အားခဲထားတာ ခုလိုဖြစ် သွားတော့ အကြွေးတင်ပြီ"

မုန်းမှာ ရေဘေးသင့်ပြည်သူ ၈၀၀၀ အကူအညီလိုအပ်နေ

"ရေက ရွာတွေထဲမှာ ၂ ပေကနေ ၄ ပေကျော်လောက် တက်နေတာ။ ၁၂ ရက်နေ့ထိ ရေက နည်းနည်းပဲ ပြန်ကျသေးတာ။ အကူအညီလိုနေတာရှိတယ်"

တော်လှန်ရေးသွေးမအေးဖို့ တော်လှန်ရေးရုပ်ရှင်တွေ ပြသနေ (ရုပ်/သံ)

" စကစ ရဲ့လုပ်ရပ်တွေကြောင့် ပြည်သူတွေက အထိနာနေပါတယ်။ ပြည်သူတွေကို အားပေးစကား ပြောရင်း ပြသရတာပါ"

၂ ရက်အတွင်း မိုင်း ၄ ကြိမ်ဆွဲခံရလို့ စစ်ကောင်စီဘက်က ၂ ဦးသေပြီး ထိခိုက်သူများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာနဲ့ စိုင်းနိုင်ကြီးကျေးရွာအကြားမှာ ၂ ရက်အတွင်း မိုင်း ၄ ကြိမ်ဆွဲခံရလို့ စစ်ကောင်စီဘက်က ၂ ဦးသေပြီး ထိခိုက်သူများတယ်လို့ Buffalo Soldiers Freedom Force အဖွဲ့ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10