မိုင်းခွဲခံရတဲ့ဓါတ်တိုင်တွေ လာပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ဗုံးချခံရလို့ ၁ ဦးသေဆုံးဟုဆို
"ပြီးခဲ့ရက်ပိုင်းက ပေါင်မြောင်းတံတားကမီးတိုင်မိုင်းကွဲထားတာကို လာပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ဗုံးချခံရတာပါ။ ဒီမနက်ဖြစ်တာပါဆို ၃ ခါရှိပြီ၊ မီးပြင်တဲ့အဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတာ။ အရင်ရက်တွေကတော့ လူမထိဘူး။ ဒီမနက်မှာ မီးလာပြင်တဲ့အဖွဲ့က လူတော့များတယ်။ လုံခြုံရေးလည်းပါတယ်။ ဒရုန်း ၂ စင်းနဲ့ ဗုံးလာချတာ"