သတင်းတို

မြဝတီကနေ ရန်ကုန်ကိုပို့မယ့် လက်နက်တွေ စစ်ကောင်စီဖမ်းဆီး

"နနွင်းအိတ်တွေထဲ ထည့်သယ်လာရာမှာ ဖမ်းမိတယ်လို့ သိရတယ်။ ယာဥ်ပေါ်မှာက အမျိုးသမီး ၁ ဦးနဲ့ ယာဥ်မောင်းပဲပါတယ်။ မနေ့မနက်ပိုင်းကလည်း ခရီးသည်တင်ယာဥ်တစီးပေါ်က လက်နက်တွေ အများကြီးမိသေးတယ်။ အဲ့ဒါကိုတော့ စကစ ဘက်ကသတင်းဖုံးထားတယ်”

ဝက်လက်ရဲစခန်း ဗုံးသီးချတိုက်ခိုက်ခံရပြီး အဆောက်အဦပျက်စီးမှုရှိ

ဇန်နဝါရီလ ၂၉ ရက် မနေ့က ညနေ ၄ နာရီလောက်က ရဲစခန်းထဲက လက်နက်ရုံကို ဗုံးသီး ၃ လုံးနဲ့ ရဲစခန်းတံခါးပေါက်က ဘန်ကာအနီးကို ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကျွန်းလှဘက်ကို စစ်တပ်အင်အား ၃၀၀ ကျော် ဝင်ရောက်၊ ဒေသခံ ၅,၀၀၀ ကျော် ဘေးကင်းရာကို ကြိုတင်ရွှေ့ပြောင်းနေရ

"အချို့ကျတော့ ပြင်ဆင်ပြီးအခြေနေကြည့်နေတယ်။ အချို့ရွာတွေကျတော့ သူတို့ထွက်လာတယ်ဆိုက တည်းကိုက ကြိုရှောင်နေကြရတယ်။ စကစဘက်ကလည်း တဖြည်းဖြည်းရွေ့လာနေတယ်။ မြိုပေါ်ရောက်ပြီးရင် ရွာတွေဘက်ကိုလည်း ရောက်လာနိုင်တယ်"

နတ်ရေတွင်းရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့၊ ၂ ကြိမ်ပေါင်း နေအိမ် ၃၈ လုံးပျက်စီး

“တိုက်ပွဲမရှိဘဲကို သပ်သပ်မီးလာရှို့တာ။ နတ်ရေတွင်းကို စစ်တပ်ကမီးရှို့တာ ဒါနဲ့ဆို ၂ ကြိမ်ရှိသွားပြီ”

အများသုံးလယ်မြေကို လုပ်ခွင့်မပေးတဲ့ ပကဖနဲ့ ပအဖကို တောင်သူ ၃၀၀ ကျော်က ဆန္ဒပြ (ရုပ်/သံ)

ယမန်နေ့ ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီလောက်က ဆန္ဒပြခဲ့တာဖြစ်ပြီး ရွာခံတောင်သူလယ်သမားတွေ အလှည့်ကျ မဲနှိုက် စိုက်ပျိုးလုပ်ကိုင်တဲ့ လယ် ၂၁ ဧကကို ကျေးရွာ ပကဖနဲ့ ပအဖတို့က မဲနှိုက်မပေးဘဲ တပ်ဖွဲ့ကလုပ်မယ်ဆိုပြီး သိမ်းယူတဲ့အတွက် ဆန္ဒပြကြရတာလို့ တောင်သူလယ်သမားတွေက ဆိုပါတယ်။

ရာထူးတိုးနဲ့လာတဲ့ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်ရဲ့ စစ်ရဟတ်ယာဉ် ပစ်ချခံရ

“ အဲဒီရဟတ်ယာဉ်က နေပြည်တော်ကလာတယ်လို့ သိရတယ်။ သင်္ကန်းညီနောင်မှာ ခနဆင်းပြီး လေယာဉ်ပြန်တက်တဲ့အချိန် စနိုက်ပါနဲ့ ပစ်တာ။ မောင်းတဲ့သူကိုထိပြီး ပျက်ကျတာ “

ပေါင်းတည်မြို့နယ်မှာ စစ်တပ်က အရပ်သား ၃ ဦးကို ဖမ်းဆီး

“သူတို့ ၃ ဦးစလုံးက နိုင်ငံရေးနဲ့ပတ်သက်မှု မရှိဘူး။ ကြားတာက သူတို့အမျိုးထဲမှာ PDF နဲ့ ဆက်နွယ်တဲ့ သူရှိတယ်ဆိုပြီး ဖမ်းသွားတာ။ ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရဘူး။ မိသားစုလည်း တွေ့ခွင့်မရဘူး“

ရေစကြိုမှာ လူမှုကူညီရေးအသင်းကား ၁ စီး ပစ်ခတ်မီးရှို့ခံရ

"အောက်ဆီဂျင်ကိစ္စနဲ့ ပခုက္ကူဘက်သွားပြီး ပြန်လာတာလို့ သိရတယ်။ ကားပဲ မှားပစ်ခံရတာလား။ ဘာကြောင့်လဲ ဆိုတာတော့ မသိရသေးဘူး"

ရေစကြို၊ ဆင်မရဲပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး စစ်အုပ်စု ၁၀ ဦးထက်မနည်းသေဆုံး

" ဒီဘက်က အင်အားအလုံးအရင်းနဲ့ဝင်တော့ စကစတွေဘက်က ရေရှည်တင်းမခံနိုင်ဘဲ ထွက်ပြေးကုန်တယ်။ စကစနဲ့ပျူတွေ သေဆုံးတာတော့ ရှိတယ်"

ရေနံချောင်းက အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

“ကျနော်သိရတာကတော့ သူ့အိမ်ကနေထွက်အလာ အိမ်ရှေ့မလှမ်းမကမ်းမှာ သေနတ်နဲ့ ပစ်သတ်သွားတာ”

စစ်ရေးအခြေအနေကြောင့် ဝက်လက်-ရွှေဘိုကားလမ်း ဆက်လက်ပိတ်ထား (ရုပ်/သံ)

စစ်အုပ်စုက ဇန်နဝါရီ ၂၃ ရက်မှာ ရွှေဘိုမြို့ဘက်ကနေ စစ်ကား ၁၃ စီးနဲ့ ဆင်းလာပြီး ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့မှာ အထိုင်ချထားတဲ့တပ်ဆီကို ရောက်လာတာဖြစ်လို့ ဒီကားတွေပြန်ထွက်ရင် တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေကြောင့် ကားလမ်းကိုပိတ်ထားတာလို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးကပြောပါတယ်။

မံစီမြို့နယ်က သိမ်းပိုက်နယ်မြေတွေကို KIA စစ်ဦးစီးချုပ်နဲ့ NUG ကာကွယ်ရေးဝန်ကြီးတို့ လှည့်လည်စစ်ဆေး

ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်းက စစ်ကောင်စီစခန်းကုန်းနေရာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူနဲ့ KIA တာဝန်ရှိသူတွေ လှည့်လည်စစ်ဆေးခဲ့ကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက် ဒီနေ့မှာထုတ်ပြန်လာပါတယ်။

မဘိမ်းမြို့ကို တော်လှန်ရေးတပ်တွေဆက်ထိန်းချုပ် ထွက်ပြေးတဲ့ စကစတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိ (ရုပ်/သံ)

“တိုက်ပွဲဖြစ်ရင်းနဲ့ ထွက်ပြေးတဲ့သူတွေရော သိမ်းပြီးနောက်ပိုင်းမှ ထွက်ပြေးတဲ့သူတွေရော လိုက်ဖမ်းနေတယ်။ လိုက်ဖမ်းရင်း ထိတွေ့မှုဖြစ်တဲ့ ပုံစံမျိုးဖြစ်တာတွေရှိတယ်။ ထပ်မံဖမ်းဆီးရမိထားတာတွေ ရှိပါတယ်၊ အသေးစိတ်အခြေအနေတွေတော့ ပြောဖို့အဆင်မပြေသေးတာပါ ”

ငါန်းဇွန်မှာ စစ်ကောင်စီကား ၂ စီးမိုင်းဆွဲခံရလို့ သေဆုံးမှုရှိ

“မိုင်းဆွဲလိုက်တာမှာ ကား ၂ စီးလုံးဆွဲမိတာ။ ကျနော်တို့က ပဒေသာစဉ်ထားတာ အတန်းလိုက်ကြီး။ မိုင်းတပွိုင့်ကို ၁၀ ပေလောက်ပဲကွာတာ။ မိုင်း ၁၅ လုံးအတန်းလိုက်ထောင်ထားတာ။ Light Truck ကားကတော့ လမ်းဘေးထိုးကျသွားတာ။”

ကန့်ဘလူမြို့ပေါ် ကို စစ်ကောင်စီနဲ့ ပျူစောထီး အင်အားရာကျော်ရောက်ရှိ တိုက်ပွဲပြင်းလာနိုင် (ရုပ်/သံ)

မနက်ပိုင်းမှာ ရွှေဘိုဘက်ကနေ စစ်ကားအများအပြားနဲ့ ရောက်ရှိလာပြီး မြို့လယ်ခေါင်မှာ ပျူစောထီးခေါင်းဆောင် ဦးဝါသဝအပါအဝင် စစ်တပ်ထောက်ခံသူတွေက ကြိုဆိုခဲ့ကြပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10