ကော့သောင်းဘက်ကလာတဲ့ စစ်ကူတွေ ကျောက်ကြီးကို စစ်ကြောင်းထိုးရမယ်ဆိုလို့ ၁၂ ဦးထွက်ပြေး
“ ကျောက်ကြီးကို အင်အားဖြည့်ဖို့ ကော့သောင်းကနေ ရန်ကုန်ကိုသင်္ဘောနဲ့တဆင့်၊ ရန်ကုန်ဆိပ်ကမ်းကနေ ကားတွေနဲ့ခေါ်လာပြီး ပဲခူးမှာ တညအိပ်နားပြီးတော့ တောင်ငူကို ၂၄ ရက်နေ့မနက်ပိုင်းက ရောက်လာတယ် ။ အဲ့ဒီညပိုင်းမှာပဲ ဖြူးနယ်ထဲကို စစ်ကြောင်းထွက်ရတဲ့အချိန်ထွက်ပြေးကြတာ။ ထွက်ပြေးတာက တောင်ငူနဲ့ဖြူးကြားမှာလို့ သိရတယ် ”