သတင်းတို

စစ်တပ်စစ်ဆေးရေးဂိတ် RC Plane လေယာဥ်ငယ်နဲ့ ဗုံးသီးချတိုက်ခိုက်ခံရ (ရုပ်/သံ)

"အဲ့ဒီစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတာကြာပြီ။ RC Plane လေယာဥ်ငယ်နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာ။ ဗုံးသီး ၆ လုံးလောက်ကြဲချနိုင်ခဲ့တယ်။ အဲ့ဒီစစ်ဆေးရေးဂိတ်ရဲ့ ဘန်ကာဘေးကျတယ်။ ဘန်ကာရှေ့တွေလည်းကျတယ်။ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းလို့မရသေးဘူး"

ပုလဲ-ဂန့်ဂေါကားလမ်းမှာ မြေပြိုမှုကြောင့် သွားလာရခက်ခဲနေလို့ တော်လှန်ရေးအဖွဲ့တွေက ဝိုင်းကူပေး

"တောင်ပေါ်လမ်းဆိုတော့ မိုးများလို့ အနိမ့်ပိုင်းရေဝင်ပြီး တအိအိနဲ့ပြိုကျကုန်တာပါ။ မနေ့က သွားလို့မရတဲ့အထိ ဖြစ်သွားတယ်။ မြေကျွံပြီးနစ်နေတဲ့ ကားတွေလည်း ရှေ့ကဆွဲနောက်ကတွန်းနဲ့ ခက်ခက်ခဲခဲ ဝိုင်းလုပ်ကြရတယ် "

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ချီတက်ဆန္ဒပြ (Photo news)

စက်တင်ဘာလ ၉ ရက် ဒီနေ့ မနက်ပိုင်းမှာ “Our Ambassador - Our Voice၊ ငါတို့သံအမတ် - ငါတို့အသံ” စာသားပါဘန်နာကိုင်စွဲပြီး ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ရေနံလုပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၂ ဦးသေ(ရုပ်/သံ)

“အထဲထိဝင်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ သူတို့ဘက်က ဗိုလ်လို့ယူဆရတဲ့သူက ရေချိုးဆင်းလာတယ်။ အဲ့မှာရန်သူက ကျတော်တို့ ရဲဘော်တွေကို သူတို့ရဲဘော်ထင်ပြီး ဘာလုပ်နေကြတာလဲ လှမ်းမေးတဲ့အချိန်မှာ စပစ်တာပေါ့။ မလှမ်းမကမ်းမှာရှိတဲ့ စကစ နောက်တယောက်က ရန်သူ ရန်သူဆိုပြီးအော်တယ်။ အဲ့ရဲဘော်လည်း ရှင်းနိုင်တယ်၊ လက်နက်နဲ့ ချောက်ထဲပြုတ်ကျသွားတယ်။ လက်နက်တော့ မကောက်နိုင်ခဲ့ဘူး။”

စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိလို့ အမျိုးသားတဦးသေဆုံး

“အခုဆို ရွာသားတွေဟာ မြေပြင်ကိုတောင် ခြေမချရဲကြတော့ဘူး။ အခုထောင်ထားတဲ့ နင်းမိုင်းကလည်း သူတို့ လက်လုပ်ဆင်ထားတဲ့နင်းမိုင်း တော်တော်ကြီးတာ။ ကလေးက ထိထိချင်း ခြေတဖက်ပြတ်သွားတယ်။ အူတွေပါ ထွက်ကုန်တာ”

စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၂ ကြိမ် တိုက်ခိုက်ခံရပြီး ၂ ဦးသေ ၃ ဦးဒဏ်ရာရ

"ညပိုင်းမှာက ဒရုန်းနဲ့အရင် တိုက်ခိုက်တယ်။ မနက်ပိုင်းမှာ သွားပစ်တာပါ။ ညပိုင်း ဒရုန်းမစ်ရှင်မှာ စကစဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်။ မနက်ပိုင်း အခြေအနေတော့ မသိရသေးဘူး"

မုံရွာထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁၀ ဦးကျော် အစာငတ်ခံဆန္ဒပြ

"အကျဥ်းသားတွေကို အကျဥ်းထောင်ကနေ အသုံးပြုခွင့်ပေးထားတဲ့ပစ္စည်းတွေကို လိုအပ်တာတွေထက် ပိုနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သိမ်းဆည်းသွားတယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဆန္ဒပြတာ ဖြစ်နိုင်တယ်"

ပေါက်ခေါင်းမှာ တပ်သတင်းပေးဆိုသူ အငြိမ်းစားတပ်အရာရှိ ၁ ဦး သေနတ်နဲ့ရှင်းလင်းခံရ

“ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေအပေါ် နည်းမျိုးစုံနဲ့ နှောင့်ယှက်၊ ဂုတ်သွေးစုပ်ဒုက္ခပေးခဲ့တယ် ။ စကစရဲ့ ဒေါက်တိုင်လုပ်နေလို့ ရှင်းလင်းခဲ့တာပါ။ သေနတ်နဲ့ ၂ ချက်ပစ်တာ နေရာတင်ပွဲချင်း ပြီးသေတယ် "

ရေတာရှည်တိုက်ပွဲ စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက် နှစ်ဖက်ထိခိုက်သေဆုံးရှိ

"စကစ စစ်ကြောင်းက တိုက်ပွဲမဖြစ်ခင် ၃ ရက်လောက်ကတည်းက ရောက်နေတာ။ တိုက်ပွဲက ၄၅ မိနစ်လောက်ဖြစ်သွားတယ်။ စကစဘက်က လေကြောင်းသုံးတိုက်ခိုက်တာတွေလုပ်လာလို့ ပြန်ဆုတ်ခဲ့ရတယ်"

မြစ်ရေတက်နေတဲ့ မြွေပုံကန်တောင်ရွာကို စစ်တပ်က ရေကြောင်းကလာပြီး မီးရှို့

မြွေပုံကန်တောင်ရွာမှာ မိုးတွင်းကာလရောက်ရင် မြစ်ရေတက်လေ့ရှိပြီး လက်ရှိအချိန်မှာလည်း ရွာပတ်ပတ်လည်မှာ ရေတက်နေကာ ဒီကြားထဲကမှ စစ်ကောင်စီတပ်သားတွေဟာ speed boat (ရှပ်ပြေး) ၊ သံခွန် (ကုန်တင်သင်္ဘောတွေ)နဲ့ ဝင်လာပြီး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ဝက်လက်မြို့နယ်ထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို PDF က ဒရုန်းနဲ့ ဗုံးကြဲလို့ သေဆုံးမှုရှိ

"စစ်ရှောင်တဲ့နွားလှည်းကို ချောဆွဲပြီး (ဒဏ်ရာရတဲ့သူတွေကို)သယ်သွားတာမှာ ပေါက်ကန်ဘူတာမှာ ၃ ဦး ထပ်သေတာ။ ကျန်တဲ့ **နာတွေကို ထန်းကြီးဘူတာကို ထပ်သယ်သွားပြီး အဲ့ကနေ ထန်းကြီးနဲ့ စစ်ကိုင်းကို လမ်းပြင်နေတဲ့ရထားနဲ့ စစ်ကိုင်းဘက်သယ်သွားတာ"

စစ်တပ်ပိုင် ရွှေမန်းသူ ခရီးသည်တင်ယာဉ် တိမ်းမှောက်လို့ ၁ ဦးသေ၊ ၂၃ ဦးထိခိုက်

"သေဆုံးက (မ) ၁ ဦး ၊ စိုးရိမ်ရ ၈ ဦးနဲ့ မစိုးရိမ်ရတဲ့ လူနာက ၁၅ ဦး၊ အားလုံး ၂၃ ဦးရှိပါတယ်"

မုံရွာထောင်မှ ရွှေ့ပြောင်းခံရတဲ့ နိုင်ကျဥ်း ၁၀၀ ကျော် အိုးဘိုထောင်အရောက်မှာ ရိုက်နှက်နှိပ်စက်ခံရ

"သူတို့ ပြောင်းရွှေ့လာတဲ့ကားတွေ လမ်းမှာ မိုင်းဆွဲခံရတဲ့ကိစ္စတွေရယ်၊ စကစဘက်ကတချို့ ကျသွားတာရယ် အဲ့ဒါတွေကို ဒေါသထွက်ပြီးတော့ ထောင်အာဏာပိုင်တွေက မင်းတို့ကြောင်းမို့ ဒီလိုဖြစ်တယ်လို့ပြောဆိုပြီး ဝင်လာသမျှ ကျား၊ မ မရွေးဘဲ ထောင်ဘူးဝထဲမှာပဲ ဝိုင်းပြီးရိုက်နှက်ကြတာ"

စဉ့်ကူမြို့နယ်က PDF ၃ ဦး စစ်တပ်ထံ အလင်းဝင်တဲ့သတင်း မမှန်ကန်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေပြော

စစ်ကောင်စီက ထုတ်ပြန်တဲ့သတင်းမှာတော့ အလင်းဝင်လာသူတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်နယ်မှ တာ၀န်ရှိသူတွေက စက်တင်ဘာ ၇ ရက် မနက်ပိုင်းမှာ အုပ်ထိန်းသူတွေကို ခေါ်ဆောင်ပြီး ပြန်လည်အပ်နှံမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းအလုံး ၂၀ ကျော်နဲ့ဆွဲခံရလို့ ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရ

"ကျနော်တို့ဘက်ကဆင်ထားတဲ့ မိုင်းကွင်းထဲကို ဝင်လာလို့ ဆွဲလိုက်တာ။ မိုင်းတွေက ငါးလုံးတတွဲ လေးလုံး တတွဲ အဲ့လိုဆင်ထားတာ"လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10