သတင်းတို

ပဲခူးအနောက်မှာ နှမ်းလှိုင်ချိန် ဈေးချဝယ်နေသော်လည်း နှမ်းဆီဈေး မြင့်တက်နေ

“ဈေးကောင်းမရလိုက်ဘူး၊ တတင်းကို ၁ သောင်းလောက်နာသွားတယ်၊ ပစ္စည်းလှိုင်လှိုင်ပေါ်ကာမှ ဈေးကျသွားတာ၊ ကိုယ်တိုင်နှမ်းစိုက်ပြီး နှမ်းရော ဆီ ၁ ပိဿာကို တသောင်းကျော် ပြန်ဝယ် စားနေရတယ်။ ကိုယ်ပြန်ပြီးဝယ်စားရမယ့် နှမ်းဆီဈေးကတော့ ခေါင်ခိုက်နေတယ်” လို့ ပေါက်ခေါင်းမြို့နယ်က နှမ်းစိုက်ပျိုးသူတဦးက ပြောပါတယ်။

စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည် ထိလို့ သားအဖ ၂ ဦးသေဆုံး

"အုတ်ဖြတ်တံတားဘက်ကနေ နေ့လယ်ပိုင်း လက်နက်ကြီးပစ်သံတွေ လေးငါးချက်လောက် ကြားရတယ်။ ခဏနေတော့ လေးအိမ်စုရွာထဲကို တလုံးကျတယ်လို့ သိရတယ်။ အိမ်ရှေ့မှာရှိနေတဲ့ သားအဖ ၂ ယောက် လက်နက်ကြီးမှန်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

အမှုစစ်ရာမှာ မလွဲမှားစေဖို့ ပုလဲမြို့နယ် ပလဖအဖွဲ့ဝင်တွေကို အမှုစစ်သင်တန်း ပြုလုပ်ပေး

ပြည်သူတွေရဲ့လုံခြုံရေးအတွက် အမှုကိစ္စတွေဖြစ်လာတဲ့အခါ တရားဥပဒနဲ့အညီ လုပ်ကိုင်နိုင်ဖို့နဲ့ မလွဲမှားဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ ရဲမှူးကိုယ်တိုင် မြေပြင်လာရောက်ပြီး သင်တန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

စုပေါင်းရုံးမှာတပ်စွဲထားတဲ့ စစ်အုပ်စု အနီးကပ်တိုက်ခိုက်ခံရလို့ ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"သေဆုံး ဒဏ်ရာရတာကိုတော့ ခိုင်မာတဲ့ ဖရဲသီးပြောလို့ အတည်ပြုနိုင်ခဲ့တာ။ ဒဏ်ရာရတဲ့ ၃ ကောင်ကတော့ ရေစကြိုဆေးရုံကြီးမှာ ဆေးကုသနေရတယ်" လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

မြောင်မှာ ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း လက်နက်မျှဝေ

"BHGF တပ်ဖွဲ့မှာ မောင်းပြန်တွေမရှိပါဘူး။ သူတို့စခန်း ဝင်စီးခံရတဲ့အချိန်တုန်းက လက်နက်ခဲယမ်းတွေ ဆုံးရှုံးသွားတယ်။ အဲ့ဒါကြောင့် သူတို့အဖွဲ့က အကူအညီတောင်းလာလို့ မျှဝေပေးဖြစ်တာပါ"

မင်းလှရှိ စစ်ကောင်စီတပ်စခန်းကို PDF တွေသိမ်းပိုက်

"အဲဒီမှာက သစ်တောကရယ် ရဲနဲ့ စစ်သားတွေ အထိုင်ချနေပြီးတော့ သစ်ခိုးထုတ်တာတွေကို ခွင့်ပြုပေးနေတာ။ အခွန်တွေကောက်ပြီး တောထဲတွေ့တဲ့ အရပ်သားတွေဆီက ပိုက်ဆံ‌တောင်းတာတွေ၊ ဖုန်းသိမ်းတာတွေ လုပ်နေတာကြောင့်သွားတိုက်ခိုက်တာပါ"လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) မှ ရဲဘော်တဦးက ပြောပါတယ်။

စစ်တပ်က စာသင်ကျောင်းကိုစီးနင်းလို့ ဆရာ၊ ဆရာမနဲ့ ကလေးတွေ ကျောင်းပိတ်ပြီးတိမ်းရှောင်နေရ

“စာသင်ကျောင်းကို ဝင်စီးဖို့လာတဲ့အခါ ကျောင်းသားတယောက်က မြင်လိုက်လို့ အကုန်ထွက်ပြေးလိုက်နိုင်တယ်၊ ခြေလျင်စစ်ကြောင်းဆိုရင် အသာလေးရှောင်တိမ်းလို့ရတာပေါ့၊ ခုကျ ကားနဲ့ ရောက်လာတော့ ကပ်ကာ လွဲကာ ရှောင်တိမ်းလိုက်ရတယ်၊ ခုလောလောဆယ်တော့ စာမသင်ဘဲ ရပ်ထားရတာပေါ့။”

ပိတ်ဆို့မှုတွေကြားထဲက စီးပွားရေးကို တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး ထပ်မံတိုးတက်မယ်လို့ ခန့် မှန်းကြောင်း စစ်ခေါင်းဆောင် ပြောပြန်

စစ်ခေါင်းဆောင်က တာဝန်ယူခဲ့တဲ့ ၂ နှစ်တာကာလအတွင်း နိုင်ငံအနေနဲ့ ထိုက်သင့်သလောက် တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်ခဲ့လို့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။

တကောင်းမြို့မရဲစခန်းက ရဲတပ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

"တကောင်းလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ ရဲတွေက လေးငါးဦးလောက်ရှိတတ်တယ်။ စကစ အဖွဲ့တွေတော့မရှိဘူး။ အမှန်က ကျနော်တို့ဘက်က ဂိတ်ကိုပစ်ဖို့သွားတာ၊ သူတယောက်တည်း အရင်ထွက်လာတော့ သူကို ရှင်းခဲ့လိုက်တာ"

နိုင်ငံတည်ဆောက်နေတဲ့ကာလဖြစ်လို့ အာဆီယံဥက္ကဌနေရာကို လက်လွှတ်ခဲ့တာလို့ စစ်ကောင်စီပြော

နိုင်ငံတည်ဆောက်နေတဲ့ကာလဖြစ်တာကြောင့် အလှည့်ကျအာဆီယံဥက္ကဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံထံ လွှဲပြောင်းပေးခဲ့တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုလာပါတယ်။

ဝက်လက်မှာ ၃ရက်အတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့၊ စစ်ဗိုလ် ၁ ဦးအပါ ၇ ဦးသေဆုံး (ရုပ်/သံ)

"၇ ရက်နေ့မှာ ဖိုးဝင်းတပ်ကျေးရွာအနားမှာ ထိတွေ့မှုအကြီးဆုံးဖြစ်ခဲ့တာ။ သုံးပွင့်ဗိုလ်တဦးလည်း သေတယ်။ သုံးပွင့်ဗိုလ်ကို သယ်သွားပြီး တခြားစစ်ကြောင်းနဲ့သွားပေါင်းတယ်။ သေတဲ့စစ်သားတွေကို မြှုပ်ထားခဲ့တာတွေလည်းရှိတယ်။ ၈ ရက်နေ့ ရှိမ်းမကားရဲစခန်းအနားမှာ ထိတွေ့မှုထပ်ပြီးတော့ သူတို့တပ်ဆုတ်ပြီး သံခွန်တွေနဲ့ လာခေါ်သွားတယ်"

ဆောနယ်က နွားတွေမှာ သွပ်ရောဂါအဖြစ်များနေလို့ အရောင်းအဝယ်နဲ့ အသားထုတ်လုပ်တာ မလုပ်ဖို့တားမြစ်

"သွပ်ရောဂါလို့ခေါ်တယ်။ အရေပြားတွေမှာ အဖုအဖိန့်ပေါက်တာပါ။ ဗိုင်းရပ်ကြောင့်ဖြစ်တာပါ။ အသက်အရွယ်မျိုးစုံမှာဖြစ်တာပါ။ သေနှုန်းနည်းလို့ သေဆုံးတာမျိုးတော့မရှိဘူး။ သယ်ဆောင်ခွင့်နဲ့ အသားထုတ်ယူတာကို တလချင်းပိတ်သွားမှာပါ"

ရပ်ထားတဲ့ ၂၂ဘီးကားကို ၁၂ ဘီးကားက ဝင်တိုက်လို့ ယာဥ်မောင်းသေပြီး၊ ယာဥ်နောက်လိုက်ဒဏ်ရာရ

"ရှေ့က ပျက်တဲ့ကားက အမှောင်ထဲရပ်ထားတာ။ နောက်ကလာတဲ့ကားကလည်း အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်တာ။ ဖြစ်ဖြစ်ချင်း ယာဥ်မောင်းက ညပ်နေတာ။ စပယ်ယာလည်း ထိထားတယ်"

လူသတ်မှုနဲ့ တရားစွဲခံရသူ LPDF ခေါင်းဆောင်ကို အချုပ်မှ ယာယီပြန်လွှတ်ပေး၊ LPDF ခေါင်းဆောင်ကို နယ်ခံတွေက ကြိုဆို

"ကျွန်မတို့က ယုံကြည်ကြောင်း၊ သူပြန်လွတ်လာတာကိုရော သူ့အပေါ်မှာရော ပြည်သူတွေက မျှော်လင့်နေတယ် ဆိုတာပြဖို့အတွက် ကျွန်မတို့တရွာလုံး ထွက်ကြိုကြတယ်"

မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်စွဲလိုက်တဲ့ ရွာနှစ်ရွာက ဒေသခံ ၁၀၀၀ ခန့် ထွက်ပြေး အချို့ဖမ်းဆီးခံထားရ

"ရွာနှစ်ရွာက ဒေသခံတွေကို ဖမ်းထားပြီးတော့ ကတုတ်ကျင်း‌ တူးခိုင်းတာတွေ၊ ဘန်ကာတွေလုပ်ပြီး သဲအိတ်တွေသယ်ခိုင်းတာတွေ လုပ်ခိုင်းနေတယ်လို့ သိရတယ်။ ဒေသခံတွေလည်း လွတ်ရာကိုရှောင်တိမ်းနေကြရတာ တထောင်နီးပါးလောက်ရှိတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10