သတင်းတို

ပွင့်ဖြူမြို့ပေါ်မှာ စစ်ကောင်စီကလုံခြုံရေးမပေးနိုင်လို့ သန်းခေါင်စာရင်းကောက်သူတွေကြောက်လန့်နေ

သန်းခေါင်စာရင်းကောက်ယူရာမှာ တဖွဲ့ကို သင်တန်းပေးထားသူ ၂ ဦး၊ ရပ်ကျေးစာရေး ၁ ဦး (သို့) လမ်းမှူး ၁ ဦး စုစုပေါင်း ၄ ဦးဝန်းကျင်လောက်သာနဲ့ အဖွဲ့ပေါင်း ၁၅ ဖွဲ့လောက်က နေရာခွဲပြီး စာရင်းကောက်ယူနေကာ စစ်ကောင်စီဘက်ကလည်း လုံခြုံရေးလိုက်ပေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

၅ နှစ်အရွယ် သားအရင်းကို ဓါးနဲ့ခုတ်သတ်ခဲ့တဲ့ဖခင် ဆေးကြောင်နေဟုဆို

"လည်ပင်းပြတ်ရှဒဏ်ရာ။ လည်ပင်းကိုဓားနဲ့လှီးထားတာ တေ့တေ့လေးပဲ ကျန်တော့တာ။ သူအဖေက ဆေးကြောင်ပြီးလုပ်တာလို့ သိရတယ်။"

သင်တန်းဆင်း NLA ရဲဘော် ၇၇ ဦးကို EROsတွေ အကူအညီနဲ့ လက်နက်တပ်ဆင်ပေးနိုင်ခဲ့ (ရုပ်/သံ)

သင်တန်းဆင်းရဲဘော် ၇၇ ဦးကို သင်တန်းဆင်းပွဲနေ့မှာပဲ EROsနဲ့ မဟာမိတ်တွေက ထောက်ပံ့ပေးတဲ့ KIA ထုတ် ပါရီအမျိုးအစားသေနတ်တွေ၊ RPG 7နဲ့ M 79 တွေအပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဆီကသိမ်းဆည်းရရှိတဲ့ MA အမျိုးအစားသေနတ်တွေကို တပ်ဆင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ပျူစောထီးရှိတဲ့ရွာကို လမ်းမှားဝင်မိတဲ့ PDF ရဲဘော်၂ ဦး သတ်ခံရ

"အဲ့ဒါ သူတို့(PDF)နယ်မြေပါဗျာ။ ဘယ်လိုများ မှားဝင်လိုက်လဲ မသိပါဘူး။"

စစ်ကိုင်းက အရပ်သား ၃ ဦးကို PDF လို့ စွပ်စွဲပြီး သတ်ဖြတ်

"ဝတ်ပေးထားတဲ့ ယူနီဖောင်းကလည်း ဒီဘက်က အဖွဲ့တွေသုံးတဲ့ယူနီဖောင်း မဟုတ်ဘူး။ နောက်ပြီး ကားသမားကို ကားရောပါ ဖမ်းလိုက်တာ။ အဲဒီကားကလည်း အခုကြွယ်ပုံကို ရောက်နေတယ်"

လက်နက်ခဲယမ်းပို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးဟုဆို

"သူတို့လာရာလမ်းက စောင့်နေတာပါ။ အချိန်မမီလိုက်တော့ အပြန်လမ်းမှာတိုက်ခိုက်တယ်။ စစ်တပ်ဘက်က ၃ ယောက်သေတယ်"

မန္တလေးနန်းတွင်း ရှော့တိုက်ဒုံးနဲ့ပစ်ခံရပြီးတဲ့နောက် စစ်တပ်က တင့်ကားတွေနဲ့အင်အားပြ

"ကျုံးမြောက်ဘက် ၁၂ လမ်းကနေ ၁၉ လမ်း၊ ၆၆ လမ်း နန်းတွင်းအရှေ့ဘက်ပေါက်ကနေ နန်းတွင်းထဲ ပြန်ဝင်သွားတာတွေ့တယ်။ အင်အားတော်တော်များများနဲ့ လှည့်နေတာ"

၅ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်နှိပ်စက်ခဲ့သူလင်မယားကို ပုဒ်မ ၃ ခုနဲ့အမှုဖွင့်

"လတ်တလောက ပုဒ်မ ၃ ခုတပ်ထားတယ်လို့ သိရတယ်။ ထပ်တိုးပုဒ်မတွေလည်း ရှိလာနိုင်တယ်။ ခုက မှုခင်းဆရာဝန်စစ်ချက်အရပေါ့နော်။ အခြားသော သွားနဲ့ခံတွင်း၊ နား၊ နှာခေါင်းဆရာဝန်ကြီးတွေ စစ်ချက်ရရင် ပုဒ်မက ထပ်တိုးလာမှာ"

ရဲဘော်သစ် ၇၇ ဦးပါတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ

"သင်တန်းမှာတော့ လက်နက်မဲ့၊ လက်နက်နဲ့ စစ်ရေးပြတွေအပြင် စစ်နည်းဗျူဟာဘာသာရပ်၊ နိုင်ငံရေးဖက်ဒရယ်ဘာသာရပ်၊ စစ်ဖက်ဆိုင်ရာ ဥပဒေတွေကို ကျနော်တို့သင်ကြားပြသခဲ့တယ်"

အမ်း-ပဒါန်းလမ်းပိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ သမီးဖြစ်သူတို့ သေနတ်ပစ်ခံရပြီး သေဆုံး

“ သူက ပြည်သူ့စစ်ခေါင်းဆောင်ဆိုတာ ဟုတ်ပါတယ်။ သူ့ဆီမှာ သေနတ်ရှိတယ်တော့မကြားဘူး။ ဆိုင်ကယ်နဲ့အနောက်က လိုက်ပစ်တာခံရတာ”

မြင်းမူမြို့နယ် မြောင်လမ်းခွဲက စစ်တပ်ဂိတ်စခန်းကို ဒရုန်းနဲ့ ၃ကြိမ်မြောက်တိုက်ခိုက် (ရုပ်/သံ)

အဲ့ဒီစစ်ကောင်စီဂိတ်မှာ စစ်သားအင်အား ၃၅ ဦးခန့်အထိုင်ချတပ်စွဲထားပြီး စက်တင်ဘာ ၂၈ရက် နေ့လယ် ၁၂ နာရီခွဲမှာ Shar Htoo Waw နည်းပညာသုံး Fixed Wings ၅ စီးနဲ့ drop bomb ၉ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ Peacock Drone Team တာ၀န်ခံရာစုက ပြောပါတယ်။

တော်လှန်ရေးအဖွဲ့အယောင်ဆောင်ပြီး ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းသူကို ဖမ်းဆီးစစ်ဆေးနေ

"ဖုန်းနဲ့လိမ်နေတာကတော့ ၁၀ လလောက်ရှိနေပါပြီ။ တော်လှန်ရေးအဖွဲ့က မင်းတို့ကို ဖမ်းဖို့ရှိတယ်။ မဖမ်းစေချင်ရင် ငွေလှူရမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ပြီးတော့ ငွေတောင်းယူတယ်"

စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးဗုံးသီး ရွာ ၂ ရွာကိုကျလို့ အမျိုးသမီး ၂ ဦးအပါ ၃ ဦးဒဏ်ရာရ

" စကစဘက်ကတိုက်ပွဲမဖြစ်ဘဲ ဒီလိုပဲရွာတွေကိုထုနေတာ။ စကစဘက်က ကျောက်ကြီးချောင်းဘက်ကို စစ်ကြောင်းဝင်နေတာရှိတယ်။ သူတို့သွားတဲ့လမ်းပတ်လည်ကို လက်နက်ကြီးလိုက်ပစ်ပေးနေတာ။ ရွာထဲတွေကိုကျတာ"

မန္တလေး လပခ ကို ၃ ကြိမ်မြောက် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်လို့ ထိခိုက်သူများပြား

“ဘားတိုက်အဆောက်အဦ ၂ လုံးကို သွားထိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်ထိခိုက်တယ်လို့ သိရပါတယ်။ သေဆုံးမှုရှိမရှိကိုတော့ စုံစမ်းနေဆဲပါ။ လပခထဲက ကား ၂ စီးလည်း ထိသွားတယ်လို့ သိရတယ်၊ နောက်ထပ် အပျက်အစီးအထိအခိုက်က ဆက်စုံစမ်းနေဆဲပါ။”

စစ်ကောင်စီသတင်းပေး ပျူစောထီး ၁ ဦး နေအိမ်မှာအသတ်ခံရ

"သူက ပျူစောထီးအဖွဲ့ဝင်။ သူတို့ရွာနားက မင်းကုန်းရွာမှာဆို စစ်ကြောင်းကခဏခဏလာ အထိုင်ချဂိတ်ထိုးတယ်။ သူကနေပြီး သတင်းပေးတာ၊ အဲ့ဒီက စစ်ဗိုလ်တွေနဲ့သွားတွေ့တာရှိတယ်။ အောက်စခန်း (ဂွေးကုန်းရွာနဲ့ မြင်းတဲကြီးရွာကြားရှိ စစ်တပ်စခန်း)က ဗိုလ်လေးဆိုသူတွေနဲ့ သွားတွေ့တာ။ အဲ့လိုမျိုး။ လမ်းတွေဘာတွေ ထောက်လှမ်းပေးပြီး သတင်းပေးတာတွေ လုပ်တယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10