သတင်းတို

ပေါက်မြို့နယ်ထဲကရွာတွေ စစ်ကြောင်းထိုးခံရလို့ ဒေသခံ၂ဦးသေဆုံး

စစ်ကြောင်းထိုးရာ ကျေးရွာတလျှောက်မှာ ပေါက်မြိုနယ်အရှေ့ပိုင်း အုန်းတောတောင်စုနဲ့ မြောက်စုကို စစ်တပ်အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်များကိုမီးရှို့ဖျက်စီးခဲ့သလို လက်နက်ကြီးငယ်တွေနဲ့ပစ်လို့ ထိခိုက်သေဆုံးရှိခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မြင်းမူ၊ လက္ကပင်ရွာက အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး ၇ ဦးကို လူသားဒိုင်းအဖြစ်ခေါ်သွား

"အသတ်ခံရသူတွေက လက္ကပင်မှာ လာရောက် ခိုလှုံနေကြတဲ့သူတွေပါ။ သူတို့ရဲ့ကိုယ်ရေးအချက်အလက်ကို မသိရသေးဘူး။ သတ်ပြီးတော့ မြစ်ရေထဲ မျောချခဲ့ကြတာကြောင့် မြစ်အနီးအနားမှာရှိတဲ့ ရွာတွေက ဆယ်ပြီး မီးသင်္ဂြိုလ်ပေးခဲ့ရတယ်။ ဓားစာခံအဖြစ် ခေါ်ခံရတဲ့သူတွေကတော့ ရွာခံသားတွေပါ။ အိမ်တွေကိုတော့ မီးရှို့ခဲ့တာမရှိဘူး။ သူတို့သတင်းရလို့ ဖြိုဖျက်ခဲ့တဲ့ အိမ်တချို့တော့ ရှိခဲ့တယ်"

Burma Rangers အဖွဲ့က မီးဘေးသင့်သူတွေကို အိမ်တိုင်များ လှူဒါန်း

"ကျတော်တို့ နှစ်ရက်တိုင် ခုတ်ပြီးတော့မှ အိမ်ဆောက်ဖို့ ထောက်ပံ့ခဲ့တာပါ။ ပြည်သူကို တတ်နိုင်တဲ့ဘက်က ထောက်ပံ့ခဲ့တာပါ။ လုံးပတ် ၁ ပေကျော်ရှိတဲ့ ယူကလစ်တိုင်တွေပါ"

စစ်အုပ်စုက ပစ်ခတ်စစ်ကြောင်းထိုးလာလို့ ထန်းတက်သမား ၂ ဦးသေဆုံး

“ကိုမင်းဇော်ကိုတော့ ထန်းပင်ပေါ်က ဆင်းဆင်းချင်း ပစ်သတ်သွားတာပါ။ ဦးမြအေးကတော့ ထန်းပင်ကနေ ပြုတ်ကျပြီး ဆေးကုသမှုခံယူနေရင်း ည ၈ နာရီလောက်မှာ ဆုံးသွားတယ်။ သူတို့ ၂ ယောက်စလုံးက နဘူတောရွာ တောပြင်မှာနေတဲ့ ထန်းတက်သမားတွေပါ”

တလအတွင်း စစ်အုပ်စုကြောင့် နေအိမ်နဲ့ဆိုင်ခန်း ၇၀၀ ကျော် မီးလောင်ပျက်စီးပြီး၊ ပြည်သူ ၃ ဦးသေဆုံး

"ခုရတဲ့စာရင်းတွေက ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၈ ရက်အထိ မြေပြင်က ပေးပို့လာတဲ့ သတင်းအချက်အလက်အရ ပြုစုထားတာ ဖြစ်ပါတယ်။ ထိခိုက်သေဆုံး၊ မီးလောင်ပျက်စီးတာက စကစ အဖွဲ့တွေလုပ်တာကော သူ့လက်အောက်က ပျူစောထီးတွေ လုပ်တာကော ပါတယ်"

စည်ပင်ခွန်တွေ အဆမတန် တိုးတောင်းနေတဲ့ ကလေးမြို့နယ်စည်ပင်ရုံး ကျည်ဆံနဲ့အတူ သတိပေးစာအပို့ခံရ

“မြို့မဈေးမှာ အသားလိုင်စင်တွေက သိန်းထောင်ချီ ဈေးပေါက်တော့ အသားရောင်းတဲ့ ဈေးသည်တွေဆီကနေ မရရအောင် အခွန်ကောက်တယ်။ စျေးက အသားသည် ကောင်မလေးတွေကို အခွန်မဆောင်လို့ဆိုပြီး စည်ပင်က စစ်တပ်ခေါ်ပြီး လက်နက်အပြည့်အစုံနဲ့ ဝင်ဖမ်းသွားတာ။ ၉ ယောက်လောက် အဖမ်းခံထားရတယ်။ ၃ယောက်ကတော့ မနေ့က အလုပ်ကြမ်းနဲ့ထောင် ၃ နှစ်ချလိုက်ပြီ။ သာမာန်လက်လုပ်လက်စားဈေးသည်တွေ"

ဟန်ပြရွေးကောက်ပွဲ သပိတ်မှောက်ဖို့ ရွာ ၂၀ ကျော်က ပအဖ၊ ပကဖ တွေ ဆွေးနွေး

“ကျနော်တို့ ပြည်သူ့တော်လှန်ရေးတပ်ဦးနဲ့ ရွာပေါင်း ၂၀ ကျော်က ပအဖ၊ ပကဖ အဖွဲ့တွေ ပြုလုပ်ခဲ့တာပါ။ လူဦးရေကိုတော့ အတိကျပြောလို့ မရပါဘူး။ တရက်တည်းလုပ်တာမို့ အချိန်က နေ့လယ်ကနေ ညနေ ၃ နာရီအထိပါပဲ”

ပေါက်က ရွာ ၃ ရွာကို စစ်တပ်က လက်နက်ကြီး‌နဲ့ ပစ်ခတ်စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးနေရ

“မနက်အစောကြီး လက်နက်ကြီး‌တွေနဲ့ ပစ်ပြီးဝင်လာတာ။ ညောင်ဝန်းမြောက်စုရွာက ဒေသခံပြည်သူ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိမှန်ဒဏ်ရာရထားတယ်။ ရဲဘော် ၁ ယောက်လည်း ထိထားတယ်။ ပခုက္ကူဘက်ကလာတဲ့ တပ်မ ၁၀၁ တပ်တွေလို့တော့ ယူဆရတယ်။ အင်အားတော့ နည်းနည်းများတယ်”

အင်းတော်မှာ စစ်ကောင်စီက ဆွမ်းချိုင့်ပို့တဲ့ ဘုန်းကြီးဆိုင်ကယ်တွေကို ဖမ်းဆီးထား

“ခရီးသွားတွေက အခုမှ စစ်**လို့သိတာ။ အရင်ရက်တွေတုန်းကဆို ရွာသားတွေက သူတို့ကို PDF လို့ထင်နေတာ။ သူတို့ပုံစံက စစ်ကောင်စီနဲ့မတူဘဲ PDF ပုံစံမျိုး၊ ယူနီဖောင်းတွေကအစ PDF တွေဝတ်ထားတဲ့ ယူနီဖောင်းပုံစံတွေလိုမျိုး ဝတ်ထားကြတာ။ ခရီးသွားတွေဆီကနေ သိမ်းထားတဲ့ ပစ္စည်းတွေကိုလည်း သုံးဘီးဆိုင်ကယ်တွေနဲ့ အမျိုးသမီးတွေက လာယူသွားကြတယ်”

ABSDF ရဲ့တပ်ရင်း ၁၂ အပတ်စဥ် ၃ သင်တန်းဆင်း

မတ်လ ၆ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းကာလ ၃ လကြာမြင့်ကာ အမျိုးသမီးရဲမေအပါ သင်တန်းသား ၃၁ ဦး တက်ရောက်ခဲ့ကြပြီး၊ နောက်ထပ်သင်တန်းတွေကိုလည်း ဆက်လက်ဖွင့်လှစ်သွားဖို့ ရှိတယ်

လယ်ယာလုပ်သား ရှားပါးလာလို့ လုပ်သားခ တိုးမြှင့်ခေါ်ယူနေရ

"ဒီမှာက စိုက်တဲ့အချိန်ရယ် ရိတ်သိမ်းတဲ့အချိန်ရယ်ပဲ အလုပ်ရှိတာလေ။ လက်ထဲမှာလည်း ငွေကြေးက များများစားစားမှ မရှိကြတာ။ ကျောင်းသူ/သားနဲ့ ကျန်းမာရေးမကောင်းတဲ့သူရှိရင် အဲ့ဒီမိသားစုက ပိုပြီးရုန်းကန်ရတယ်"

ပခုက္ကူမှာ စစ်တပ်ကိုဆပ်ကြေးကောက်ပေးနေတဲ့ ပျူခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

“သူက ကျေးရွာပြည်သူတွေကို ခြိမ်းခြောက်တယ်။ စစ်ကောင်စီကို လစဉ်ဆပ်ကြေးကောက်ပေးတယ်။ ပြည်သူတွေကို အနိုင်ကျင့်ဗိုလ်ကျနေတာ။ အဲဒါကြောင့် ကျနော်တို့ဝင်ရောက်ရှင်းလင်းတာ။ အစကတော့ အရှင်ဖမ်းဖို့ပါ။ သူ့ကိုရှင်းတဲ့အချိန် လက်နက်ချဖို့ ပြောတဲ့အခါမှာ လက်နက်မချဘဲ ပြန်ခုခံပြီးထွက်ပြေးလို့ အဲဒီမှာပဲ သေနတ်နဲ့ ပစ်ရှင်းလင်းလိုက်တာ”

ပေါင်းတည်က ကျွန်းသစ်ခိုးသူရဲ့ကားကို PDF တွေမီးရှို့

"သူက စစ်တပ်နဲ့ပေါင်းပြီး သစ်ခိုးစားနေတာကြာပြီ။ သစ်သူခိုး မောင်ညွှန့် ပါမယ်ထင်ပြီး စောင့်နေတာ။ တကယ်ပါ လာတာက မောင်ညွှန့် မယားပါသားရယ် စပါယ်ယာရယ် ဒရိုင်ဘာရယ်ပဲပါလာလို့ ကားကို မောင်ညွှန့်ကားဟုတ်မဟုတ် သေချာစိစစ်ပြီးမှ မီးရှို့ခဲ့တာ"

စစ်ကောင်စီရဲ့ ညမထွက်ရအချိန်ကျော် ပြန်လာတဲ့ အိမ်စီးကားပစ်ခံရလို့ ၃ ဦးသေဆုံး

"စစ်ကောင်စီက လိုက်ကြေညာထားတာ။ ပြီးတော့ အမှတ် ၁ အုပ်ကြီး ဝင်းဆွေက ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ဖို့၊ အပြင်ထွက်ရင် ပစ်သတ်မှာ၊ တာဝန်မယူဘူးလို့လည်း ပြောထားတာ ရှိတယ်"

မြောင် PDF စခန်း စီးနင်းမီးရှို့ခံရပြီး ဒရုန်းနဲ့ပါ ဗုံးကြဲလို့ ရဲဘော် ၃ ဦးဒဏ်ရာရ

"စစ်ရေးကိရိယာ လက်နက်တွေကတော့ အဆုံးရှုံးမရှိပါဘူး။ ယူနီဖောင်းတွေ ဖျက်ဆီးခံရတယ်။ စခန်း ၃ ခု မီးရှို့ဖျက်ဆီးခံရတယ်။ စခန်းတည်ထောင်တဲ့ ၂ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် စီးနင်းခံရတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10