ရုပ်သံ

ခြင်းခတ်နေတဲ့ စစ်ကောင်စီတပ်သားတချို့ ပစ်ခတ်ခံရလို့ ၄ ဦးသေဆုံး (ရုပ်/သံ)

“ကျနော်တို့ သတင်းရလို့ အမှတ်မထင် ဝင်ပစ်တာ။ ထိခိုက်သေဆုံးမှုကတော့ အတွင်းသတင်းက ရတယ်။ ပစ်ခတ်မှုဖြစ်နေချိန် နဲ့ ပစ်ခတ်မှုပြီးသွားတဲ့အချိန်မှာရော စစ်**တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်”

မင်းတန်းရွာ ညသန်းခေါင်ချိန်လေယာဉ်နဲ့ဗုံးကြဲခံရ၊ နွား ၄ ကောင်သေပြီး နေအိမ် ၂၀ ကျော်ပျက်စီး (ရုပ်/သံ)

“ဗုံး ၂ လုံးကို လမ်းခြားပြီးတော့ တအိမ်တလုံး ကျတာပေါ့။ ဗုံးကျပြီး မီး လုံးလုံးလောင်သွားတာက ၄ အိမ်၊ ဗုံးတိုက်ရိုက်ကျတဲ့ တအိမ်ကကျတော့ မီးမလောင်ဘဲ အဆောက်အဦက ပြားပြီး ပြိုသွားတယ်။ PDF တွေရဲ့ စုရပ်နေရာလို့ ထင်ပြီး ကြဲသွားတာ”

ကျပ်ထိုးရဲစခန်း တရက်ထဲ ၂ ကြိမ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ဘန်ကာပေါ်ဗုံးထိမှန် ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

မေ ၃ ရက်က ညနေ ၃ နာရီ တကြိမ် ညနေ ၄ နာရီ တကြိမ်၊ တရက်တည်းမှာ ၂ ကြိမ် ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံးပစ်ချရာမှာ ကျပ်ထိုးရဲစခန်းအတွင်းက ဘန်ကာနဲ့ စခန်းပေါ်ကိုတည့်တည့် ကျရောက်ခဲ့တာလို့ BLY ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ နှံပြည်စုတ် က ပြောပါတယ်။

လေပြင်းတိုက်၊ မိုးသီးကြွေကျလို့ ပျက်စီးသွားတဲ့ နေအိမ် ၃၅၀ ကျော်နဲ့ နှမ်းခင်းဧက ၅၀၀ (ရုပ်/သံ)

ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျလာတာကြောင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ တည်တော၊ သရက်ကန်၊ ကိုင်းကံ၊ မအုံး၊ မြင်းတန်းကျေးရွာက နေအိမ် ၃၅၀ ကျော် သွပ်အမိုးလန်တာ၊ ပြိုကျတာ၊ အိမ်ခေါင်မိုးပြုတ်ထွက်တာတွေဖြစ်ပြီး နှမ်းစိုက်ဧက ၅၀၀ နီးပါးပါ ပျက်စီးခဲ့ရတယ်လို့ ဆိုပါ တယ်။

ယင်းမာပင်မြို့နယ်ထဲမှာ အချိန်အခါမဟုတ် မိုးရွာပြီးမိုးသီးများကြွေကျ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းက ကျေးရွာအချို့မှာ မေ ၃ ရက် မနေ့ညနေ ၅ နာရီကျော်လောက်က အချိန်အခါမဟုတ် ရုတ်တရက်မိုးရွာသွန်းကာ မိုးသီးတွေ ကြွေကျခဲ့တယ်လို့ အဲဒီဒေသကိုရောက်ရှိနေတဲ့မြေပြင် PDF ထောက်ပို့အမျိုးသမီးတဦးက‌ ပြောပါတယ်။

စစ်ရှောင်စခန်းက မူလတန်းလွန်ကျောင်းအတွက် အမိုးအကာနဲ့ အကူညီတွေလိုအပ်နေ (ရုပ်/သံ)

မိုးတွင်းကာလ ရောက်တော့မှာဖြစ်တဲ့အတွက် ကျောင်းအတွက် အမိုးအကာတွေနဲ့ စာသင်ကြားရေး သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ စစ်ရှောင်စခန်းဖြစ်တဲ့အတွက် အစစအရာရာခက်ခဲနေပြီး ကလေးတွေနဲ့ ဆရာ၊ ဆရာမ တွေစားဝတ်နေရေးအတွက် အကူအညီတွေလိုအပ်နေသလို စစ်ရှောင်ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စားသုံးဆီဖူလုံဖို့စိုက်ပျိုးခဲ့တဲ့ CDF KKG ရဲ့ နေကြာစိုက်ခင်းတွေ အထွက်နှုန်းလျော့ကျ (ရုပ်/သံ)

ယခင်က နေကြာစိုက်ပျိုးရာမှာ ပုံမှန်ရာသီဥတုနဲ့ ရေရရှိမှုကောင်းမွန်ပါက ၁ ဧကကို နေကြာ ၁၀ တင်းအထက် ထွက်ရှိနိုင်ပေမယ့် ယခုစိုက်ပျိုးမှုမှာတော့ ၄ ဧကကိုမှ ၁၁ တင်းသာ ထွက်ရှိတဲ့အတွက် ပုံမှန်အထွက်နှုန်းရဲ့ တဝက်ခန့်ပင် မထွက်ခဲ့ဘူးလို့ သိရပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- မဟာဗောဓိမြိုင်ဆရာတော်ကြီး ခန္ဓာချုပ်ငြိမ်းရုပ်သိမ်းတော်မူ - အပူချိန်မြင့်နေတဲ့ ယင်းမာပင်-ဆားလင်းကြီးမှာ စစ်ရှောင်၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ ဖျားနာပြီး ဆေးဝါးတွေလိုအပ်နေ - ကမ္ဘာ့အပူဆုံးမြို့တွေဖြစ်ခဲ့တဲ့ ချောက်နဲ့ မကွေးမြို့တို့အပြင် တောင်ငူမြို့မှာပါ လူသေဆုံးမှုတွေရှိ - နာရေးလိုက်ပို့ချိန် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၂ ဦးထပ်မံသေဆုံး - ချောက်မြို့နဲ့ ပုဂံတို့မှာ အပူလွန်ကဲလို့ဖြစ်ပေါ်တတ်တဲ့ ပျံကျမိုးရွာသွန်း - ပေါင်းတည်နဲ့မကွေးမြို့တို့မှာဖြစ်ပွါးခဲ့တဲ့ မီးလောင်ကျွမ်းမှုများ - သဲကုန်းက LGBT တဦးကိုသတ်ပြီး ပစ္စည်းလုယူခဲ့သူတွေကို ဖမ်းမိ - ကမ္ဘာ့အပူဆုံးမြို့စာရင်းမှာပါခဲ့တဲ့ မုံရွာမှာ မိုးသက်လေပြင်းကျလို့ နေအိမ်တချို့ပျက်စီး - ပဲခူးရိုးမအနောက်က စစ်ရှောင်တဲအလုံး ၅၀ အတွက် နှီးသက္ကယ်အမိုးတွေ စတင်မိုးပေးနေ

အင်တာနက်သုံးဖို့ သစ်ပင်တက်နေရသူတွေ (ရုပ်/သံ)

ဒေသခံတွေဟာ ဖုန်းတခါပြောဖို့နဲ့ အင်တာနက်သုံးဖို့အရေးကို သစ်ပင်ပေါ်နဲ့ တောင်ကုန်းတွေပေါ်တက်နေရပြီး တချို့ သော တော်လှန်ရေးအင်အားစုတွေကတော့ စတားလင့်ဂြိုလ်တုအင်တာနက်နဲ့ ချိတ်ပြီး ဆက်သွယ်နေကြပါတယ်။

ရေစကြိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရလို့  ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကောင်စီတပ်သားတွေ တောင်အိုတာတိုင်ကနေထွက်ပြီးကတည်းက သတင်းရရှိခဲ့လို့ ၅ မိုင်အကွာခန့်မှာရှိတဲ့ မုံညင်းကျေးရွာနဲ့ သော်ကဲဘကျေးရွာကြားမှာ စောင့်ဆိုင်း မိုင်းဆွဲခဲ့တာဖြစ်ပြီး သေဆုံးမှုကိုတော့ ဒရုန်းကနေမျက်မြင်တွေ့ရတာလို့ ရေစကြိုမြို့နယ်ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

အလှူရှင်လာလို့ ပျော်ပြီး ကခုန်သီချင်းဆိုခဲ့ကြတဲ့ ဒုက္ခသည်စစ်ရှောင်တွေ(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ မြစ်သဲသောင် တနေရာက စစ်ရှောင်ပြည်သူတွေဟာ အခက်ခဲမျိုးစုံနဲ့ရင်ဆိုင်နေကြရပြီး အလှူရှင်လာရောက်တဲ့အတွက် ပျော်ပြီးကခဲ့ကြတယ်လို့ ထောက်ပံ့ကူညီဖို့ သွားရောက်ခဲ့သူတွေဆီက သိရပါတယ်။

စစ်ရှောင်၊ မီးဘေးသင့်နဲ့ CDM တွေကိုရိက္ခာပေးဖို့ S&C အဖွဲ့က မိုးစပါးစိုက်ပျိုး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ အများပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ဖို့အတွက် မိုးစပါးစိုက်ပျိုးပြီးစီးခဲ့တယ်လို့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ဆီက သိရပါတယ်။

“ခေါင်းတခြမ်းကိုက်နေသလား” (Podcast)

ခေါင်းတခြမ်းကိုက်ရောဂါဟာ ဘာတွေကြောင့်ဖြစ်စေတာလဲ။ ခေါင်းတခြမ်းကိုက်ခြင်းသက်အောင် ဘယ်လိုနေထိုင်သင့်ပါသလဲ။ ငြုတ်သီးခြောက်နဲ့ နနွင်းမှုန့်ဟာ ခေါင်းတခြမ်းကိုက်ခြင်းသက်သာစေဖို့ ဘယ်လိုအထောက်အကူပြုသလဲ။ ခေါင်းတခြမ်းကိုက်တဲ့အခါမှာ စားသောက်သင့်တဲ့အသီးအနှံတွေဟာ ဘာတွေလဲစတာတွေကို နားဆင်ရမှာပါ။

ထိန်းသိမ်းရေးဇုန်ထဲ အစွန့်ပစ်ခံ ဧရာဝတီလင်းပိုင် (ရုပ်သံဆောင်းပါး)

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဇုန် မန္တလေးတိုင်းကနေစလို့ အထက်ဘက် ကသာမြို့နယ်အထိ မိုင် ၂၀၀ ကျော်ရှည်တဲ့ ဧရာဝတီမြစ် ဝဲယာတလျှောက်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတာ ခုဆို ၃ နှစ်နီးပါးရှိနေပါပြီ။ ဒီ ၃ နှစ်တာအတွင်း ဧရာဝတီလင်းပိုင်တွေ ကျက်စားတဲ့နေရာတွေမှာ လျှပ်စစ်ရှော့တိုက်ငါးဖမ်းတာတွေ၊ ရေထဲကို လက်နက်ကြီးကျတာတွေရှိနေပြီး လင်းပိုင်အသေတွေကို တွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှေ့တန်းထွက်မယ့်ရဲဘော်တွေကို သေနတ်ပစ်ပြိုင်ပွဲကျင်းပပေးပြီး ထူးချွန်သူတွေကိုဆုငွေချီးမြှင့် (ရုပ်/သံ)

"သေနတ်ပစ်လေ့ကျင့်ခန်းပေါ့။ ရဲဘော်တွေလည်း ပွဲနဲ့အလှမ်းဝေးနေလို့ သေနတ်ပစ်လေ့ကျင့်ခန်းပြုလုပ်ခဲ့တာပါ။ ရှေ့တန်းသွားရမယ့် ရဲဘော်တွေကို ဦးစားပေး ကျင်းပခဲ့တာပါ၊ ထူးချွန်ရဲဘော်၄ဦးကို ပ၊ဒု၊တ၊စတုထ္ထ ဆိုပြီး ချီးမြှင့်ခဲ့တာ။ ချီးမြှင့်တာက ငွေသားပေါ့။ သူတို့လည်းပျော်အောင် သုံးစရာလည်းရအောင်ဆိုပြီး ပထမဆုကို ၅ သောင်း၊ ဒုတိယဆုကို ၃သောင်း၊ တတိယဆုကို ၂ သောင်း၊ စတုထ္ထဆုကို ၁ သောင်း ချီးမြှင့်ခဲ့တာပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10