ရုပ်သံ

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၆ က ရဲဘော်တွေကို ကျည်ကာတွေပေးအပ် (ရုပ်/သံ)

“အခုလောလောဆယ်တော့ ရဲဘော်အားလုံးကိုတော့ တပ်ဆင်ပေးနိုင်ခြင်း မရှိသေးပါဘူး။ ရဲဘော် ၂၀ ဦးကို တပ်ဆင်ပေးနိုင်ခဲ့တာ။”

ညောင်ဖြူပင်ကျေးရွာက ရဲစခန်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာက စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ တပ်စွဲနေတဲ့ ရဲစခန်းကိုဒေသခံကာကွယ်ရေးတပ်တွေက မီတာ ၁၅၀၀ အကွာကနေ ၈၀ မမ၊ ၆၀ မမ၊ ၄၀ မမတွေအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Dynamice(Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

ပဲခူးရိုးမမှာ PDF အမျိုးသမီးတွေဦးဆောင်ပြီး တပ်ရိက္ခာအတွက် သီးနှံများစိုက်ပျိုး (ရုပ်/သံ)

" အသီးအနှံစျေးတွေကကြီးတော့ နေ့တိုင်းစားဖို့အတွက် တိုင်ပင်ပြီး စိုက်ဖြစ်တာပါ။ မျိုးစေ့စိုက်တာပျိုးတာ ပေါင်းနှုတ်တာ ရေလောင်းတာတွေ ကျမတို့တွေပဲ နေ့တိုင်း လုပ်ကြပါတယ်"

မတ္တရာမြို့ပေါ်ကို ပြောင်းရွှေ့လာတဲ့တပ်ရင်းမှူး မိုင်းဆွဲခံရလို့ ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ဇွန် ၄ ရက် မနက် ၁၀ နာရီကျော်လောက်မှာ မတ္တရာမြို့ပေါ်ကို တက်လာတဲ့ အဲဒီကားကို မတ္တရာမြို့နယ် ခြေတော်ရာကျေးရွာနားအရောက်မှာ အသင့်စောင့်နေတဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်လုပ်မိုင်း ၂ လုံး နဲ့ မိုင်းဆွဲခဲ့သလို၊ လက်နက်ငယ်တွေနဲ့လည်းပစ်ခတ်ခဲ့လို့ ကားပျက်စီးခဲ့ပြီး ကားပေါ်လိုက်ပါလာတဲ့ တပ်ရင်းမှူးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ သတင်းတာဝန်ခံက ပြောပါတယ်။

လက်ထပ်ပြီး ၅ ရက်အကြာ ခရီးသွားရတဲ့  PDF ရဲဘော် ၁ ဦး စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်တာကိုခံရ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်အခြေစိုက် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁၊ YOMA GBK PDF တပ်စု ၃ က အသက် ၂၀ နှစ်အရွယ် တပ်စုမှူးကျော်ကြီး (ခ) အေးမြတ်မင်း ဟာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်တာကို ခံလိုက်ရတယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။

ဆိပ်ဖြူဘာမထီ တပ်ခွဲ ၁ က ရဲဘော်တွေကို အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲ ပြုလုပ်ပေး (ရုပ်/သံ)

တပ်ခွဲ ၁ က ရဲဘော် ၃၀ ဝန်းကျင်ကို ရက်တိုသင်တန်းအဖြစ် ရက် ၂၀ သာ အခြေခံစစ်ပညာသင်ကြားပေးနိုင်ခဲ့ကာ ဇွန် ၅ ရက်မှာတော့ မကွေးတိုင်း ပခုက္ကူခရိုင်တနေရာမှာ သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံက ပြောပါတယ်။

တပတ်အတွင်းမြေလတ်သတင်း

- မင်းကင်းမှာ မင်္ဂလာပွဲလေကြောင်းဗုံးကျဲခံရမှု ကလေးငယ် ၈ ဦးအပါ သေဆုံးသူ ၃၀ ကျော်အထိ မြင့်တက် - ရွှေကျင်မှာ စစ်ကောင်စီပစ်တဲ့လက်နက်ကြီးထိလို့ ဒေသခံ ၃ ဦးဒဏ်ရာရ - မင်းတုန်းမှာ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၃၀ ကျော် ပေါ်တာဆွဲခံရ - ပျူစောထီး စစ်ကြောင်းက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွား - မြိုင်နဲ့ ပခုက္ကူအစပ်က ကျေးရွာကို လေယာဉ်ဗုံးကြဲလို့ ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၃ ဦးသေဆုံး - ဝေါနယ်က ရွာတွေမှာ စစ်မှုထမ်းလူငှားထည့်ဖို့ တအိမ်ထောင် ကျပ်သုံးသောင်း တောင်းယူနေ - စစ်ခေါင်းဆောင်နဲ့ဇနီး ထီးလိုမင်းလိုဘုရားကိုသွားပြီးနောက် ပုဂံမှာစိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဖယ်ရှား - ကျောက်ကြီးမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ သေဆုံးဒဏ်ရာရသူတွေရှိ

ပုလဲမောင် သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်နဲ့ရွာခံတွေက ဆန္ဒပြတောင်းဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုပုလဲမောင် သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် မိသားစုဝင်တွေနဲ့ ရွာခံအင်အား ၃၀၀ ကျော်က မင်းတိုင်ပင်ကျေးရွာမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးဒေသအသီးသီးက မွတ်စလင်လူမျိုးစုရဲဘော်တွေကို ခွဲခြားမမြင်ဖို့ MMMCC မျှော်လင့် (ရုပ်/သံ)

မြန်မာနိုင်ငံ တော်လှန်ရေးဒေသအသီးသီးမှာ ရောက်ရှိနေကြတဲ့ မွတ်စလင်လူမျိုးစု ရဲဘော်တွေကို ခွဲခြားမမြင်ဘဲ ရဲဘော်တဦးအဖြစ်သာ မြင်ပေးကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင် လူမျိုးစုများအတိုင်ပင်ခံကော်မတီ(MMMCC) အနေနဲ့ မျှော်လင့်တယ်လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ စစ်ရေးလေ့ကျင့်နေတဲ့ အမိမြေတော်လှန်ရေးတပ် (ရုပ်/သံ)

စစ်ကိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၇၊ တပ်ခွဲ ၁၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့ဟာ မြေပြင်မှာ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နိုင်ဖို့အတွက် စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

“မူးဝေမောပန်း အိပ်မပျော်ခြင်းအတွက် ကြက်သဟင်းပင်” (Podcast)

ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်ရမ်းနာကျင်တာတွေသက်သာဖို့ ကြက်သဟင်းရွက်ကို ဘယ်လို စားသုံးသင့်သလဲ။ ကြက်သဟင်းရွက်သတ္တုရေဟာ အမျိုးသားတွေအတွက် ဘယ်လိုအကျိုးရှိစေလဲ။ အရေပြားကျန်းမာရေးအတွက် ကြက်သဟင်းရွက်ဟာ ဘယ်လိုအသုံးဝင်သလဲ။ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ ကြက်သဟင်းပင်ရဲ့ဘယ်အစိတ်အပိုင်းကို အသုံးပြုနိုင်သလဲ စတာတွေကို နားဆင်ရမှာပါ။

အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့သစ် တည်ထောင်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်လို့ဆို (ရုပ်/သံ)

တပ်ဖွဲ့အသစ်နာမည်က အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ (Special Troop Of Anyar Revolution) ဖြစ်ပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ ဖြစ်တယ်လို့ အတွင်းရေးမှူး ကိုဆာန်က ပြောပါတယ်။

မြိုင်နဲ့ ပခုက္ကူအစပ်က ကျေးရွာကို လေယာဉ်ဗုံးကြဲလို့ ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၃ ဦးသေဆုံး

ဇွန်လ ၄ ရက် ဒီကနေ့ မနက် ၉နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး ကျေးရွာဘုန်းကြီးကျောင်းအနီးက နေအိမ် ၂ လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ရေစကြိုနယ်က ပျူစောထီး နဲ့ PDF ထိတွေ့ပစ်ခတ်မှုဖြစ်လို့ ပျူစောထီး ၃ ဦးသေပြီး နှစ်ဘက် ဒဏ်ရာရသူများရှိ (ရုပ်/သံ)

ဟင်္သာရွာပြင်မြောက်ဘက်မှာ အင်အား ၅၀ ဝန်းကျင် နဲ့ အထိုင်ချတပ်စွဲနေတဲ့ ပျုစောထီးတွေအပါအဝင် စစ်ကောင်စီတပ်သားတွေ နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့ပြီးတဲ့နောက် ပျုစောထီးဘက်က ၃ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိသွားသလို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေလတ်ပေးစာ (Podcast)

- ပန်းတောင်းမြို့၊ ဆင်တဲ၊ ဂျီအီးကွက်သစ်မှာ ဘာတွေဖြစ်နေလဲ။ - စစ်ကိုင်းတိုင်းထဲက ပြည်သူတဦးရင်ဖွင့်လာတဲ့စာ။ - ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် စစ်ကွင်းမြို့ကအုပ်ကြီးတွေရဲ့အကြောင်း။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10