ရုပ်သံ

ရှင်မကန်ပျူစောထီးရွာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်အုပ်စု ၁၀ ဦးဝန်းကျင်သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

"စစ်ကောင်စီဘက်က သုံ့ပန်း ၁ ဦးဖမ်းဆီးရကာ ၁၀ ဦးသေတယ်။ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရခဲ့တယ်၊ အဲ့ဒီရွာမှာက ကျနော်တို့ရှိနေတုန်းတော့ ပျူစောထီး ၅၀ ဦးခန့်ရှိတယ်"

စစ်ရှောင်ပြည်သူ ၁၅၀ ကို ကျပ် ၁၀ သိန်းဖိုး ဆေးကုသပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျွန်းဦးတောကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူ ၁၅၀ ဦးကို ဇွန် ၂၄ ရက်မှာ ကျပ် ၁၀ သိန်းဖိုး ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။

ကလေးဒေသတော်လှန်ရေးတပ် ဗဟိုလေ့ကျင့်ရေးဌာနက အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးဒေသတော်လှန်ရေးတပ် Kalay Revolution Force (KRF) ဗဟိုလေ့ကျင့်ရေးဌာန၊ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို ဇွန်လ ဒုတိယအပတ်မှာ ကျင်းပခဲ့ပါတယ်။

ကလေးနယ်မှာ ၃ နှစ်ကျော် စစ်ရှောင်နေရတဲ့ပြည်သူတွေကို ဆန်တင်း ၁၀၀ ကျော်ထောက်ပံ့ (ရုပ်/သံ)

" ရွာလုံးကျွတ် မီးရှို့ခံရတဲ့ရွာပါ။ အလုပ်အကိုင်လည်း ကြုံရာလုပ်ရပါတယ်။ ဝင်ငွေနဲ့ထွက်ငွေ မမျှကြပါဘူး။ စားဝတ်နေရေး ခက်ခဲနေကြပါတယ်"

မြောင်နယ်မှာ လိင်စိတ်ခံယူချက်ကွဲပြားသူတွေအကြောင်း အသိပညာပေးလှုပ်ရှားမှုပြုလုပ်(ရုပ်/သံ)

မြန်မာနိုင်ငံမှာရှိတဲ့ LGBTIQ တွေဟာ သူတို့ရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်စေဖို့နဲ့ တန်းတူလူ့အခွင့်အရေးတွေရရှိဖို့အတွက် တိုက်ပွဲဝင်တောင်းဆိုနေကြသလို နွေဦးတော်လှန်ရေးစကတည်းက ပြည်သူတွေနဲ့အတူ လက်တွဲပြီး စစ်အာဏာရှင်ကို တွန်းလှန်ရာမှာလည်း တက်ကြွစွာနဲ့ ရှေ့တန်းက ပါဝင်နေသူတွေပါ။

ဆင်ဖြူရှင်တံတားအနီး စစ်ကောင်စီသင်္ဘော ၂ စီးကို တော်လှန်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်သလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း အနီးဆုံးနေရာကနေ မှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

PDF ၁ ဦးအတွက် မွေးနေ့လက်ဆောင် ပစ္စတိုသေနတ် ပေးအပ် (ရုပ်/သံ)

အထူးထောက်လှမ်းရေးအရာရှိ ကိုဖြိုး(ခ)အိုင်အို (IO)ရဲ့ ၃၅ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန် ၂၀ ရက်မှာ တပ်ရင်းမှူးက သူကိုင်ဆောင်နေတဲ့ ၆၅ သိန်းတန် ပစ္စတိုသေနတ် SIG P320 အမျိုးအစားကို မွေးနေ့လက်ဆောင်အဖြစ် ချီးမြှင့်ပေးလိုက်တယ်လို့ ဓားမဆိုင်းတပ်မတော် တပ်ရင်းမှူး ဗိုလ်စွမ်း ကပြောပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို စစ်ကိုင်း၊ ပဲခူးနဲ့မကွေးတိုင်းတို့ကကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေက ကျင်းပ - မဟနအဖွဲ့ဝင် ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လိုက်ပါလာတဲ့ကားကို စစ်တပ်ကပစ်လို့ ဆရာတော် ပျံလွန်တော်မူ - မင်းတုန်းနယ်က အများပြည်သူသုံးတဲ့လမ်းတွေမှာ စစ်ကောင်စီက မိုင်းတွေထောင် - စစ်ကိုင်းတိုင်း၊ ကျွန်းလှနဲ့ ဘုတလင်မြို့တွေမှာ စစ်တပ်ကလေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်၊ ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိ - အခုနှစ်အတွင်း စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ပြည်သူ ၃၇၀ ခန့်သေဆုံး - ဒိုက်ဦးထောင်မှာ နိုင်ကျဥ်းအမျိုးသမီး ၈၀ ကျော်ရိုက်နှက်ခံရပြီး ၅ ဦးဒဏ်ရာပြင်းထန်ရ - နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင် ၇၀၀၀ ကျော်အတွက် မြေနေရာအရေးပေါ်လိုအပ်နေ - ဗုံးထိမှန်ပျက်စီးခဲ့တဲ့ ကြားကာလစာသင်ကျောင်း ပြန်လည်ပြုပြင်ဖို့ အကူညီလိုအပ်နေ

စစ်သင်္ဘော ၂ စီး ချင်းတွင်းမြစ်အတွင်း တိုက်ခိုက်ခံရ (ရုပ်/သံ)

"စစ်သင်္ဘောက ဧရာဝတီမြစ်ဘက်ကနေ ချင်းတွင်းမြစ်‌ကြောင်းဘက်ကိုဆန်လာတာ၊ ၁၉ ရက်နေ့က စဆန်လာတာ၊၂၀ ရက်နေ့မှာ ပခုက္ကူ ဆင်ဖြူရှင်တံတာမှာညအိပ်တယ်၊ ၂၁ ရက်မှာ ချင်းတွင်းမြစ်ကြောင်းအောက်ဘက်ကို ဆန်လာပြီး ဆားလင်းကြီးမြို့နယ်အနီးအနားတဝိုက်မှာ ရောက်ရှိလာတော့ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းပြီးပစ်တာ"

ရဲဘော် ၅ ဦး ကျဆုံးခြင်း ၁ နှစ်ပြည့် ကုသိုလ်ကောင်းမှုလုပ်ပြီး အလေးပြု (ရုပ်/သံ)

ဇွန် ၂၀ ရက် မနက် ၈ နာရီခွဲခန့်မှာ တပ်ဖွဲ့စခန်းကနေ ကျဆုံးရဲဘော်တွေရဲ့ အုတ်ဂူကိုသွားရောက်အလေးပြုပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တရားနာပြုလုပ်တယ်လို့ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces တပ်ခွဲမှူးက ပြောပါတယ်။

ပျက်စီးနေတဲ့ ကျေးရွာချင်းဆက်လမ်းကို PDF တွေပြုပြင်ပေး (ရုပ်/သံ)

"မိုးရောလေပါ ၄ ရက်လောက်ကျခဲ့တယ်။ ချိုင့်ခွက်တွေ မြေသားပဲ့ကျတာတွေ မြောင်းတွေ ဖြစ်ကုန်တယ်။ သစ်ပင်တွေလည်း ကျိုးကျတယ်။ ပြည်သူတွေအတွက် ကူညီပေးတာပါ။ ပြည်သူတွေဆီက ငွေကောက်တာမျိုး မရှိပါဘူး"

ဝင်းနိမ္မိတာရုံဆရာတော်ရဲ့အန္တိမဈာပနကို တပည့်သံဃာအများအပြား လာရောက်ဖူးမျှော်နေပြီး စစ်တပ်ကလုံခြုံရေးတိုးမြှင့်ထား (ရုပ်/သံ)

"ဆရာတော်ရဲ့ ဈာပနကို အစည်ကားဆုံးဖြစ်အောင်ပြုလုပ်ဖို့ စီစဥ်နေကြတယ်။ မန္တလေးက ကရဝိတ်ဖောင်တော်တွေလည်း ငှားထားတာရှိတယ်။ ဆရာတော်က ရွှေကျင်ဂိုဏ်းကဆိုတော့ ပွဲလမ်းသဘင်တွေတော့ မပါလောက်ဘူး"

ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့ကြောင်း အတူပါဆရာတော်က လူသိရှင်ကြား မိန့်ဆို (ရုပ်/သံ)

ပစ်ခတ်မှု ဖြစ်စဉ်အစအဆုံးနဲ့ နောက်ပိုင်း စစ်ဆေးခံရတာတွေကအစ အပြည့်အစုံကို မိန့်ကြားခဲ့တာဖြစ်ပြီး အဲဒီမိန့်ကြားမှု ကို Live လွှင့်ထားတဲ့ ရုပ်သံဖိုင်ဟာ ယနေ့မှာပဲ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။

"ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ” အဖြစ် ရှိနေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဂန့်ဂေါရဲမေတွေ ကတိပြု (ရုပ်/သံ)

အာဏာသိမ်းစစ်ကောင်စီကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ” အဖြစ် ရှိနေမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့မှာ မကွေးတိုင်း၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် တပ်ရင်း ၁ PDF ရဲမေတွေက ကတိပြုခဲ့ကြပါတယ်။

“မျက်စိကျန်းမာရေးကို အကျိုးပြုတဲ့ သီဟိုဠ်သရက်ပင်” (Podcast)

အာရုံကြောရောဂါတွေကို သီဟိုဠ်စေ့က ဘယ်လိုကာကွယ်နိုင်သလဲ။ သီဟိုဠ်စေ့မှာ ဘယ်လို အာနိသင်တွေပါဝင်ပါသလဲ။သီဟိုဠ်ရွက်ဟာ ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုပါသလဲ။ သီဟိုဠ်စေ့ရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲစတာတွေကို နားဆင်ရမှာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10