ရုပ်သံ

တပတ်အတွင်း မြေလတ်သတင်း

- ပဲခူးနဲ့မွန်ပြည်နယ်အစပ်မှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတွေကို လုံခြုံရေးချလာ - မြစ်ရေမြင့်တက်လာပြီး စစ်ကိုင်းတိုင်း ကမ်းနားမြို့အချို့ ရပ်ကွက်တွေထဲ မြစ်ရေဝင်ရောက် - ကနီနယ်ကသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံ‌ဆောင် သပိတ်မှောက် - ချောင်းဦး-မုံရွာလမ်းပိုင်းမှာ ခရီးသည်တင်Expressကား ၈ စီး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ၂၄ ဦး ဒဏ်ရာရ - ဘန့်ပြင်ရွာမှာ စစ်တပ်က အင်အားရာကျော်နဲ့တပ်စွဲနေလို့ ဒေသခံ ၃၀၀ ကျော်ထွက်ပြေးနေရ - ယခုနှစ် မိုးစပါးသွင်းအားစုစျေးနှုန်း ၂ ဆမြင့်တက်ပြီး တောင်သူတွေ အကြွေးဝန်ပိ - စစ်ခေါင်းဆောင်ဇနီး ကြူကြူလှ ဦးဆောင်ပြီး စစ်တပ်ဝါဒဖြန့်သရုပ်ဆောင်အများအပြားနဲ့ မြန်မာအမျိုးသမီးနေ့အကြိုပွဲကျင်းပ - ပခုက္ကူပကဖ က တပ်တွင်းအထောက်အကူဖြစ်စေမယ့် မြေပဲစိုက်ပျိုးမှု စတင်

PDA က ကျဆုံးရဲဘော် ၁ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)၊ အမှတ် ၄ စစ်ဒေသမှူး၊ ရဲဘော် VJ ကျဆုံးခြင်း အထိမ်းမှတ်ပွဲကို PDO/PDA စစ်ဒေသတိုင်းတခုဖြစ်တဲ့ ပခုက္ကူခရိုင်ထဲက တနေရာမှာ ဇူလိုင် ၃ ရက်က ကျင်းပခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးခံနေရတဲ့ ဗိုလ်ချုပ် ကြည်ခိုင် အရံအင်အားရောက်၊ တိုင်းမှူးနေရာတချို့ ထပ်မံလူစားလဲ (ရုပ်/သံ)

စစ်ကောင်စီက စစ်ဆေးမှုတွေလုပ်ဆောင်နေတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင် အရံအင်အားကို အပို့ခံလိုက်ရပြီး ၎င်းရဲ့ တိုင်းမှူးနေရာအပါအဝင် အပြောင်းအရွှေ့တချို့ ထပ်မံလုပ်ဆောင်တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

တပ်ဖွဲ့ရိက္ခာနဲ့ ဒေသခံတွေစားဖို့ သီးနှံတွေကိုယ်တိုင်စိုက်ပျိုးနေတဲ့ PLA (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အခြေစိုက်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) တပ်ဖွဲ့ဟာ တပ်ဖွဲ့ရိက္ခာနဲ့ ဒေသခံတွေစားသုံးဖို့ သီးနှံတွေကို စိုက်ပျိုးထားတယ်လို့ တပ်ဖွဲ့ဝင်ရဲဘော်လင်းပွင့် က ပြောပါတယ်။

“ရေကြီးရေလျှံချိန်မှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာများ” (Podcast)

ရေကြီးရေလျှံချိန်မှာ ဘယ်လိုရောဂါတွေအဖြစ်များပါသလဲ။ ရေကြီးရေလျှံချိန်မှာ ကျန်းမာရေး ကောင်းမွန်စေဖို့ ဘယ်လိုနေထိုင်ရမလဲ။ ရောဂါဝေဒနာတွေဖြစ်လာရင် ဘယ်လိုပြုစုကုသလို့ရမလဲ စတာတွေကို နားဆင်ရမှာပါ။

စစ်ကောင်စီက ချင်းတွင်းမြစ်ကြောင်းကို အသုံးပြုဖို့ လေကြောင်းနဲ့ ကင်းထောက်ပေးနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ ကြေးနီတင်လာတဲ့ ဖလက် ၃ စီးနဲ့ သစ်‌တွေတင်လာတဲ့ ဖလက် ၄ စီးကို ချင်းတွင်းမြစ်ကြောင်းအတွင်းမှာ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲပစ်ခတ်မှုတွေလုပ်နေတာကြောင့် စစ်ကောင်စီက ဝေဟင်ကနေ ကင်းထောက်ပေးနေရတယ်လို့ Chindwin Dynamice (Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဆောနယ်ထဲက စစ်ရှောင်အမျိုးသမီးတွေကို လစဉ်သုံးပစ္စည်းတွေ ထောက်ပံ့ (ရုပ်/သံ)

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေကို ဇူလိုင် ၂ ရက်မှာ အာဟာရဒါနကျွေးမွေးခဲ့ပြီး အမျိုးသမီးလစဥ်သုံးပစ္စည်းတွေပါ ထောက်ပံ့ပေးခဲ့တယ်လို့ Yu&Tulip Foundation အဖွဲ့ဆီက သိရပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ အင်ဂျင်နီယာတပ်က တပ်ကြပ် ၁ ဦးကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

တပ်ကြပ်ဝင်းမောင်ဟာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာမှာ တာဝန်ကျနေချိန် ဇွန်လ ၁၅ ရက်က ချိတ်ဆက်လာပြီး ဇွန်လ ၃၀ ရက်မှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း-၂၀ Yoma Yar Zar တပ်ဖွဲ့ဆီကို အလင်းဝင်လာတာဖြစ်တယ်လို့ တပ်ရင်းမှူး လဂွန်းအိမ် က ပြောပါတယ်။

အညာမြေရောက် ရန်ကုန်သူ ရဲဘော်ဖူး ( အင်တာဗျူး)

စစ်တပ်အာဏာသိမ်းပြီးနောက် ရှေ့နေ့တဦးဖြစ်တဲ့ မဖူးတယောက် လူငယ်ပီပီ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာရင်း မြို့ပေါ်မှာ လုံခြုံမှုမရှိတော့လို့ တောခိုဖို့ ထွက်လာခဲ့ပါတယ်။ မီဒီယာ တခုခုမှာ သတင်းတင်ဆက်သူအဖြစ်ဆက်ပြီးရပ်တည်ဖို့ ရယ်ရွယ်ထားခဲ့ပေမယ့် အခြေအနေအရပ်ရပ်ကြောင့် လက်နက်ကိုင်အဖွဲ့တခုမှာ ဘဏ္ဍာရေးတာဝန်ခံ ရဲဘော်ဖူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

မြေလတ်ပေးစာ (Podcast)

- NUG အနေနဲ့ အောက်ခြေအဖွဲ့အစည်းတွေကို သေချာစီမံကွပ်ကဲပေးဖို့ တောင်းဆိုတဲ့စာ - လူငယ်တွေကိုဖမ်းဆီးနိုင်တာ လဝကကြောင့်လို့ ဆယ်အိမ်မှူးတွေကပြောတဲ့စာ - စစ်မှုထမ်းထောက်ပံ့ငွေမပေးရင် အမှုဖွင့်အရေးယူမယ်လို့ခြိမ်းခြောက်ခံနေကြရတဲ့စာ

စစ်ရှောင်အိမ်ထောင်စု ၁၆၀ ကို ကောလင်း ပြည်သူမှပြည်သူသို့ အဖွဲ့က နေကြာဆီ ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြိုအနောက်ခြမ်း တောတောင်ထဲမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၁၆၀ ကို ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့က နေကြာဆီတွေ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

96 Soldiers တပ်ဖွဲ့ဝင် မဖူးပြောပြတဲ့ အညာဒေသက အမျိုးသမီးတွေ (ရုပ်/သံ)

သူတော်လှန်ရေးသမားဖြစ်လာပုံနဲ့ အညာဒေသစစ်မြေပြင်အခြေအနေ ရုပ်သံအပြည့်အစုံကို ဆက်လက်တင်ဆက်သွားပါမယ်။

People's Defence Army အမှတ်စဉ် ၄ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ People's Defence Army က ရဲဘော်တွေရဲ့ အမှတ်စဉ် ၄ စစ်သင်တန်းဆင်းပွဲကို ဇွန် ၃၀ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ဇွန် ၃၀ ရက် မနက်က ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ပြုလုပ်ခဲ့ကြတယ်လို့ ဦးဆောင်ရာမှာ ပါဝင်တဲ့ ဓါးမဆိုင်းတပ်မတော် တပ်ရင်းမှူး ဗိုလ်စွမ်းက ပြောပါတယ်။

တိုက်ပွဲနားချိန် အကနဲ့ စိတ်ဓာတ်မြှင့်တင်နေတဲ့ ဂန့်ဂေါခရိုင် အမှတ် ၆ တပ်ရင်း (ရုပ်/သံ)

စစ်ရေးရှုပ်ထွေးနေတဲ့ အချိန်နဲ့ ရှေ့တန်းထွက်နေရတဲ့အချိန်ကလွဲရင် တပ်ခွဲအလိုက် စိတ်ဓာတ်ခွန်အားကြံ့ခိုင်စေဖို့၊ ကိုယ်ကာယခွန်အားနဲ့ စိတ်ဓါတ်ခွန်အားကြံ့ခိုင်စေဖို့ ရဲဘော်တွေနဲ့ တိုင်ပင်ပြီး အခုလို ကကွက်တွေနဲ့ လုပ်ပေးဖြစ်တယ်လို့ တပ်ရင်းတာဝန်ခံ ဗိုလ်မာဃ ကပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10