ရုပ်သံ

စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ပျူစောထီး ၂ ဦးသေ ၈ ဦးဒဏ်ရာရ (ရုပ်/သံ)

ဒရုန်းနဲ့ ဖျက်အားပြင်း အီနာဂါဗုံးသီး ၂၀ လုံးပစ်ချရာမှာ စစ်ဆေးရေးဂိတ်က ဘန်ကာတွေပေါ်ကို ကျရောက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော် ဗေကြီးက ပြောပါတယ်။

ရွှေဘိုမြို့မရဲစခန်းနဲ့ တရားရုံး ဗုံးကြဲခံရပြီး ဗိုလ် ၁ ဦး ရဲ ၇ ဦးသေဆုံး (ရုပ်/သံ)

မြို့မရဲစခန်းကို ၈၁ မမ ဗုံးသီး ၂ လုံးကြဲချပြီး မြို့နယ်တရားရုံးကိုတော့ ၆၀ မမ ဗုံးသီး ၃ လုံး ကြဲချနိုင်ခဲ့တာမှာ မြို့မရဲစခန်းထဲက ဗိုလ် ၁ ဦးနဲ့ ရဲ ၇ ဦးသေဆုံးခဲ့တာလို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးနဲ့ဘဏ္ဍာရေး တာဝန်ခံက ပြောပါတယ်။

စစ်ရှောင်စာသင်ကျောင်း ၃ ကျောင်းကို စာသင်ဆောင်၊ ရေတုံကင်နဲ့ စာရေးကိရိယာများ ထောက်ပံ့ပေး (ရုပ်/သံ)

နေရပ်စွန့်ခွာပြီး စစ်ရှောင်နေရတဲ့ ကလေးငယ်တွေ စာသင်ဖို့နေရာထိုင်ခင်း မလုံလောက်တာ၊ သောက်ရေရဖို့ ခက်ခဲနေတာနဲ့ စာသင်ကြားရာမှာလည်း စာရေးကိရိယာတွေ မပြည်စုံတဲ့အတွက် မေလလယ်ပိုင်းက ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

တပတ်တွင်း မြေလတ်သတင်း

- ဆောနယ်ဘုန်းကြီးကျောင်းမှာ ဒေသဖွံ့ဖြိုးရေးအစည်းဝေးလုပ်ချိန် လေယာဥ်နဲ့ ဗုံးကြဲလို့ ပြည်သူ ၁၆ ဦးသေဆုံး၊ ၃၄ ဦးဒဏ်ရာရ - ကိုဝေမိုးနိုင်ကို နောက်ဆုံးကျန်ရှိတဲ့အမှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်၊ စုစုပေါင်း ၇၄ နှစ်ချမှတ်ခံထားရ - ဆောနယ်ကို လေယာဉ်နဲ့ဗုံးထပ်ကြဲ၊ လသားကလေးငယ်အပါအဝင် ၇ ဦးသေဆုံး - ပဲခူးအနောက်ခြမ်းမှာ ပြည်သူ့စစ်အဖြစ် အဓမ္မစုဆောင်းခံရသူတွေကို စစ်သင်တန်းတက်ဖို့ ရှမ်းပြည်ကိုပို့ - လေကြောင်းအန္တရာယ်ကြောင့် မြိုင်ကပြည်သူ့အခြေပြုစာသင်ကျောင်းတွေနဲ့ ပညာရေးလုပ်ငန်းစဉ်အားလုံး ယာယီရပ်နား - ဒိုက်ဦးထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်/ကျဉ်း ၁ ဦး ထပ်မံသေဆုံး၊ ၃ လအတွင်း သေဆုံးသူ ၃ ဦးထိရှိလာ - ရာသီဥတု ပူပြင်းတာကြောင့် မော်လူးမှာ ပဲစိုက်တောင်သူတွေ အရှုံးပေါ် - ပုလဲနဲ့ဂန့်ဂေါက စစ်‌ရှောင်စခန်း‌တွေမှာ သောက်သုံးရေ ခက်ခဲနေ

မွေးနေ့ရှင် လှူတဲ့ PDF ရဲဘော်တွေအတွက် ဝက်သားဟင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှာရှိတဲ့ PDF ရဲဘော်၊ ရဲမေတွေကို တနေ့တာကျွေးမွေးဖို့အတွက် ဟင်းဖိုးကို မေ ၁၆ ရက်မှာ ပြည်သူတဦးက လှူဒါန်းပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

၂ ရက်ကြာ ရွာရှည်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆၀ ဦးသေပြီး ပြည်သူ ၇ ဦး မီးရှို့အသတ်ခံလိုက်ရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာမှာ ၂ ရက်တာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ၆၀ ဦးသေ၊ ၇၀ ကျော် ဒဏ်ရာရပြီး စစ်အုပ်စုဘက်က ပြည်သူ ၇ ဦးကိုမီးရှို့သတ်သွားတယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ထံက သိရပါတယ်။

ဒီပဲယင်းက ရေရှားတဲ့ ကျေးရွာမှာ ရေလျှံတွင်းတူးဖော်နေ (ရုပ်/သံ)

ရေတွင်းတူးရာမှာ ပေ ၁၈၀၀ ခန့်တူးရသလို အလျားပေ ၂၀၊ အနံ ၁၅ ပေနဲ့ အမြင့် ၁၃ ပေခွဲရှိ ရေလှောင်ကန်ပါ တည်ဆောက်နေပြီး ရေဂါလံ စုစုပေါင်း ၃၅၀၀၀ ဂါလံ သိုလှောင်ထားနိုင်ကာ နေ့စဥ် ၂၄ နာရီ ရေလျှံထွက်နေမယ့် ရေတွင်းမျိုးဖြစ်တယ်လို့ S&C အဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင် ကပြောပါတယ်။

တိုက်ခိုက်ရေးမှ မဟုတ်ဘူး၊ ကျရာတာဝန် ထမ်းမယ် ဆိုတဲ့ ယောသူ ရဲမေ မီ (အမျိုးသမီးကဏ္ဍ)

တော်လှန်ရေးအတွက် တပ်ဖွဲ့ထဲမှာ ကျရာတာဝန်ထမ်းဆောင်မယ်ဆိုတဲ့ ရဲမေမီဟာ လက်နက်ကိုင်တိုက်ပွဲအတွက်ကိုလည်း အဆင်သင့် ဖြစ်နေသူပါ။ လက်ရှိမှာ အဖွဲ့က လက်နက်မပြည့်စုံသေးတာကြောင့် သေနတ်မကိုင်နိုင်သေးဘဲ အဖွဲ့မှာ ဘဏ္ဍာရေးတာဝန်ကို ထမ်းဆောင်နေပါတယ်။ တပ်ဖွဲ့ထဲမှာ နေရေး၊ စာရေးကအစ အခက်အခဲတွေကို မမှုတော့ဘဲ တော်လှန်ရေးမပြီးမချင်း အိမ်မပြန်ဘူးလို့လည်း ယတိပြတ် ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။

“သွေးအန်၊ သွေးလျှံခြင်းတို့အတွက် မာလကာ” (Podcast)

မာလကာရွက်သတ္ထုရေဟာ ဘယ်ရောဂါတွေကိုသက်သာစေသလဲ။ အူတွင်းအန္တရာယ်ရှိပိုးမွှားတွေကို မာလကာက ဘယ်လိုရှင်းလင်းပေးနိုင်သလဲ။ သွားကိုက်၊ သွားနာရောဂါတွေအတွက် မာလကာရွက်အရေဟာ ဘယ်လိုအသုံးဝင်သလဲ။ ဦးရေပြားကျန်းမာရေးအတွက် မာလကာပင်က ဘယ်အစိတ်အပိုင်းကိုအသုံးပြုနိုင်သလဲ စတာတွေကို နားဆင်ရမှာပါ။

ရေရှားပါးပြီး မသန့်ရှင်းတဲ့ရေတွေသောက်သုံးနေရလို့ ရဲဘော်၊ ရဲမေတွေ အရေပြားရောဂါဖြစ်နေ (ရုပ်/သံ)

"ဒီဘက်မှာတော့ ရေရှားပြီး မသန့်လို့ ကျန်းမာရေး ထိခိုက်မှုတွေဖြစ်နေတယ်။ ရေကခမ်းပြီး အောက်ခြေမှာက နွံတွေပါတယ်။ လက်ရှိသောက်သုံးနေရတာက ကန်ရေပဲ။ ရဲဘော်၊ ရဲမေတွေက အရေပြားတွေပေါ်မှာ အဖုအပိန့်တွေထပြီး အရေပြားရောဂါလက္ခဏာပြနေတယ်။"

ပကဖ စစ်သင်တန်းဆင်းပွဲမှာ သံချပ်နဲ့ဖျော်ဖြေခဲ့တဲ့ ရဲဘော်တွေ (ရုပ်/သံ)

သင်တန်းဆင်းပွဲကိုတော့ တောတွင်းတနေရာမှာကျင်းပခဲ့ပြီး သင်တန်းဆင်း ရဲဘော်တွေရဲ့ဆန္ဒအရ သံချပ်သီဆိုတာတွေ ပြုလုပ်စေခဲ့တယ်လို့လည်း မတ္တရာပကဖရဲ့ တာ၀န်ရှိသူက​ပြောပါတယ်။

မြေလတ်ပေးစာ (Podcast)

- ရွှေဘိုမြို့နယ်မှာ ပကဖ၊ ပအဖအချို့ ဘာတွေလုပ်နေသလဲ။ - ပဒါန်းမှာ ကားသမားတွေကို ရိက္ခာပို့ဖို့မဲနှိုက်ခိုင်းနေ။ - မင်းဘူးမှာ စစ်သားတွေက ဘယ်လိုကားတွေနဲ့ စစ်ဆေးရေးလုပ်နေသလဲ။

ခိုလှုံသူ ၇၀ ကျော်ရဲ့ နေထိုင်ရေး ကျောင်းသားလက်ရုံးတပ် ကူညီပေးနေ

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စာရင်းကောက်တာ မဲနှိုက်တာတွေ ပြုလုပ်လာတာနဲ့အမျှ ရန်ကုန်၊ မန္တလေးနဲ့ မကွေးတိုင်းထဲက မိသားစုတွေ လာရောက်ကြသလို အချို့ကတော့ တပ်တွင်းရဲဘော်တွေရဲ့ မိသားစုဝင်တွေဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ တွဲကားတွေ မိုင်းဆွဲခံရ (ရုပ်/သံ)

လက်နက်ခဲယမ်းတွေသယ်ဆောင်လာတဲ့ တွဲကားတွေဟာ မန္တလေးဘက်ကနေ ထွက်လာတာဖြစ်ပြီး မေ ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်း ၈ လုံးဆွဲပြီးတိုက်ခိုက်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

မကြီးအုပ်ရွာစာသင်ကျောင်း ဗုံးကြဲခံရမှု သေဆုံးသူ ၇ ဦးရှိလာပြီး ၂၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"ကာကွယ်ရေးဘက်က ၄ ယောက်သေတယ်။ ပြည်သူက ၃ ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေ ၂၃ ဦး ရှိတယ်။ အဲဒီအထဲက ခြေထောက်ဖြတ်ရတာ ၂ ယောက်နဲ့ လက်ဖြတ်လိုက်ရတာ ၃ ယောက်ရှိတယ် "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10