ရုပ်သံ

ကညနရုံးနဲ့ စီးပွားရေးဘဏ်က စစ်သားတွေ တိုက်ခိုက်ခံရလို့ ၄ ဦးသေ (ရုပ်/သံ)

ဒီဇင်ဘာလ ၉ ရက် ည ၉ နာရီကျော်ခန့်က အင်အား ၄၀ ခန့်ရှိနေတဲ့ ကညနရုံးက စစ်ကောင်စီအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သလို ဒီဇင်ဘာလ ၁၀ ရက် မနက် ၂ နာရီခန့်မှာ အင်အား ၁၅ ဦးခန့်သာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်ကောင်စီအဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်မြို့ ဆီပြတ်လပ်မှုပိုဆိုးလာ ၂ မိုင်နီးပါးတန်းစီစောင့်နေရပြီး ရဲနဲ့ယာဉ်ထိန်း လုံခြုံရေးယူထား (ရုပ်/သံ)

"မနေ့က ညနေကဆို တိုးဝှေ့နေကြတာပဲ။ ကားတွေကော ဆိုင်ကယ်တွေရော အိုးဝေတွေပါ တန်းစီနေတာ ၂ မိုင်လောက်တောင်ရှိမယ် ဘဲဥတွေက လမ်းရှင်းပေးတယ်။ ရဲတွေက လုံခြုံရေးယူထားတယ်"

လေယာဥ်နဲ့ပစ်လို့ သေဆုံးခဲ့တဲ့ တပ်မိသားစုဝင်ရဲ့ လသားကလေးကို PDF ကယ်ထုတ် (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တိုက်ပွဲအတွင်းမှာ လေယာဥ်နဲ့ပစ်လို့ သေဆုံးခဲ့တဲ့ တပ်မိသားစုဝင်ရဲ့ လသားအရွယ် နို့စို့ကလေးငယ်တဦးကို PDF တွေက ကယ်ထုတ်ခဲ့ပါတယ်။

"ကြယ်စင် နဲ့ လမင်းတို့ စစ်တပ်" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာ "ကြယ်စင် နဲ့ လမင်းတို့ စစ်တပ်"ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

အမြောက်တပ်ဖွဲ့ဝင်တွေရဲ့ဇနီး လုံခြုံရေးခေါင်းဆောင်အမျိုးသမီး ၂ ဦးကို PDF က ဖမ်းမိ (ရုပ်/သံ)

“ တပ်နဲ့ မီတာ ၁၀၀၀ လောက်ပဲ ကွာတော့တယ် ဖမ်းမိတဲ့နေရာက။ ရဲမေ ၂ ယောက်ကိုတော့ အရှင်ရခဲ့တယ်။ စစ်မှုထမ်းဟောင်းဆိုတဲ့ တပ်ကြပ်ကတော့ တောင်းတောင်းပန်ပန်နဲ့ခေါ်နေတဲ့ကြားထဲက ထွက်ပြေးတာကြောင့် ပစ်လိုက်တော့တာ"

မုန်းတိုက်ပွဲ လက်နက်ချတဲ့ စစ်ကောင်စီအဖွဲ့နဲ့ မိသားစုတွေကိုကြိုဆို (ရုပ်/သံ)

ဒီဇင်ဘာ ၂ ရက်ကနေ ၄ ရက်နေ့အတွင်း ဖြစ်ပွားခဲ့တဲ့ မုန်းရဲစခန်း၊ ခမရ ၅၉၀၊ ခမရ ၅၉၉ စခန်းသိမ်းတိုက်ပွဲတွေမှာ လက်နက်ချခဲ့တဲ့ ခမရ ၅၉၀၊ ခမရ ၅၉၉ က စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၂၀ ကျော်နဲ့ မိသားစုဝင်တွေ စုစုပေါင်း ၅၈ ဦးကို ကြိုဆိုခဲ့ကြတာပါ။

တပတ်အတွင်း မြေလတ်သတင်း

- ခွင့်မဲ့/စစ်ပြေးတွေ စစ်မှုပြန်ထမ်းပါက ပြစ်ဒဏ်မပေးဘဲ လက်ခံမယ်လို့ စစ်ကောင်စီထုတ်ပြန် - မုန်းတိုက်ပွဲမှာ ခလရ ၈၄ ဗိုလ်မှူး ကျော်လတ်ခိုင် အပါ ၂၀ ကျော် လက်နက်ချ - တောင်ငူလေတပ် ဒရုန်းနဲ့ဗုံးကြဲခံရမှု လေယာဉ်ဂိုဒေါင်ရှေ့ပေါက်ကွဲ - ကသာမြို့ဌာနဆိုင်ရာမှ CDMနဲ့ အလင်းဝင်လာသူ ၁၃၀ ကျော်အထိရှိလာ၊ အင်းတော်မှာ Non-CDM ၁၀၀ ကျော် CDM ပြုလုပ် - ချောက်မှာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး PDF ၁ ဦးသေ၊ စစ်အုပ်စုဘက်က သေဆုံးသူများဟုဆို - PDFသိမ်းယူထားတဲ့ကောလင်းမြို့အနီးကို စစ်တပ်ကအင်အားတိုးမြှင့်ပို့ဆောင်မှုတွေ ဆက်တိုက်ပြုလုပ် - ရွှေဘိုမြို့နယ်မှာ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၅ဦးသေဆုံး - ကစွန်းမရဲစခန်း စီးနင်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၇ ဦးသေ ၁၅ဦး ဒဏ်ရာရ - ပဲခူးအနောက်ခြမ်းမှာ NLD ရပ်ကျေးအမှုဆောင်နဲ့ ပါတီဝင်အချို့ ဆက်တိုက်ဖမ်းခံနေရ - မြိုင်မြို့ နေရာ ၃ နေရာကို PDF အဖွဲ့တွေ ဝင်ရောက်ပစ်ခတ်

စစ်တပ်ကသတ်ခဲ့တဲ့ ကျဆုံးရဲဘော်နဲ့ ပြည်သူ ၁၀ဦး ၂နှစ်ပြည့်အထိမ်းအမှတ် (ရုပ်/သံ)

"ကျဆုံးရဲဘော်တွေရဲ့ ဂူဗိမာန်မှာ ပန်းခွေချတာ ပန်းတွေနဲ့ဂုဏ်ပြုခဲ့တယ်။အလေးနီပြုဦးညွှတ်ရင်း ဝေမျှနှင်းဆီတွေကိုလည်း အုတ်ဂူပေါ်မှာ ချပေးခဲ့ပါတယ်"

"စစ်တပ်က နိုင်ငံရေးထဲပါနေရင် ဘယ်တော့မအေးချမ်းဘူး"

တပ်မတော်သားများအနေနဲ့ သူတပါးအာဏာတည်မြဲဖို့ ကိုယ့်ကိုလက်ကိုင်တုတ်လို အသုံးချနေတာ ပြန်စဉ်းစားကြပါ။ ကိုယ့်အရိပ်က ကိုယ့်နောက်အမြဲလိုက်နေမှာပါပဲ။ အကုသိုလ်တွေရှောင်ကြပါ။ ကိုယ်ချင်းစာတရားထားကြပါ။ ပြည်သူနဲ့ပူးပေါင်းကြပါလို့ ပြောချင်ပါတယ်။

ရွှေဘိုမြို့နယ်မှာ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၅ဦးသေဆုံး (ရုပ်/သံ)

"စိုက်ပျိုးရေးခြံဘက်အပြန်တိုက်တာ။ ပဒေသာမိုင်း ၅ လုံးခွဲပြီး လက်နက်ကြီးနဲ့ပစ်တာ။ ** ၃ ကောင်နဲ့ ပျူ‌စောထီး ၂ ကောင်သေတယ်လို့ သိရတယ်။ သေဆုံးတဲ့ အလောင်းတွေကိုတော့ ၅ ရက်နေ့က သင်္ဂြိုဟ်တယ်"

“ကုန်းထိကရုံးပင် ဆေးဖက်ဝင်” (Podcast)

စိတ်ကျ၊ အိပ်မပျော်ရောဂါများကုသနိုင်ဖို့အတွက် ကုန်းထိကရုံးပင်ဟာဘယ်လိုအသုံးဝင်သလဲ။ အသည်းရောင်အသားဝါအတွက် ကုန်းထိကရုံးပင်ကို ဘယ်လိုမျိုးသောက်သုံးပေးနိုင်သလဲ။ လိပ်ခေါင်းရောဂါသက်သာအောင် ကုန်းထိကရုံးပင်နဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။

အွန်လိုင်းဈေးသည်ဘဝမှ PDF စစ်သမီး ဖြစ်လာသူ (အမျိုးသမီးကဏ္ဍ)

တော်လှန်ရေးမပြီးမချင်း အိမ်မပြန်ဘူးလို့ ပြောလာတဲ့ အယွန်းတယောက် လက်ရှိအဖွဲ့ထဲမှာ ဆေးတပ်သားတာဝန်အပြင် တပ်ဖွဲ့ဘဏ္ဍာရေးရှာဖွေတဲ့အပိုင်းမှာ တာဝန်ယူလုပ်ကိုင်ပေးနေပါတယ်။

“ကျည်မပြေးတော့ လူပြေးရတယ်” (အမောပြေအလွဲများ)

တပ်ပြန်ဆုတ်လာနေတဲ့ ရဲဘော်တွေ အကာအကွယ်ဖြစ်ဖို့အတွက် MDFအဖွဲ့က လက်နက်ကြီး ပစ်ကူပေးဖို့ ပြင်ဆင်ကြပါတယ်။ MDF အဖွဲ့ တာဝန်ခံ ဗိုလ်စောဂျိမ်းစ်ကိုယ်တိုင် ၆၀ မမကျည်ဖူးတွေကောက်ပြီး ပထမဆုံးအချက်ကို ပစ်ပစ်ချင်းမှာပဲ ဗုံးသီးက သူတို့အရှေ့နားတင်ပြန်ကျခဲ့တာပါ။

ပခုက္ကူက စစ်ဆေးရေးဂိတ်ကို PDFတွေဝင်ပစ်လို့ စစ်သား ၁ ဦးသေ (ရုပ်/သံ)

"နေ့လယ် ၁၁ နာရီ‌လောက်မှာ အဲ့ဒီစစ်ဆေးရေးဂိတ်မှာရှိတဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေနဲ့ ၇ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှု ထိပ်တိုက်ဖြစ်တယ်။ မီတာ ၁၅၀ လောက်အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ"

ကစွန်းမရဲစခန်း စီးနင်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၇ ဦးသေ ၁၅ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်သား၊ ရဲ နဲ့ ပျူစောထီး အပါအဝင် အင်အား ၆၀ ဦးဝန်းကျင်ရှိတဲ့ ကစွန်းမရဲစခန်းထဲကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်သာ ၅ ဦး၊ ရဲ ၂ဦး သေဆုံးကာ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MDF တာဝန်ခံဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10