ရုပ်သံ

ပုလဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ရဲစခန်းနဲ့ သစ်တောရုံးကို လက်နက်ကြီးနဲ့ပစ်ခံရ (ရုပ်/သံ)

နိုဝင်ဘာ ၂၂ ရက် မနက် ၈နာရီခွဲမှာ ၆၀၊ ၈၀၊ ၁၂၀ မမလက်နက်ကြီး စုစုပေါင်း အလုံး ၅၀လောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မဲမှောင်ပြောက်ကျားတပ်ဖွဲ့ ဒုခေါင်းဆောင် ဗိုလ်နေမင်းက ပြောပါတယ်။

ဆားလင်းကြီး မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

အင်အား ၁၀၀ ဝန်းကျင်နဲ့ အထိုင်ချတပ်စွဲနေတဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့၊ စစ်ကောင်စီတပ်စွဲထားရာ စာသင်ကျောင်းတို့ကို Chindwin Toe Na Yar PDFနဲ့ မဟာမိတ်အဖွဲ့တွေက ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ၊ ၁၂၀ မမ အပြင် လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Chindwin Toe Na Yar PDF ဗိုလ်မုန်တိုင်းက ပြောပါတယ်။

စစ်တပ်ထောက်ခံပွဲလုပ်သူတွေ ကားပေါ်က မဆင်းရဲ (ရုပ်/သံ)

ထောက်ခံပွဲလုပ်​နေချိန်မှာ စစ်တပ်၊ ရဲနဲ့ ယာဥ်ထိန်းတွေက လုံခြုံရေးယူ၊ လမ်းကြောင်းရှင်းပေးနေတာတောင် ထောက်ခံပွဲလိုက်ပါလာသူတွေက ကားပေါ်က မဆင်းရဲသလို ကြွေးကြော်သံတွေကို တက်ကြွစွာ အော်ဟစ်တာမရှိဘဲ ဝတ်ကျေတန်းကျေသာပြောဆိုပြီး ကားပေါ်မှာထိုင်ပြီး လိုက်ပါနေကြတယ်လို့ ဆိုပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ကောလင်းကို အုပ်ချုပ်ရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ CDM ၀န်ထမ်းတွေကိုပြန်ခေါ် - မြေလတ်ဒေသမှာ တပတ်တာအတွင်း ပြည်သူ့ဘက်ကိုကူးပြောင်း အလင်းဝင်လာကြတဲ့ စစ်ကောင်စီတပ်သားများ - ပန်းတိုင်းခြုံရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁၆ ဦးသေဆုံး - ကလေးမြို့က စစ်ကောင်စီစခန်းတခုကို သိမ်းနိုင်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေကာ အရှင်ဖမ်းမိသူတွေလည်းရှိ - ရွှေပန်းကုန်းရွာ စခန်းသိမ်းတိုက်ပွဲမှာ စခန်းမှူးအပါ ၁၅ ဦးကို အရှင်ဖမ်းမိထား - တန့်ဆည်မြို့မှာ အထိနာခဲ့တဲ့စစ်တပ်သောင်းကျန်းနေပြီး နေအိမ်တွေ မီးရှို့၊ ဈေးဆိုင်က ပစ္စည်းတွေကို အဓမ္မယူငင် - ကျောက်ရစ်ရဲစခန်း တိုက်ခိုက်ခံရလို့ စစ်သား ၁ ဦးသေဆုံး - မုံရွာက စစ်သားနဲ့ ရဲဝန်ထမ်းတွေ ပြည်သူ့ရင်ခွင် ခိုလှုံဖို့ လူထုလှုပ်ရှားမှုပြုလုပ် - ပေါက်ခေါင်းကကျေးရွာတွေကို စစ်ကောင်စီက အပြင်ထွက်ခွင့် ၁၂ နာရီသာပေး - MOD ရဲ့ ဗျူဟာအဆင့်သင်တန်းက PDF ရဲဘော်တွေအတွက် အသုံးအဆောင်ပစ္စည်းတချို့ ထောက်ပံ့ပေး - တိုက်ပွဲပြင်းထန်လာနိုင်လို့ လူထုကို စစ်ရေးအသိ၊ သတိနဲ့ ဘေးအန္တရာယ်လျော့ချနိုင်ရေးပညာပေး

သတ်ခံလိုက်ရပြီလို့ တပ်ဘက်က ဝါဒဖြန့်ထားသူ ပြည်သူ့စစ်ခေါင်းဆောင်ကို အသက်ရှင်လျက် PDF က ထိန်းသိမ်းထား (ရုပ်/သံ)

PDF တပ်ဖွဲ့ဝင် ၂ဦး အလင်းဝင်လာပြီး ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်နေရာကနေ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဦးမြင့်အောင်ကို သတ်လိုက်တယ်လို့ စစ်တပ်ထောက်ခံသူ တယ်လီဂရမ်ချန်နယ်တွေနဲ့ လူမှုကွန်ယက်တွေမှာ ဖော်ပြနေပေမယ့် အသက်ရှင်နေသေးတယ်လို့ တမူး PDF ဆီက သိရပါတယ်။

ပန်းတိုင်းခြုံရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁၆ ဦးသေဆုံး (ရုပ်/သံ)

"ကျနော်တို့က စခန်းရတယ်၊ ဘန်ကာမရခဲ့ဘူး။ စခန်းအထိတော့ ကျနော်တို့ ဝင်ရောက်ပြီး တိုက်ခိုက်နိုင်ခဲ့တယ်၊ နောက်ဆုံးဘန်ကာတခု ကျန်တဲ့အချိန်မှာ တဖက်ကရန်သူရဲ့ တပ်ကူရောက်လာတယ်”

လက်နက်မလောက်လို့  MRGF အမျိုးသမီးရဲမေတွေ တိုက်ပွဲဝင်ခွင့်မရ (ရုပ်/သံ)

အမျိုးသမီးရဲဘော်တွေအနေနဲ့ တော်လှန်ရေးအစပိုင်းမှာ လက်နက်ကိုင်ခွင့်ရခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ လက်နက်အင်အား မလုံလောက်တဲ့အတွက် ထောက်ပို့နဲ့ ဆေးဝါးအကူ ဘက်တွေမှာသာ ပါဝင်အားဖြည့်နေရတယ်လို့ MRGF ဆေးတာဝန်ခံ မယ်ဒီစင် ကပြောပါတယ်။

မြောင်မှာ စစ်ရှောင်တွေအပြင် PDF တွေကိုပါ ရိက္ခာပစ္စည်းတွေ ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေနဲ့ ရှေ့တန်းရောက် PDF ရဲဘော်တွေကို ရိက္ခာနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို နိုင်ဝင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်မှာ ထောက်ပံပေးခဲ့တယ်လို့ Youths for Community-Myaung မြောင်လူငယ်ကွန်ရက် အဖွဲ့ဆီကသိရပါတယ်။

“စားသုံးဆေးဝင် ခံတက်ပင်” (Podcast)

ကျောက်ကပ်နဲ့ ဆီးအိမ်ကျောက်တည်သူတွေအတွက် ခံတက်ရွက်ဟာ ဘယ်လိုအထောက်အကူ ပေးသလဲ။ ဆီးပူ၊ ဆီးအောင့်၊ ဆီးကျဉ်ရောဂါများအတွက် ခံတက်ရွက်ကိုအသုံးပြုပြီး ဘယ်လိုကုသနိုင်သလဲ။ သံဓာတ်အားနည်းသူတွေအတွက် ခံတက်ရွက်ဟာဘယ်လိုအသုံးဝင်သလဲ။ ခံတက်ရွက်ကို ပုံမှန်စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေက ဘာတွေလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

"စစ်ကောင်စီ အခက် PDF အချက် " (ရုပ်/သံ)

စစ်ကိုင်းမှာ မြို့သိမ်း၊ စခန်းသိမ်းဖို့ ဘယ်လိုပြင်ဆင်ထားလဲ။ စစ်အုပ်စုကရော ဘယ်လိုအခြေအနေ ရှိနေလဲ။ အလင်းမဝင်တဲ့ စစ်ကောင်စီတပ်သားတွေကို PDF တွေဘက်က ဘာတွေပြောချင်နေလဲ ဆိုတာတွေကို Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲကို ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ BPLA ရဲဘော် ဒီပဲယင်းသား ၄ ဦး (ရုပ်သံဆောင်းပါး)

BPLA က သူတို့ကို အာဇာနည်တွေအဖြစ် သတ်မှတ်ပြီး ဒီပဲယင်းဒေသခံတွေက သူတို့ ၄ ဦးအတွက် အမှတ်တရ ဂူဗိမာန်တည်ဆောက်ခဲ့ပါတယ်။ သူတို့ ၄ ဦးနဲ့ သက်ဆိုင်သူတွေက ပြောပြလာတဲ့ သူတို့အကြောင်းကို မြေလတ်အသံက ရုပ်သံဆောင်းပါးအဖြစ်တင်ဆက်လိုက်ပါတယ်။

မြေလတ်ပေးစာ (Podcast)

- ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကပစ ၃ က စစ်သားတွေအတွက်စာ - ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်၊ ထောက်ကြန့်အုပ်စုမှာဘာတွေဖြစ်နေလဲ။ - စဉ့်ကိုင်၊ ကွန်ပြူတာတက္ကသိုလ်နားက လုယက်မှုတွေစတဲ့ စာတွေကို နားဆင်ရပါမယ်။

တိုက်ပွဲပြင်းလာနိုင်လို့ လူထုကို စစ်ရေး အသိ၊ သတိနဲ့ ဘေးအန္တရာယ်လျော့ချနိုင်ရေးပညာပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီရဲ့ စစ်ရေးကပိုပြီးတင်းမာလာနိုင်တဲ့ အခြေအနေ ၈၀ ရာခိုင်နှုန်းလောက်ရှိတဲ့အတွက် ပြည်သူလူထု ဘေးကင်းလုံခြုံဖို့ အရေးကြီးလာတာကြောင့် ခုလိုပြုလုပ်ခဲ့တာလို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ ဗျူဟာမှူး သခင်ဒေါင်းညိုက ပြောပါတယ်။

ကောလင်းကို အုပ်ချုပ်ရေးလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ CDM တွေကိုပြန်ခေါ် (Reels)

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းတွေမှာ တာ၀န်ထမ်းဆောင်နိုင်ဖို့ ကောလင်းခရိုင် မြို့နယ်ဌာနအသီးသီးက CDM ၀န်ထမ်းတွေအနေနဲ့ ခရိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီ ဆက်သွယ်ပြီး တာ၀န်ထမ်းဆောင်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

"ဒကစရှိတဲ့ လောက်ကိုင်ကို သိမ်းနိုင်ရင် တိုင်းစစ်ဌာနချုပ်အထိသိမ်းနိုင်ဖို့ မျှော်လင့်လို့ရတယ်"

ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ လောက်ကိုင်မြို့တိုက်ခိုက်မယ်ဆိုတဲ့အခြေအနေနဲ့ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီတပ်ရင်ဆိုင်နေရတဲ့ စစ်ရေးအခြေ အနေတွေအပေါ် မြန်မာစစ်တပ်မှာ ၁၅ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM တပ်မတော်သား ဗိုလ်ကြီး ထက်မြက်ရဲ့ သုံးသပ်ချက်တွေကို တင်ဆက်ပေးထားပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10