ရုပ်သံ

ဂန့်ဂေါဒေသခံတွေရဲ့ ပစ္စည်းတွေကိုယူနေတဲ့စစ်အုပ်စု ဒရုန်းနဲ့တိုက်ခိုက်ခံရ (ရုပ်/သံ)

ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းက စစ်အုပ်စုအင်အား ၅၀ လောက်ဟာ ကန်ရွာထဲက ပြည်သူပိုင်နေအိမ်တွေကို ဖျက်ဆီးယူဆောင်နေလို့ မနေ့နေ့လယ် ၁ နာရီခွဲလောက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မြောင်မြို့ရဲစခန်းနဲ့ စစ်ဗိုလ်နေထိုင်ရာအိမ်တို့ကို ဒရုန်းသုံးပြီးတိုက်ခိုက် (ရုပ်/သံ)

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ Shar Htoo Waw နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone တစီး နဲ့ ရဲစခန်းထဲကို ဗုံးသီး ၄ လုံးနဲ့ ပစ်ခတ်ခဲ့သလို ရဲစခန်းရဲ့ ၂ အိမ်ကျော်မှာရှိတဲ့ စစ်ဗိုလ်တဦးရဲ့နေအိမ်ကိုလည်း Drone ဗုံးသီး ၁ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဆေးဖက်ဝင် အုန်းပင်” (Podcast)

ကိုယ်ဝန်ဆောင်မိခင်တွေကို အုန်းရေက ဘယ်လိုအာဟာရတွေပေးသလဲ။ အုန်းသီးစားသုံးခြင်းဟာ ဝိတ်ချနေသူတွေအတွက် ဘယ်လိုအထောက်အကူပြုသလဲ။ ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါ အုန်းရွက်ပြုတ်ရေဟာ ဘယ်လိုအသုံးဝင်သလဲ။ အစာအဆိပ်သင့်တဲ့အခါ အုန်းပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသလို့ရသလဲဆိုတာတွေကို နားဆင်ရမှာပါ။

ပြန်လည်အသက်ဝင်လာတဲ့ ယောဓလေ့ သနပ်ခါးပါးတို့ပွဲနဲ့ မီးကြာလှည့်ပွဲ (ရုပ်/သံ)

အထင်ကရပွဲတွေကို ကိုဗစ်ဆိုးဝါးစွာဖြစ်ပွားခဲ့တဲ့ နှစ်တွေမှာပဲ ရပ်နားခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအားကောင်းတာနဲ့အတူ နယ်မြေစိုးမိုးမှုရရှိလာချိန်မှာတော့ အခုလိုမျိုး ပြန်လည်ကျင်းပသလို ပွဲတော်ရဲ့ အခမ်းအနားအပြည့်အစုံနဲ့ အသက်ဝင်လာအောင် ကြိုးစားအားထုတ်လာကြပါတယ်။

သီတင်းကျွတ်လပြည့်ညမှာ ရဲဘော်တွေကို သီချင်းနဲ့ဖျော်ဖြေခဲ့တဲ့ တပ်ရင်းမှူး (ရုပ်/သံ)

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ညမှာ မြင်းခြံခရိုင် တပ်ရင်း ၇ (Zeroပြောက်ကျားတပ်မဟာ)ဌာနချုပ်မှာ တပ်ရင်းမှူး ဗိုလ်သက်ကြီးကို ရဲဘော်တွေက ကန်တော့ခဲ့ကြပါတယ်။ ကန်တော့ခံအပြီးမှာ ဗိုလ်သက်ကြီးက ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေကို "မိအေးဘယ်မှာလဲ" မြန်မာသံစဥ်သီချင်းနဲ့ ပြန်လည်ဖျော်ဖြေခဲ့တာပါ။

တရက်တည်း စစ်ကောင်စီဂိတ်စခန်း ၂ ခု ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး (ရုပ်/သံ)

“ Drone ၂ စီးနဲ့ သွားပစ်ခဲ့တာ၊ Drone ၁ စီး ဆုံးရှုံးခဲ့တယ်။ ငွေတွင်းရွာကို ချခဲ့တာက စကစဘက်က ၂ ယောက်သေတယ်။ လှတောဘက်မှာလည်း ထိခိုက်တာတော့ရှိတယ်။ အတိအကျမသိရသေးဘူး။ သူတို့ဘက်ကလူတွေထိလို့ စစ်**တွေက လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြန်ပစ်တယ်”

ဩဇာသီးချိန် ပြည်အလွမ်း (အသံလွှင့်ဆောင်းပါး)

ပြည်မြို၊ တစ်ချိန်က နှစ်ထပ်သင်္ဘောကြီးတွေဝင်ထွက်သွားလာစုန်ခဲ့၊ ဆန်ခဲ့။ အညာကုန်တွေပေါခဲ့။ ဧရာဝတီမြစ်ဟာ လှပညင်သာစွာစီးရင်း စတုတ္ထမြစ်ကျဉ်းတိုလည်း ဖြစ်ပေါ်ခဲ့ရာ။ သြဇာသီးများချိုမြိန်ခဲ့ရာ။ သြဇာသီးတွေရင့်မှည့်ချိန်မှာတော့ ပြည်ကိုရောက်အောင်သွားမယ်။ ဧရာဝတီအနောက်ဘက်ကမ်းက တောင်ယာတဲတွေဆီ သွားမယ်။ သြဇာသီးတွေတောင်းစားရင်း သူတိုနဲ့စကားစမြည်ပြောရင်း တနှစ်စာအလွမ်းကို ဖြေဖျောက်မယ်။ သြဇာသီးတွေ လှိုင်လှိုင်သီးပါစေ။ တောသူမကြီးတွေ ကျန်းမာရေးကောင်းပါစေ။ ပျော်ရွှင်ကြပါစေ။

မြောင်က ၃ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁၃ ဦးကျော် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ဆူးလေကုန်းကျေးရွာ၊ သုခဒီပကျေးရွာနဲ့ ရွှေလှံကျေးရွာတွေမှာ ၃ ရက်အတွင်း ၃ ကြိမ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၁၃ ဦးကျော်ဒဏ်ရာရတယ်လို့ Myingyan District Drone Strike Team ထံက သိရပါတယ်။

လက်လုပ်ပြောင်းကွဲလို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်စိတ်မှူး ကျဆုံး (ရုပ်/သံ)

ကျဆုံးခဲ့တဲ့ အသက်၃၀အရွယ် တပ်စိတ်မှူး ဖိုးကျော်ရဲ့ အလောင်းကို ပြန်သယ်လာနိုင်ခဲ့ပြီး အောက်တိုဘာ ၃၀ ရက် မနေ့က နေ့လယ် ၁ နာရီလောက်မှာ သူ့ရဲ့စျာပနအခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

NUG ကြားကာလပညာရေးစနစ်ကို ဗကသများအဖွဲ့ချုပ်က မေးခွန်းထုတ် (ရုပ်/သံ)

"အဆင့်မြင့် ပညာရေး ကဏ္ဍမှာဆိုရင် နွေဦးတက္ကသိုလ်ဆိုတဲ့ အွန်လိုင်းစနစ်တွေပဲရှိသေးတယ်။ အဲ့ဒီအွန်လိုင်းစနစ်တွေမှာဆိုရင် အညာဒေသတို့ တိုင်းရင်းသားဒေသတွေပဲဖြစ်ဖြစ် ဘယ်ဒေသမှာမဆို အင်တာနက်အဆင်မပြေမှု၊ လုံခြုံရေးအဆင်မပြေမှုတွေနဲ့ တက်ရောက်ဖို့က ကျောင်းသားတွေအနေနဲ့အဆင်မပြေမှုတွေ ဖြစ်နေတယ်။ အခြေခံပညာမှာရောအဆင့်မြင့်ပညာမှာပါ လိုအပ်ချက်တွေရှိနေတယ်။ အဲ့ဒီလိုအပ်ချက်တွေကို ကျွန်တော်တို့က မေးခွန်းထုတ်ရခြင်းဖြစ်ပါတယ် "

စစ်အာဏာသိမ်း ရက် ၁၀၀၀ ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် (ရုပ်/သံ)

"သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားရှင်ကို တိုင်တည်ပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံး ပြုတ်ကျရေးနဲ့ နိုင်ငံနဲ့အနှံ့မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ကျဆုံးရဲဘော်တွေအတွက် ဆုတောင်းဆီမီးထွန်းပွဲလေးလုပ်ခဲ့တာပါ"

မကွေးတိုင်းမှာ သီတင်းကျွတ်ကာလ ခြင်းအလှခတ်ပြသူ နည်းလာ (ရုပ်/သံ)

ရိုးရာခြင်းခတ်တာ အသက် ၃၀ အောက်လူငယ်တွေရှားပါးပြီး တခြားအားကစားနည်းတွေ ခေတ်စားလာတဲ့အတွက် အခုလိုအလှပြခြင်းခတ်တာတွေ ပျောက်ပျက်သွားမှာ စိုးနေတယ်လို့ အလှခြင်းခတ်သူက ပြောပါတယ်။

ဘီးလူးစစ်ကြောင်း လက်ကျန်စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေ ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ရွှေလှံရွာအနီးမှာ ဘီးလူးစစ်ကြောင်းက လက်ကျန်စစ်သားတွေကို ကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာ ၂၈ ရက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ဆီက သိရပါတယ်။

"တော်လှန်ရေးဆူးညှောင့် ဖက်ခွက်စားများ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာ "တော်လှန်ရေးဆူးညှောင့် ဖက်ခွက်စားများ" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

ရှမ်းမြောက်ပိုင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ အညာဒေသက လက်နက်ကိုင်ခေါင်းဆောင်တွေ ဘာပြောသလဲ (ရုပ်/သံ)

ကိုးကန့် MNDAA၊ ရခိုင့်တပ်တော် AA နဲ့ တအောင်း TNLA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖို့ ၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးတခုကို အောက်တိုဘာ ၂၇ ရက်မှာ စတင်ဆင်နွှဲနေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လို့ နေပါတယ်။ အထက်ပါအခြေအနေတွေနဲ့ ပတ်သက်ပြီး အညာဒေသက တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို မြေလတ်အသံသတင်းဌာနက တယ်လီဖုန်းမှတဆင့် ဆက်သွယ်မေးမြန်ခဲ့ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10