ရုပ်သံ

မြေလတ်ပေးစာ (Podcast)

- ပန်းတောင်းမြို့ရဲစခန်း စခန်းမှူး ဘာတွေလုပ်နေလဲ။ - လောင်းကစားနဲ့အွန်လိုင်းဂိမ်းတွေကြောင့် ပြည်သူတွေဘာတွေဖြစ်နေလဲ။ - သရက်ခရိုင်အုပ်ချုပ်ရေးမှူးတင်မျိုးလတ် ပြည်သူအပေါ် ဘယ်လိုဒုက္ခပေးနေသလဲ စတဲ့ စာတွေကို နားဆင်ရပါမယ်။

တောင်သူလုပ်ပြီး လက်နက်ကိုင်တော်လှန်နေတဲ့ BRR ရဲဘော် ၁၅ ဦး (ရုပ်/သံ)

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ Burma Revolution Rangers အဖွဲ့ဟာ တော်လှန်ချိန် ၂ နှစ်ကျော်ကြာလာတဲ့အထိ လက်နက်ခဲယမ်းအတွက် တောင်သူလုပ်ရင်း ရဲဘော်အင်အား ၁၅ ဦးနဲ့ တော်လှန်နေတာလို့ အဲဒီအဖွဲ့ရဲ့ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

"အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး" (ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က ဦးဆောင်ပြီး ဒီဇင်ဘာ ၁ရက်မှာ "အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး" ဆိုတဲ့ လှုပ်ရှားမှုတခုကို မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုတွေက ပူးပေါင်းပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

"ဒရုန်းသံကြားရင်ပြေးတဲ့ စတမ်းဒက်အာမီကြီး" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာ "ဒရုန်းသံကြားရင်ပြေးတဲ့ စတမ်းဒက်အာမီကြီး"ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

ကလေးမြို့က စစ်ရှောင် ၂၀၀၀၀ ကျော် ရိက္ခာနဲ့အမိုးအကာ လိုအပ် (ရုပ်/သံ)

ကာလရှည်စစ်ရှောင်နေရသူတွေအတွက် ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးဌာန၊ ကလေးမြို့နယ် ဒုတာဝန်ခံကိုသူရိန် ကပြောပါတယ်။

တောင်ငူလေတပ် ဒရုန်းနဲ့ဗုံးကြဲခံရမှု လေယာဉ်ဂိုဒေါင်ရှေ့ပေါက်ကွဲ (ရုပ်/သံ)

ဒရုန်းဖျက် Jammer တွေတပ်ဆင်ထားတဲ့ လေယာဉ်ကွင်းကို အထူးစစ်ဆင်ရေးတစ်ရပ်အနေနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လေယာဉ်ဂိုဒေါင်ရှေ့နေရာကို ကျရောက်ပေါက်ကွဲပြီး လေယာဉ်ပြုပြင်တဲ့ အနီးက ကားတစီးရှေ့ပိုင်းပျက်စီးပြီး လေယာဉ်ဂိုထောင်ဘေးတခြမ်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကိုင်းက ချေမှုန်းအောင်မြင်ခဲ့တဲ့ စစ်ကောင်စီစခန်းစာရင်းကို NUG ဆက်တိုက်ထုတ်ပြန် - ပြည်မြို့ဒကစဝန်းအတွင်း အရာရှိကြီးတွေ ပုန်းအောင်းဖို့ ဗုံးခိုကျင်းတွေ အခိုင်အမာတည်ဆောက်နေ - အောင်ပွဲရ တိုက်ပွဲပြန်ရဲဘော်တွေကို အောင်သပြေနဲ့ကြိုဆို - စစ်တောင်းမြစ်ဘေးရွာတွေကို ပျူစောထီးအင်အားတောင်းပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ဝင် ၄၀ ကျော် ထွက်ပြေးနေ - ဆားလင်းကြီးမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး - အုပ်ချုပ်ရေးမှူး ၆ ဦး အသတ်ခံရပြီးနောက် အထက်မင်းလှနဲ့မင်းတုန်းနယ်က အုပ်ချုပ်ရေးမှူးတွေ မိသားစုလိုက်ထွက်ပြေး - စစ်တပ်ထောက်ခံပွဲလုပ်သူတွေ ကားပေါ်က မဆင်းရဲ - တန့်ဆည်နယ်မှာ စာသင်ကျောင်းနဲ့ဆေးရုံကို စစ်တပ်က လေကြောင်းသုံးပစ်ခတ် - စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ထီးချိုင့်မြို့တွင်းပိတ်မိနေတဲ့ ပြည်သူ ၁၀၀ ကျော်သေဆုံး - မြောင်မြို့မရဲစခန်းကို Drone ဗုံးနဲ့တိုက်ခိုက်သလို သတိပေးစာတွေလည်း ကြဲချ - PDF ကို မြေပဲထောက်ပံ့ရင်း စစ်ကောင်စီကို ဆန္ဒဖော်ထုတ်

ရွှေဘိုမြို့ကို တပ်ဆုတ်လာတဲ့စစ်ကြောင်းတိုက်ခိုက်ခံရလို့ စစ်ဗိုလ် ၁ ဦးအပါ ၃ ဦးသေဆုံး (ရုပ်/သံ)

ရွှေဘိုမြို့ကို တပ်ပြန်ဆုတ်လာတဲ့ စစ်ကြောင်းကို နိုဝင်ဘာ ၂၉ ရက်က (အောင်ချမ်းသာ) ရွာသစ်နဲ့ ဇီးတောရွာတွေမှာ ကြားဖြတ်တိုက်ခိုက်ခံရလို့ အနည်းဆုံး ၂ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

PDF ကို မြေပဲထောက်ပံ့ရင်း စစ်ကောင်စီကို ဆန္ဒဖော်ထုတ် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ PDF ရဲဘော်တွေ စားနပ်ရိက္ခာဖူလုံဖို့ မြေပဲသီးနှံတွေကို ထောက်ပံ့ရင်း စစ်ကောင်စီကို ဆန္ဒဖော်ထုတ်တဲ့ သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြတယ်လို့ ပခုက္ကူခရိုင် ၊ အမှတ် ၆ တပ်ရင်း၊ Myaing Villages Revolution Front - MRVF အတွင်းရေးမှူး ကိုတင့်ဆီက သိရပါတယ်။

“စားသုံးဆေးဝင် ရုံးပတီပင်” (Podcast)

ကိုယ်ဝန်ဆောင်မိခင်တွေ သန္ဓေသားကျန်းမာဖို့ ရုံးပတီသီးက ဘယ်လိုအထောက်အပံ့ပေးသလဲ။ ဆံသားပျော့ပြောင်းပြီး ဆံပင်အမြစ်သန်မာစေဖို့ ရုံးပတီသီးကိုဘယ်လိုစားရမလဲ။ ဝမ်းလျော၊ ဝမ်းပျက်ရောဂါတွေအတွက် ရုံးပတီသီးကိုဘယ်လိုအသုံးပြုကုသနိုင်သလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

"အချိန်အခါမဟုတ်မိုးနဲ့ ရိတ်သိမ်းခါနီးစပါးခင်းများ" (လူမှုစီးပွား)

အချိန်အခါမဟုတ်မိုး‌ကြောင့် စပါးခင်းတွေဘယ်လောက်အထိ ထိခိုက်ပျက်စီးခဲ့ရလဲ၊ အထွက်နှုန်းနဲ့ ဆန်အရည်အသွေးအပေါ် ဘယ်လိုထိခိုက်နိုင်လဲ၊ နောက်ဆက်တွဲ အကျိုးဆက်ဘာတွေ ဆက်ဖြစ်လာနိုင်လဲ စတာတွေကို ဒီတပတ် မြေလတ်ဒေသ "လူမှုစီးပွား အစီအစဉ်"မှာ ကလောင်ရှင် ဒိအာကာ(မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။

ဆားလင်းကြီးမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး (ရုပ်/သံ)

မြိုနယ်ဆေးရုံမှာ တပ်စွဲပြီးဂိတ်စောင့်နေတဲ့ စစ်သားတွေကို နိုဝင်ဘာ ၂၆ ရက်ညနေ ၃ နာရီကျော်က လက်နက်ငယ်တွေနဲ့ အလစ်အငိုက်တိုက်ခိုက်ခဲ့တာလို့ Monywa Underground Force - MUGF ရဲ့ ခေါင်းဆောင် ဗိုလ်ဘဒင် ဆိုပါတယ်။

မြောင်မြို့မရဲစခန်းကို Drone ဗုံးနဲ့တိုက်ခိုက်သလို သတိပေးစာတွေလည်း ကြဲချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက Drone ဗုံးနဲ့သွားရောက်ပစ်ခတ်ခဲ့သလို လက်ကမ်းစာစောင်တွေကိုလည်း ကြဲချခဲ့တယ်လို့ စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း - MSPDF တပ်ဖွဲ့ဆီ က သိရပါတယ်။

၁၁၂၇ စစ်ဆင်ရေးထောက်ခံ လှုပ်ရှားမှုတွေ အညာမှာပြုလုပ်နေ (ရုပ်/သံ)

လူငယ့်အားမာန်သပိတ်စစ်ကြောင်းနဲ့အတူ ကျေးရွာ ၁၀ ရွာခန့်က တော်လှန်ပြည်သူတွေဝန်းရံပါဝင်ပြီး ညနေ ၄ နာရီအချိန်မှာ ၁၁၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တာလို ဆိုပါတယ်။

စစ်ရေးမွမ်းမံသင်တန်းဆင်းတွေအတွက် လက်နက်မရှိသေး (ရုပ်/သံ)

သင်တန်းကို နိုဝင်ဘာလ ၃ ရက်မှ ၂၅ ရက်အထိ သင်ကြားပေးခဲ့ပြီး ၂၆ ရက် မနက်ပိုင်းမှာ သင်တန်းဆင်းပေးခဲ့တာဖြစ်ပြီး လက်ရှိအခြေအနေမှာ ရှိနေဆဲ ရဲဘော်အင်အားနဲ့ လက်နက်အင်အားက လုံလောက်မှု မရှိဘူးလို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10