ရုပ်သံ

လေကြောင်းနဲ့ တိုက်ခိုက်နိုင်ဖို့ တိုက်ခိုက်ရေးလေယာဥ်ငယ်တွေထုတ်လုပ်( ရုပ်/သံ)

စစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာမှာ ကုန်းကြောင်းအပြင် လေကြောင်းအသုံးပြုပြီး ပိုမိုတိုက်ခိုက်လာနိုင်ဖို့နဲ့ လေကြောင်းကနေ တိုက်ခိုက်ရာမှာ စျေးနှုန်းကြီးမြင့်တဲ့ တိုက်ခိုက်ရေး ဒရုန်းယာဥ်တွေ မဝယ်နိုင်လို့ ကိုယ်တိုင်လေယာဥ်ငယ်တွေ ထုတ်လုပ်နေတာလည်းဖြစ်ပါတယ်။

"ကတုတ်ကျင်းထဲက တောက်ခေါက်သံ"

မြေလတ်အသံရဲ့ "အမောပြေ အလွဲများ" အစီအစဥ်ကနေ မကွေးတိုင်း မြို့သစ်မြို့နယ် PDF ၉၀၁ တပ်ရင်း က အလွဲလေးတခုကို တင်ဆက်ပေးထားပါတယ်။

မုံရွာမြို့ ကညန ရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ် ပစ်ခတ်ခံရ၂ ဦး သေဆုံး ဟု ဆို (ရုပ်/သံ)

ကညန ရုံးကိုပစ်တာမှာ စစ်ခွေး ၂ ကောင်ထိပြီး သေတယ်လို့ ကြားတယ်၊ စစ်ခွေး ၂ ကောင်သေပြီး သူတို့ဘက်က ၄၀ မမ တွေ လက်နက်ငယ်တွေနဲ့လည်း ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်” လို့ ဗိုလ်လင်းယုန်က ဆက်ပြောပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်‌သေးပါဘူး။

စုပေါင်းရုံးထဲမှာ အနားယူနေတဲ့ စစ်ကောင်စီတပ်သားတွေ လောင်ချာနဲ့ ပစ်ခံရ (ရုပ်/သံ)

" ရဲစခန်းတောင်မှ သူလောက်အင်အားမများဘူး၊ စစ်ကြောင်းတွေထိုးနေတဲ့ အကုန်လုံးက ဒီရုံးမှာပဲစုတာ၊ အင်အားက အယောက် ၂၀၀ ကျော်ရှိတာ၊ ကျနော်တို့ ၂ ချက်ပစ်ခတ်နိုင်ခဲ့တယ်၊ သူတို့ဘက်က ၃ ယောက်လဲကျပြီး ကျနော်တို့ပြန်ဆုတ်တဲ့အချိန်မှာ ရပ်ကွက်အထိလိုက်ပြီးပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုအနည်းငယ်ဖြစ်ခဲ့တယ်" လို့ Myingyan Black Tiger − MBT ဗိုလ်မိုက်ခဲက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးရုံးမှာနေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

ကျနော်တို့သွားပစ်တဲ့အချိန်မှာ ၅ ယောက်လောက်ဘဲရှိတယ်။ ပစ်ခတ်မှုဖြစ်တော့ သူတို့ဘက်က ပြန်ပစ်တာကော ထွက်ပြေးတာ ကောရှိတယ်။ ပစ်ခတ်မှုကတော့ ၁၀ မိနစ်လောက်ပဲကြာမယ်။ ပစ်ခတ်မှုအတွင်းမှာ ကျနော်တို့ဘက်က ပစ်တာလား၊ သူတို့ဘက်က ပစ်တာလားမသိဘဲ ပြည်သူအမျိုးသမီး ၁ ဦးဒဏ်ရာရတယ်” လို့ ပြောပါတယ်။

စစ်တပ်ကနယ်ချဲ့လာနေလို့ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ဟု MT PDF သတိပေး (ရုပ်/သံ)

MT PDF က စခန်းသိမ်းတိုက်ပွဲတွေအထိ ကြိုတင်ပြင်ထားပြီး ရွာတွေမှာ တပ်စွဲနေတဲ့ စစ်စခန်းတွေကို အလျှင်းသင့်ရင် သင့်သလို ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲတွေ ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

PDF ၂ဖွဲ့ပေါင်းပြီး ကျင်းပခဲ့တဲ့ တောထဲက ချင်းအမျိုးသားနေ့ ( ရုပ်/သံ)

အရှိုချင်းလူမျိုးတွေအများစုနဲ့ ဖွဲ့စည်းထားပြီး မကွေးတိုင်းအတွင်းမှာ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ PRA Magway နဲ့ CDF- Asho အဖွဲ့ ၂ခုပူးပေါင်းပြီး ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ကို ကျင်းပခဲ့ပါတယ်။

ဝင်ငွေ နဲ့ ကုန်ဈေးနှုန်း မမျှတမှု ပြည်သူတွေ အလူးအလဲခံနေရ

လုပ်ခ၊လစာဝင်ငွေ နည်းပါးမှုကြောင့် မြို့ပြနေ အခြေခံပြည်သူတွေနဲ့ ဝန်ထမ်းတွေဟာလဲ နေ့စဉ်မိသားစု စားသောက်စရိတ်ကို အလျဉ်မီအောင် မဖြေရှင်းနိုင်တဲ့အပြင် အခြားအိမ်မှုကိစ္စ၊‌ နေအိမ်ငှားရမ်းခ၊ သားသမီးပညာရေး၊ မိသားစုကျန်းမာရေး စတာတွေကို ဖြေရှင်းနိုင်ဖို့ အခက်အခဲများစွာရှိနေတာတွေ့ရပါတယ်။

ကုန်ကျစရိတ်မတတ်နိုင်လို့ လက်နက်ထုတ်လုပ်ရေးရပ်ထားရဟုဆို (ရုပ်/သံ)

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း ပုလဲမြို့နယ်မှာ လမ်းကြောင်းတွေကို ဖြတ်တောက်ပစ်လိုက်သလို လက်နက်ထုတ်လုပ်ရာမှာလည်း လိုအပ်တဲ့ ကုန်ကြမ်းနဲ့ ဒီဇယ်ဆီအတွက် ဝယ်ယူစရိတ်က အဆမတန်ကြီးမားနေတာကြောင့် လက်နက်တွေ မထုတ်လုပ်နိုင်တော့ဘူးလို့ ရိုးမရာဇာ နယ်စည်းမခြား တပ်ရင်းမှူး ဗိုလ်လဂွန်းအိန်က ပြောပါတယ်။

ဝင်ငွေ နဲ့ ကုန်ဈေးနှုန်း မမျှတမှု ပြည်သူတွေ အလူးအလဲခံနေရ (ရုပ်/သံ)

ကျေးလက်ဒေသက လယ်၊ယာ စိုက်ပျိုးရေးလုပ်ငန်းတွေကို ကိုယ်ပိုင်လုပ်နေကြတဲ့ တောင်သူတွေမှာလဲ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ကောက်ပဲသီးနှံက ပြန်ရတဲ့ဝင်ငွေနဲ့ မရပ်တည်နိုင်ကြပဲ နှစ်စဉ်စိုက်ပျိုးစရိတ်အကြွေးတင်နေကြရသလို၊ လယ်ယာလုပ်ငန်းခွင်တွေဝင် လုပ်ကိုင်နေရတဲ့ လုပ်သားတွေဆိုရင်လဲ အလုပ်အကိုင်ကရှားပါးတော့ ရရာအလုပ်မှာ ရရာဝင်ငွေနဲ့လုပ်ကိုင်နေရတဲ့အခြေအနေမို့ နေစဉ်ထမင်းနပ်မှန်ဖို့အတွက် မနဲရုန်းကန်နေကြရပါတယ်

သားကိုထားခဲ့ပြီး PDF ရဲမေဘ၀ကို ရွေးချယ်ခဲ့သူ (ရုပ်/သံ)

အာဏာသိမ်းမှုကို ကြည့်မနေနိုင်ဘဲ တော်လှန်ချင်လို့ ၆ နှစ်အရွယ်သားငယ်ကို မိဘတွေနဲ့ အပ်ထားခဲ့ပြီး လာမယ့် ၄ လပိုင်းဆို သားက အသက် ၈ နှစ်ပြည့်မှာဖြစ်ပါတယ်၊ အခုဆို မိသားစုတွေလည်း တကွဲတပြားနဲ့ အိမ်လည်းမီးထဲပါသွားပေမယ့် တော်လှန်ရေးမှာ အားလျှော့သွားမှာ မဟုတ်သလို အစထဲကတည်းက အသက်ပါပေးထားပြီး လျှောက်ခဲ့တဲ့လမ်းဖြစ်လို့ နောင်တလည်း မရဘူးလို့ ၅/၉၉ PDF ရဲမေက ဆိုပါတယ်။

"ဖရဲသီးသည် လာပြီဗျို့"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် "ဖရဲသီးသည် လာပြီဗျို့"

မကွေးခရိုင် သိမ်းနိုင်ဖို့ "နွေဦးတမာ ကျည်မိုးရွာ" မယ့် ကျည်တစ်ထောင် ကမ်ပိန်းစတင် (ရုပ်သံ)

စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတဲ့ မကွေးခရိုင်ကို ဝင်ရောက်သိမ်းပိုက်နိုင်ဖို့အတွက် နွေဦးတမာ ကျည်မိုးရွာမယ့် ကျည်တစ်ထောင် ကမ်ပိန်း စတင်လိုက်ပြီလို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ ရေနံချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြေလတ်အသံကို ပြောပါတယ်။ ဒီကမ်ပိန်းလူပ်ရှားမူကို ငွေကျပ်သိန်းတစ်ရာသတ်မှတ်ထားပြီး လက်မှတ်တစ်စောင် ကျပ်တစ်သောင်းနဲ့ လက်မှတ်အဆောင်ရေ တစ်ထောင်ရောင်းချသွားမယ်လို့ ရေနံချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။

တပ်သားချင်းပစ်သတ်ပြီး CDM ဝင်လာသူ PDF နဲ့အတူတိုက်ပွဲဝင်မယ်လို့ပြော( ရုပ်/သံ)

" ဒီကောင်က ကျနော့်ကိုခြိမ်းခြောက်လို့ပါ။ သူကိုမသတ်ရင်လည်း ကျနော့်ကို သူကသတ်တော့မှာ အဲဒါကြောင့် ပစ်သတ်ခဲ့တာ"

မလေးရှားရောက် မြန်မာတွေက စဉ့်ကူးနယ်က စစ်ရှောင်တွေကို ငွေ ၂၂ သိန်းနဲ့ ဆန် ထောက်ပံ့(ရုပ်/သံ)

"မလေးရှားနိုင်ငံ ဂျိုဟိုးစီနိုင်း ၂၂၂၂၂ လုံးအဖွဲ့က စစ်ရှောင်တွေကို ကူညီချင်တယ်ဆိုလို့ ကျနော်တို့နဲ့ ချိတ်ဆက်ပြီး ငွေချပေးတာပါ၊ စဉ့်ကူးမြို့နယ်ထဲက စစ်ရှောင်တွေက စစ်ကိုင်းတိုင်းထဲကိုရောက် လာတာ၊ အဲဒီစစ်ရှောင်တွေကို ဆန်နဲ့အခြားဆက်စပ်ပစ္စည်းတွေ သွားရောက်လှူဒါန်းတာ၊ အိမ်ထောင်စု ၃၉၂ စုစာ လှူဒါန်းနိုင်ခဲ့တယ်၊ စစ်ရှောင်တွေက အုပ်စုလေးတွေဖွဲ့ပြီးနေပြီး အများဆုံးနေတာက ဘုန်းကြီးကျောင်း ၁ ကျောင်းမှာနေရတာ၊ ကျနော်တို့က ရပ်ကျေး ပကဖ တွေဆီကို ပေးခဲ့တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10