ရုပ်သံ

ရေစကြိုက စစ်ကောင်စီဂိတ်ကို အနီးကပ်တိုက်ခိုက် (ရုပ်/သံ)

ရေစကြိုမြို့နယ်၊ ပန်းတိုင်ခြုံကျေးရွာမှာ တပ်မ ၁၀၁ က စစ်အုပ်စုအင်အား ၂၀ ခန့်နဲ့ တပ်စွဲထားရာကို နိုဝင်ဘာလ ၁၅ ရက် မနေ့မနက် ၅ နာရီလောက်ကစကာ လမ်းတဘက်ခြမ်းကနေ အနီးကပ် ပစ်ခတ်ခဲ့တယ်လို့ Pakokku underground Force မှ တာဝန်ခံရဲဘော်ကံကောင်းက ပြောပါတယ်။

“မြေစာမြက်ပင် ဆေးဖက်ဝင်” (Podcast)

အဆစ်ရောင်လေးဘက်နာရောဂါသက်သာစေဖို့အတွက် မြေစာမြက်မှုန့်ဟာ ဘယ်လိုအသုံးဝင်သလဲ။ အစာအိမ်အချဉ်ပေါက်နဲ့ ဆီးပူ၊ ဆီးအောင့်၊ ဆီးကျဉ်ရောဂါတွေကို မြေစာရွက်ပြုတ်ရေနဲ့ ဘယ်လိုကုသနိုင်သလဲ။ ဆီးချို၊ သွေးတိုးရောဂါတွေအတွက် မြေစာမြက်ကိုဘယ်လိုအသုံးပြုလို့ရသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

ပုလဲမြို့သိမ်းတိုက်ပွဲအခြေအနေ (အင်တာဗျူး)

“မြို့သိမ်းတိုက်ပွဲစပြီလို့ ပြောလို့ရပါတယ်။ ဘာလို့ဆိုတော့ ဒါက ကျနော်တို့ ခံစစ်အနေအထား မဟုတ်တော့ဘူး။ ထိုးစစ်ပုံစံပြောင်းသွားပြီ။ ကျနော်တို့အနီးအနားမှာရှိတဲ့ နိုင်တဲ့စခန်းတွေကို စစ်ဆင်ရေးစတော့မှာ။” - ကျားသစ်နက်တပ်မတော် ဥက္ကဋ္ဌ ကိုဥက္ကာ

ပုလဲမှာ စစ်ကောင်စီဘက်က စခန်းမကျဖို့ ထိန်းထားရပြီး အလောင်းကောက်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၅ ရက် ဒီမနက်ကစလို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး နောက်ဆုံးအခြေအနေရ စစ်ကောင်စီက တပ်စခန်းတွေမကျဖို့ ထိန်းထားပြီး အလောင်းကောက်နေရတယ်လို့ ကျားသစ်နက်တပ်မတော် Black Leopard Army ဆီက သိရပါတယ်။

"အခက်အခဲမျိုးစုံကြားက ရုန်းကန်ရင်း စိုက်ပျိုးဖို့ပြင်ဆင်နေရတဲ့ ဆောင်းသီးနှံ"(လူမှုစီးပွား)

ဒီနှစ်အတွက် ဘယ်လိုသီးနှံတွေ စိုက်ပျိုးမှုများလဲ၊ ဆောင်းသီးနှံတွေစိုက်ပျိုးနိုင်မှုဧက ယခင်ထက် ဘယ်လောက်အထိ နည်းပါးသွားလဲ၊ ဆောင်းသီနှံစိုက်ပျိုးဖို့ ဘာအခက်အခဲတွေရှိနေလဲ၊ အခက်အခဲတွေကြားက တောင်သူတွေ ဘယ်လိုရုန်းကန်နေကြရလဲ စတာတွေကို ဒီတပတ် မြေလတ်ဒေသ လူမှုစီးပွား အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ(မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။

"လက်နက်ပြည့်စုံရင် ရှမ်းမြောက်ထက်မနိမ့်တဲ့ တိုက်ပွဲမျိုးဖော်ဆောင်နိုင်မယ်" (ရုပ်/သံ)

အညာက မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဘယ်လိုအခြေအနေရှိနေလဲ၊ ဘယ်အပိုင်းတွေမှာ လိုအပ်ချက်တွေ ရှိနေပြီး ဘယ်လိုတွေ ပြင်ဆင်နေကြလဲ စတာတွေကို မြင်းခြံခရိုင်တပ်ရင်း ၇( Zero ပြောက်ကျားတပ်မဟာ) တပ်ရင်းမှူး ဗိုလ်သက်ကြီး၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ရင်းမှူး ဗိုလ်အောက်ဆွဲနဲ့ Homalin People's Defense Force - HPDF 124 တာဝန်ခံ ကိုချာလီတို့ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

အုတ်ဖို ခမရ ၆ က စစ်သား ၃၂ ဦး ကရင်နီတွင် လက်နက်ချသည့်ရုပ်သံ KNDF ထုတ်ပြန် (ရုပ်/သံ)

ကရင်နီ(ကယား)ပြည်နယ်အတွင်း တိုက်ခိုက်ရေးဝင်ရောက်နေရတဲ့ ပဲခူးတိုင်း၊ အုတ်ဖိုမြို့၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ ၆ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ကမ်ပိန်းလည်းမပြည့်မီ အကြွေးလည်းတင်နေတဲ့ ဆောမြို့နယ်က 'ခွပ်ဒေါင်းတပ်ဖွဲ့' (ရုပ်/သံ)

ရဲဘော် အင်အား ၁၀၀ နီးပါးရှိတဲ့ သူတို့တပ်ဖွဲ့မှာ ၁ ရက်ကို ဆန် ၂ တင်းနှုန်းကုန်ပြီး ၁ လကို စားသောက်စားရိတ် ကျပ်သိန်း ၅၀ ဝန်းကျင်ကုန်ကျနေပါတယ်။ လတ်တလောမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ဆောမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်သိမ်းယူဖို့ လက်နက်အင်အားလိုနေတာကြောင့် ဝါကျွတ်လက်ဆောင် ကျည် ၁,၀၀၀ ကမ်ပိန်းကိုပြုလုပ်နေပါတယ်။

ပခုက္ကူက စစ်ကောင်စီစခန်းတွေ Drone နဲ့ အပစ်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့စခန်းကို ကာကွယ်ရေး ၏တပ်ဖွဲ့တွေက နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၁၂ နာရီလောက်မှာ Drone နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Young Force - UG တပ်ဖွဲ့ဆီက သိရပါတယ်။

ရွှေထည်ပစ္စည်းတွေနဲ့ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား ၁ ဦးကို အရှင်ဖမ်းမိထား (ရုပ်/သံ)

ပေါက်-ပခုက္ကူကားလမ်းမပေါ်မှာ ကား ၈၆ စီးပါယာဉ်တန်းနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးဟာ အရပ်ဝတ်နဲ့ ထွက်ပြေးလာချိန် ကင်းပုန်းဝပ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တိုးကာ နိုင်ဝင်ဘာ ၉ ရက်မှာ ဖမ်းဆီးခံလိုက်ရတာလို့ PDA ပြန်ကြားရေးတာဝန်ခံတဦးက ဆိုပါတယ်။

၂ နှစ်ကြာတဲ့အထိ အော်တိုသေနတ်မကိုင်နိုင်သေးတဲ့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ (ရုပ်/သံ)

စစ်ကောင်စီအဖွဲ့တွေကို တော်လှန်ဖို့ လူ ၁၀ ဦးလောက်နဲ့စတင်ကာ ရရာလက်နက်စွဲကိုင်ပြီးတိုက်ပွဲဝင်ခဲ့ပေမယ့် သေနတ်အစစ်တွေမကိုင်နိုင်လို့ စစ်ကောင်စီတပ်ရင်းနဲ့စခန်းတွေကို သိမ်းနိုင်တဲ့အခြေနေထိမရှိသေးဘဲ အဝေးကနေသာ စမ်းသပ်တီထွင်ထုတ်လုပ်ထားတဲ့ လက်လုပ်စိန်ပြောင်း၊ လက်နက်ကြီး၊ မိုင်းတွေနဲ့သာ တိုက်ခိုက်နေရတယ်လို့ ဆိုပါတယ်။

၁၀ တန်းကျောင်းသူ ရဲမေတဦးရဲ့ တော်လှန်ရေးထဲက ရင်တွင်းစကား (အမျိုးသမီးကဏ္ဍ)

တော်လှန်ရေးခရီးကြမ်းထဲမှာ သူတို့ ဘယ်လို လျှောက်လှမ်းနေလဲ၊ တော်လှန်ရေးမှာ အမျိုးသမီးအခန်းကဏ္ဍက ဘာတွေလဲ စတာတွေကို စစ်ကိုင်းတိုင်း ကျားသစ်နက်ပြောက်ကျားအဖွဲ့ထဲ ရောက်နေတဲ့ ၁၀ တန်းကျောင်းသူ ရဲမေတယောက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

စစ်တပ်သင်္ဘော ၉ စီးကို PDF တွေ ဘယ်လို သိမ်းဆည်းရမိခဲ့လဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းမှာ စစ်ကောင်စီတပ် ထောက်ပို့သင်္ဘော ၉ စီးကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ Myanmar National Armed Force - MNAF တပ်ဖွဲ့ထံမှ သိရပါတယ်။

အောက်ခြေစစ်သားတွေ လက်နက်ချဖို့ PDF တွေတိုက်တွန်း

အောက်ခြေစစ်သားတွေ လက်နက်ချဖို့ PDF တွေတိုက်တွန်း

"ပရိတ်ကြီး နဲ့ အဖြူရောင်အနုပညာရှင်တွေလည်း မကယ်နိုင်တော့ဘူး" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာ "ပရိတ်ကြီး နဲ့ အဖြူရောင်အနုပညာရှင်တွေလည်း မကယ်နိုင်တော့ဘူး" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10