ရုပ်သံ

မုန်းစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးသွားတဲ့ PDF တပ်ဖွဲ့ဝင် မှန်လေး (ရုပ်ပုံလွှာ)

နောက်ဆုံး သူ့အမေနဲ့ ဖုန်းပြောခဲ့တဲ့နေ့ကလည်း သူ့ညီလေးကို ပညာတက်အောင်သင်ဖို့နဲ့ သူ့အတွက် စိတ်မပူဖို့ တဖွဖွမှာနေခဲ့ပါတယ်။ “သူအမြဲပြောနေတာက တော်လှန်ရေးပြီးရင် မိသားစုတွေ ပြန်ဆုံကြမယ်တဲ့။ ဒါပေမဲ့ နေစရာ အိမ်မရှိတော့ (သူ)အရမ်းဝမ်းနည်းပြီး ငိုတယ်။”လို့ သူ့အမေကပြောပြပါတယ်။

အများသုံးလယ်မြေကို လုပ်ခွင့်မပေးတဲ့ ပကဖနဲ့ ပအဖကို တောင်သူ ၃၀၀ ကျော်က ဆန္ဒပြ (ရုပ်/သံ)

ယမန်နေ့ ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီလောက်က ဆန္ဒပြခဲ့တာဖြစ်ပြီး ရွာခံတောင်သူလယ်သမားတွေ အလှည့်ကျ မဲနှိုက် စိုက်ပျိုးလုပ်ကိုင်တဲ့ လယ် ၂၁ ဧကကို ကျေးရွာ ပကဖနဲ့ ပအဖတို့က မဲနှိုက်မပေးဘဲ တပ်ဖွဲ့ကလုပ်မယ်ဆိုပြီး သိမ်းယူတဲ့အတွက် ဆန္ဒပြကြရတာလို့ တောင်သူလယ်သမားတွေက ဆိုပါတယ်။

မဘိမ်းမြို့ကို တော်လှန်ရေးတပ်တွေဆက်ထိန်းချုပ် ထွက်ပြေးတဲ့ စကစတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိ (ရုပ်/သံ)

“တိုက်ပွဲဖြစ်ရင်းနဲ့ ထွက်ပြေးတဲ့သူတွေရော သိမ်းပြီးနောက်ပိုင်းမှ ထွက်ပြေးတဲ့သူတွေရော လိုက်ဖမ်းနေတယ်။ လိုက်ဖမ်းရင်း ထိတွေ့မှုဖြစ်တဲ့ ပုံစံမျိုးဖြစ်တာတွေရှိတယ်။ ထပ်မံဖမ်းဆီးရမိထားတာတွေ ရှိပါတယ်၊ အသေးစိတ်အခြေအနေတွေတော့ ပြောဖို့အဆင်မပြေသေးတာပါ ”

တပတ်အတွင်း မြေလတ်သတင်း

- သီးလုံးကျေးရွာ ပြည်သူ့စစ်စခန်းကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် - စစ်ကိုင်းတိုင်း၊ တမူးနဲ့မင်းကင်းမြို့နယ်တို့မှာ အလင်းဝင်လာကြတဲ့ စစ်သားနဲ့ပျူစောထီးများ - စစ်တပ်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တဲ့ ထီးချိုင့်တိုက်ပွဲမှာ စစ်သား ၁၀ ဦးကျော်နဲ့ PDF ၂ ဦးသေဆုံး - ဒုရဲအုပ်ပစ်သတ်ခံရလို့ လိုက်လာတဲ့ ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦးထပ်မံသေဆုံး - စစ်အုပ်စုဖမ်းသွားတဲ့ ပြည်သူ ၁၅ ဦးထဲက ၅ ဦးကို သေဆုံးလျက်တွေ့ပြီး ၁၀ ဦးပျောက်ဆုံးနေ - မြိုင်မြို့အထွက် တိုက်ပွဲမှာ စစ်သား ၄ ဦးနဲ့ တော်လှန်ရေးရဲဘော် ၁ ဦး သေဆုံး - ဝေါဒေသခံ ၈၀ ကျော်ကို စစ်တပ်ဖမ်းဆီးပြီး တံတား ၁ စင်းကိုပါ မီးရှို့ဖျက်ဆီး - မကွေးထောင်တွင် ဆေးကုခွင့်မပေးဘဲ ပစ်ထားလို့ ဂုဏ်ထူးတန်းကျောင်းသူတဦး သေဆုံး - ဆန်ရှားပြီး ဈေးကြီးတာကြောင့် နတ်တလင်းကစစ်ရှောင်တွေ စပါးထောင်းပြီး စားနေရ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA က တပ်သားသစ်ခေါ်နေ

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် Bamar Peoples Liberation Army-BPLA တပ်ဖွဲ့လည်းပါဝင်နေပြီး သင်တန်းသားအသစ်တွေခေါ်ယူ စုဆောင်းနေတယ်လို့ BPLA တပ်ဖွဲ့ဆီက သိရပါတယ်။

ပခုက္ကူလေဆိပ်ကနေ မျောက်လူးကန်ရွာကို လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မျောက်လူးကန်ကျေးရွာကို ပုခုက္ကူလေယာဥ်ကွင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၅လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အရိပ်လည်းပေး ဆေးလည်းပေးတဲ့ ညောင်ပင်” (Podcast)

အမျိုးသားသုတ်လွှတ်မြန်ခြင်းကို ညောင်ပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသနိုင်သလဲ။ အိပ်မပျော် စိတ်ဓာတ်ကျသူများအတွက် ညောင်သီးက ဘယ်လိုအသုံးဝင်သလဲ။ ညောင်စေ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဘာတွေလဲ။ သွားနဲ့သွားဖုံး ကျန်းမာရေးအတွက် ညောင်ခေါက်မှုန့်ကို ဘယ်လိုအသုံးပြုလို့ရသလဲစတာတွေကို နားဆင်ရမှာပါ။

စစ်တပ်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တဲ့ ထီးချိုင့်တိုက်ပွဲမှာ စစ်သား ၁၀ ဦးကျော်နဲ့ PDF ၂ ဦးသေဆုံး

"လေယာဥ် ၂ စီးကပစ်ပြီး ၁ စီးက လူချတယ်။ မနက် ပွဲဖြစ်နေတဲ့အချိန် ၅ နာရီခွဲမှာတကြိမ်၊ နေ့ခင်း ၂ နာရီလောက်မှာတကြိမ် လေယာဥ်ပစ်ပြီး အင်အားထပ်တိုးထားတယ်။ လေယာဥ်နဲ့ကြောင့်မို့လည်း အထိအခိုက်များသွားတယ်”

ဒုရဲအုပ်ပစ်သတ်ခံရလို့ လိုက်လာတဲ့ ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦးထပ်မံသေဆုံး(ရုပ်/သံ)

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ စောင့်ဆိုင်းနေရာကို ရောက်ရှိလာတဲ့ ALPHARD နဲ့ PRADO ကား ၂ စီးကို မီတာ ၂၀ အကွာခန့်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်က ၁ ဦးသာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဗိုလ်နတ်ဆိုး ကပြောပါတယ်။

မြေလတ်ပေးစာ

- DSA 38 အောင်ဇေယျတပ်ရင်းက ဗိုလ်တဦးရဲ့စာ - ပြည်သူ့စစ် အဓမ္မ စုဆောင်းပေးနေသူတွေကို အရေးယူမယ့်သတင်းကြောင့် ဝမ်းသာတဲ့အကြောင်း - မကွေးတိုင်းထဲက UG တွေကို သိစေချင်လို့ ရေးတဲ့စာ

တပ်ထောက်ခံသူနဲ့ ကြံ့ခိုင်ရေးတွေပါ ထိတ်လန့်ထွက်ပြေးနေရတဲ့ ပြည်သူ့စစ်ဂယက်(ရုပ်/သံ)

တိုက်ပွဲအတွင်းအသေအဆုံးများပြီး စခန်းတွေအသိမ်းခံနေရတဲ့ စစ်ကောင်စီဟာ ၎င်းတို့ရဲ့ စစ်တပ်အင်အားကို ဖြည့်တင်းဖို့ ဇန်နဝါရီလဒုတိယအပတ်ကစပြီး ပဲခူးတိုင်းအနောက်ခြမ်းမှာ ပြည်သူ့စစ်စုဆောင်းတာ၊ ပျူစောထီး တပ်ဖွဲ့ဖို့ ကြိုးစားတာတွေ ဆက်တိုက်လုပ်လာတဲ့အခါ စစ်တပ်ထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေဟာ ပြည်သူ့စစ်(ပျူစောထီး)ထဲ မဝင်ချင်လို့ ထွက်ပြေးတိမ်းရှောင်တာတွေပြုလုပ်နေကြတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်းက ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့အထွက် တိုက်ပွဲမှာ စစ်သား ၄ ဦးနဲ့ တော်လှန်ရေးရဲဘော် ၁ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့အရှေ့ဘက် မန္တလေးထွက်တဲ့ လမ်းပေါ်မှာရှိတဲ့ဂိတ်က စစ်ကောင်စီတပ်သားတွေကို ယနေ့ ဇန်နဝါရီ ၂၂ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။

စစ်ကိုင်းနယ်စပ်အနီးက မဘိမ်းမြို့သိမ်းတိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်းနယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မဘိမ်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ပြီး လက်နက်တွေလည်း သိမ်းဆည်းထားနိုင်တယ်လို့ ABSDF စစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာကာ က ပြောပါတယ်။

သီးလုံးကျေးရွာ ပြည်သူ့စစ်စခန်းကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ဇန်နဝါရီ ၂၀ ရက် ည ၁၂ နာရီကျော်ခန့်ကနေ ၁ နာရီကျော်ကြာတိုက်ခိုက်ပြီးနောက် ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်သားတွေကတော့ ထွက်ပြေးသွားတဲ့အတွက် ကာဘိုင် ၁ လက်နဲ့ ပြောင်းချော ၁ လက် သာသိမ်းဆီးရခဲ့တယ်လို့ ရွှေဘိုအားမာန်မြို့ပြောက်ကျား UG တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအားမာန်က ပြောပါတယ်။

" အနုပညာက ကိုယ်ချင်းစာတရားမရှိရင် အလကားပဲ " T Zin (သူတို့နဲ့ စကားပြောခြင်း)

အနှစ် ၂၀ ထောင်ချခံလိုက်ရတဲ့ အဆိုတော် ဗျူဟာနဲ့ တော်လှန်ရေးထဲက Rapper တွေအကြောင်းကို Artist T Zin က မြေလတ်အသံရဲ့ "သူတို့နဲ့စကားပြောခြင်း" အစီအစဉ်မှာ ပြောပြခဲ့ပါတယ်။ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် ပျောက်ဆုံးတာတွေ၊ စိတ်ရောကိုယ်ပါ မလုံခြုံတော့တဲ့ အခြေအနေမှာ ပျော်ရွှင်နေကြသူတွေ၊ ကိုယ်ချင်းစာတရားမရှိဘဲ အနုပညာဖန်တီးမှုလို့ အမည်တပ်သူတွေနဲ့ပတ်သက်ပြီး အခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10