ရုပ်သံ

ပေါက်ခေါင်း စခန်းသိမ်းတိုက်ပွဲ ကျည်မလုံလောက်လို့  နောက်ပြန်ဆုတ်ရ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီဂိတ်စခန်းကိုသိမ်းဖို့ PDF တွေ ကျည်မလုံလောက်လို့ နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ပြည်ခရိုင်တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄ရဲ့ စခန်းတာဝန်ခံ ဒေါင်းဝေ ပြောပါတယ်။

ရွှေဘို မြို့လှရွာကို စစ်တပ်က ၂ ကြိမ်မီးရှို့ခဲ့လို့ အိမ်ခြေ ၂၆၀ ကျော်မီးလောင်ပျက်စီး (ရုပ်/သံ)

စစ်သားနဲ့ပျူအင်အား ၇၀ ကျော်နဲ့ ဖေဖော်ဝါရီ ၂ ရက်ညပိုင်းမှာ စစ်တပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၃၈ အိမ် မီးလောင်ကျွမ်းခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းမှာ ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့ရာ အိမ်ခြေ ၂၈ အိမ်နဲ့ စုစုပေါင်း ၂၆၆ အိမ် မီးလောင်ဆုံရှုံးပြီး အိမ် ၃၅ လုံးသာကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

“သွေးတွင်းအဆီကျစေတဲ့ သပြေပင်” (Podcast)

ကိုယ်တွင်းခုခံအားကောင်းမွန်ပြီး သွေးတွင်းအဆီကျစေဖို့ သပြေပင်ကိုဘယ်လိုအသုံးပြုနိုင်သလဲ။ မီးယပ်သွေးလွန်ရောဂါကို သပြေပင်ရဲ့ ဘယ်အစိတ်အပိုင်းနဲ့ကုသနိုင်သလဲ။ သပြေပင်ရဲ့ အသီးအပွင့်တွေကို လွန်ကဲစွာစားသုံးမိရင် ဘာတွေဖြစ်နိုင်သလဲစတာတွေကို နားဆင်ရမှာပါ။

စစ်မှုမထမ်းမနေရ ဥပဒေအပေါ် မြေလတ်ဒေသက PDF ခေါင်းဆောင်တွေဘာပြောလဲ အင်တာဗျူး( ရုပ်/သံ)

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကိုအသက်သွင်းလိုက်တဲ့ အပေါ်မှာ သူတို့အမြင်၊ စစ်မှုထမ်းဥပဒေနဲ့ကိုက်ညီတဲ့သူတွေနဲ့ လူငယ်တွေကို သူတို့ပေးတဲ့ အကြံပြုစကား၊ PDF ထဲဝင်ချင်သူတွေအတွက် ပြင်ဆင်ထားပုံတွေနဲ့ အကယ်၍ ရှေ့တန်းစစ်မြေပြင်မှာ ထိပ်တိုက်ဆုံတွေ့ခဲ့ရင် ဘာတွေလုပ်ကြရမလဲ ဆိုတာတွေကို ပြောဆိုထားကြပါတယ်။

The Way ရုပ်ရှင်အဖွဲ့နဲ့ ဒေသတော်လှန်ရေးအဖွဲ့တွေပူပေါင်းပြီး စစ်ရှောင်တွေကို ထောက်ပံ့ (ရုပ်/သံ)

စစ်ရှောင်ပြည်သူတွေအတွက် The Way ရုပ်ရှင်အဖွဲ့သားတွေက စစ်ရှောင်အိမ်ထောင်စုတစုကို ဆန် ၃ ပြည်၊ ဆီ ၁ ပိသာနှုန်းဖြင့် အိမ်ထောင်စု ၈၂ စုအတွက် ထောက်ပံ့မှုကို မြောင်လူငယ်ကွန်ရက် YFC ကနေတဆင့် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ PDF ရဲဘော်တွေကို ပဲပြုတ်နံပြားကျွေး (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း Bo Tiger-ဗိုလ်ကျားကြီးစခန်းမှာ ရဲဘော်တွေကို ပဲပြုတ်နဲ့ နံပြားကျွေးခဲ့တယ်လို့သိရပါတယ်။

အုတ်ဖိုမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဘက် သေဆုံးမှုရှိ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး PDF ၁ ဦးသေဆုံးခဲ့သလို ဖမ်းမိတဲ့ စစ်သား ၁ ဦးလည်း ဆေးဝါးကုသနေစဉ် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဆီက သိရပါတယ်။

BNRA က လက်နက်တပ်ဆင်ပေးတာကြောင့် သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ BNRAနဲ့ ပူးပေါင်း (ရုပ်/သံ)

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA က ဇန်နဝါရီ ၃၀ ရက်က လက်နက်တပ်ဆင်ပေးခဲ့တာကြောင့် တပ်ရင်း ၁ ရင်းစာအင်အားရှိတဲ့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဟာ BNRA နဲ့ ပူးပေါင်းပြီး အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

ထီးလင်းနယ်က စစ်ရှောင်တွေ အဝတ်အထည်၊ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးတွေ လိုအပ်နေ (ရုပ်/သံ)

စစ်တပ်က လက်နက်ကြီးပစ်တဲ့ဒဏ်၊ စစ်ကြောင်းတွေ မကြာခဏ ထိုးတဲ့ဒဏ်တွေကို ခံကြရတဲ့ အနောက်ဘက်ရွာ၊ သရခါရွာ၊ ထလင်းရွာ၊ အောင်းရွာ၊ ပုဏ္ဏားရွာ၊ ထန်းပင်ကုန်းရွာ၊ တောရောင်းရွာစတဲ့ ကျေးရွာ ၁၀ ရွာက စစ်ရှောင်ပြည်သူ ၇၀၀ ကျော်မှာ ၁ နှစ်ကျော်ကြာ စစ်ရှောင်လာရတဲ့အခါ စားသောက်ရေးအတွက် အခက်အခဲ ကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီထောက်ပံ့ပေးသူတွေက ဆိုပါတယ်။

ငယ်ဘဝ ဓါတ်ပုံဆရာအကြောင်း (သူတို့နဲ့စကားပြောခြင်း)

မြေလတ်အသံက တင်ဆက်တဲ့ "သူတို့နဲ့ စကားပြောခြင်း" Podcast အစီအစဉ် Ye Hein (YH Photography) ရဲ့ ငယ်ဘဝ ဓါတ်ပုံဆရာအကြောင်းကို ယခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။

ရွှေဘိုနဲ့ ဆားတောင်က စစ်ကောင်စီတပ်ဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၈ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်နဲ့ ဆားတောင်မြို့တွေက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ စုစုပေါင်း ၈ဦးသေဆုံးပြီး ထိခိုက်သူတွေလည်းရှိပါတယ်။

ကား၊ ဆိုင်ကယ်တွေနဲ့လာတဲ့ စစ်အုပ်စုပစ်ခတ်ခံရလို့ ၂ ဦးသေ သေနတ် ၂ လက်ရ (ရုပ်/သံ)

"ကျနော်တို့က သတင်းကြိုရထားလို့ အနီးကပ် သွားပစ်ခဲ့တာ၊ စစ်ကောင်စီတပ်သားတဦးနဲ့ ပျူတဦးပွဲချင်းပြီး သေတယ်၊ ပစ်ခတ်နေတဲ့ အတွင်းမှာပဲ ကျနော်တို့ရဲဘော်တွေက သေနတ်သွားကောက်တယ်၊ ကျန်တဲ့ကားပေါ်က စစ်ကောင်စီတပ်သားတွေကိုလည်း ကျနော်တို့က နောက်ကနေ ခံပစ်ပေးတာ၊ သူတို့ ကြောက်လန့်ပြီး ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားကြတာ"

တပတ်အတွင်း မြေလတ်သတင်း

- ဆင်မရဲရွာ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး အရာရှိတဦးအပါ ၁၄ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ - ထန်းတပင်ခလရ ၇၃ အပါအဝင် နေရာ ၄ ခုထက်မနည်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် - ဝေါက NLD ပါတီဝင်တွေနဲ့ ဝန်းရံသူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီဖမ်းဆီး - နဂါးတွင်းရွာက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အမျိုးသမီး ၁ ဦးကို မီးရှို့သတ် - မင်းတုန်းမှာ တိုက်ပွဲတွေဖြစ် စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး PDF စခန်းမီးရှို့ခံရလို့ သိန်း ၄၀၀ ဖိုးခန့်ဆုံးရှုံး - ဘူးလက်လှဆွေရွာက ပျူစောထီးတွေဟာ YDF ရဲဘော်နှစ်ဦးကို ကြိုးတုပ်ပြီး အရှင်မီးရှို့သတ်အောင်ပွဲခံနေတဲ့ ရုပ်သံထွက်ပေါ်လာ - ဘန်ကာဆောက်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ဗုံးသီးချလို့ ၇ ဦးဒဏ်ရာရဟုဆို - ဒီပဲယင်းမှာ စစ်တပ်ရန်ကြောက်လို့ တောင်သူတွေ စပါးကိုရသမျှစျေးနဲ့ ရောင်းချနေရ

သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အညာက စစ်ရှောင်တွေ (ရုပ်/သံ)

မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ခြမ်း၊ ဆိပ်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေ သောက်သုံးရေရရှိနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြရပါတယ်။

" အသည်းနဲ့ဆီးလမ်းကြောင်းကောင်းမွန်စေတဲ့ 'ခရာပင်' " (Podcast)

ကျောက်ကပ်ရောဂါအတွက် ခရာပင်ကိုဘယ်လိုအသုံးပြုကုသမလဲ။ နာတာရှည်ရောဂါတွေအတွက် ခရာပင်ရဲ့ ဆေးဖက်ဝင်ပုံ။ ခရာပင်ရဲ့ဘယ်အစိတ်အပိုင်းက ချွဲ၊ သလိပ်တွေကြေစေသလဲ။ မီးယပ်ဖြူဆင်းရောဂါအတွက် ခရာမြစ်ကိုဘယ်လိုအသုံးပြုကုသနိုင်သလဲစတာတွေကို နားဆင်ရမှာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10