လူငယ်တွေကို ဦးစားပေးချင်လို့ BNRA က နုတ်ထွက်တာလို့ ကိုဆာန်ပြော
နုတ်ထွက်စာမှာ ကိုဆာန်(ခ)ဗိုလ်ဂဠုန်သည် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တွင် ဆက်လက်တာဝန် ထမ်းဆောင်ရန် အန္ဒမရှိခြင်း၊ ပြည့်မီသောအရည်အချင်းမရှိခြင်းတို့ကြောင့် သက်ဆိုင်ရာတာဝန်အား အရည်အချင်းပြည့်ဝသော လူငယ်လူရွယ်များအား အစားထိုးတာဝန်ပေးအပ်ရန်အတွက် ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြအပ်ပါသည်လို့ မတ် ၂၀ ရက် ဒီနေ့ရက်စွဲနဲ့ ဖော်ပြထားပါတယ်။