မတ်လအတွင်း မြေလတ်ဒေသမှာ ရေနစ်သေဆုံးသူ ၁၆ ဦး ရှိ
စစ်ကိုင်းတိုင်းမှာ ၃ ဦး၊ မကွေးတိုင်းမှာ ၆ ဦးနဲ့ ပဲခူးတိုင်းမှာ ၇ ဦးဖြစ်ပြီး အမျိုးသား ၈ ဦးအမျိုးသမီး ၇ ဦး ပါဝင်တယ်
စစ်ကိုင်းတိုင်းမှာ ၃ ဦး၊ မကွေးတိုင်းမှာ ၆ ဦးနဲ့ ပဲခူးတိုင်းမှာ ၇ ဦးဖြစ်ပြီး အမျိုးသား ၈ ဦးအမျိုးသမီး ၇ ဦး ပါဝင်တယ်
"လောင်းကစားဝိုင်းကို အုန်းနှဲစမ်းရွာက ကြံ့ခိုင်ရေးစည်းရုံးရေးမှူး နတ်စိန် (ခ) စိုးမြင့်နဲ့ ဉာဏ်ကျယ်ကြီးတို့ဦးဆောင်ပြီး လိုင်းကြေးပေးလုပ်နေတာ။ စစ်သားနဲ့ရဲတွေက လိုင်းကြေးယူထားတော့ အဖမ်းပြရတာ။ ဝင်လာကတည်းက သေနတ်တွေပစ်ဖောက်တော့ အကုန်ပြေးတာပေါ့။ သူတို့တကယ်ဖမ်းရင် မိပါလျက်နဲ့ မဖမ်းတာ။ PDF ကိုဖမ်းမယ်ဆို အဲ့လိုသေနတ်ဖောက်ပြီး လာဖမ်းလို့လား"
"ကျနော်တို့ ပျူစောထီးအယောက် ၃၀ လောက် ခေါ်စစ်တာမျိုးရှိတယ်။ ၂၀ ကျော်ကို ပြန်လွှတ်ပေးတယ်။ ခံဝန်ကတိ ထိုးခိုင်းတယ်။ အေးဆေးနေရင် ဘာမှပြဿနာမရှိဘူး။ အခုကောင်တွေက ပြစ်မှုထင်ရှားလို့ပါ"
"သူက လဝက ၃ ရစ် လက်ထောက်ကြီးကြပ်ရေးမှူးပေါ့။ သူက ချင်းလူမျိုး၊ သူအပါ သူငယ်ချင်း ၃ ယောက်လာတာမှာ သူတယောက်ပဲရေကူးတတ်တော့ ကျန်တဲ့၂ ယောက်ကရေမကူးပဲ ကုန်းပေါ်မှာကျန်ခဲ့တာ။ သူပဲ ရေချိုးဆင်းရင်းရေနစ်တာ"
"မင်းလွင်ဦးကို စစ်ဆေးပေါ်ပေါက်လို့ ရှင်းလင်းခဲ့တာပါ။ သူနဲ့အတူ ဖမ်းဆီးခဲ့တဲ့ ကရင်ချောင်းရွာသား ၂ ဦးကိုတော့ အမှုပေါ်ပေါက်မှု မရှိတာရယ် သတင်းပေးအလုပ် ဆက်မလုပ်တဲ့အပြင် ရွာသားတွေရဲ့အာမခံမှုနဲ့ ခံဝန်ထိုးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်"
'"ရဲစခန်းက ခေါ်ခိုင်းလို့ဆိုပြီး အုပ်ကြီးနဲ့အရပ်ဝတ်ရဲ ၂ ဦးက သူ့အိမ်ကို လာခေါ်တာ။ သူ့ယောကျာ်းရော ကလေးရော ပါသွားတယ်။ ည ၁၀ နာရီလောက်ရောက်မှ ယောကျာ်းနဲ့ကလေးကို ပြန်လွှတ်ပြီး ဆရာမကို ဖမ်းထားလိုက်တာ"
"စခန်းစွန့်ပြီး ပြေးလာတဲ့သဘောပဲ။ ဘာဗျူဟာတွေ ခင်းနေသလဲ သတိထားရမယ်ဗျာ့။ စစ်ဆင်ရေး တိုးမြှင့်နိုင်တယ်။ ပျူစခန်းကိုအယောင်ပြပြီး စစ်မြှူတဲ့သဘောတွေ လုပ်လာနိုင်တယ်။ သူတို့ရဲ့ထောက်ပို့လမ်းကြောင်းအတိုင်းတွေ ကြပ်လာတော့ စားဝတ်နေရေးခက်ခဲလာတယ်။ ငတ်လာတော့ ပြည်သူတွေရှိရာ ပြေးလာရပြီပေါ့"
"ခုမနက် ၇ နာရီ ၄၄ မိနစ်မှာ စစ်ကြောင်းက အတန်းလိုက်အလစ်ပြန်ဆုတ်လာတာ။ ကျနော်တို့က ညတည်းကကြိုစောင့်ပြီး ပဒေသာမိုင်း ၄ လုံး အတန်းလိုက်ခင်းပြီးခွဲတာ ၁ ယောက်သေပြီး၊ ဒဏ်ရာရတာက ၁၀ ဦးလောက်ရှိမယ်"
"ညဘက်ကင်းပတ်ပြီး အဲ့ဒီအချိန်လောက်ဆို အုပ်ကြီးဘီယာဆိုင်မှာ ထိုင်နားနေကြ။ သူတို့ဘက်ကလည်း လက်ပစ်ဗုံးနဲ့ ပြန်ပစ်တာရှိပေမယ့် ပြန်လှန်ပစ်ခတ်ရင်း ကျနော်တို့ဘက်က လက်ဦးသွားလို့ ရဲတွေဘက်က ၁ ယောက် သေတယ်။ သေတာက နယ်ထိန်းရဲ။ စခန်းမှူးအပါ ၄ ယောက် ထိခိုက်ဒဏ်ရာ ရသွားတာ။ စခန်းမှူးကတော့ ခါးရိုးထဲမှာ ကျည်စိုက်ဝင်တယ်လို့ ပြန်ကြားရတယ်"
"စစ်ကြောင်းလာလို့ နွားလှည်းနဲ့တိုးရင် နွားတွေကိုပစ်သတ်ပြီး လှည်းကိုမီးရိူ့တာ။ အဲ့တော့ပြည်သူတွေက အရင်လို ခိုင်းနွားတွေ မထားရဲတော့ဘဲ အကုန်ထုတ်ရောင်းနေတော့တာ။ အရင်က ခိုင်းနွား ၂ ရှဥ်း(၄ ကောင်)ထားတဲ့အိမ်က အခု ၂ ကောင်ပဲ ထားတယ်။ ရွာထဲမှာလည်း ခိုင်းနွားအသန့်က ၃ ပုံ ၁ ပုံလောက်ပဲ ထားတော့တယ်"
"တပ်မတော်နေ့မှာ ပြည်သူလူထုအနေနဲ့ စစ်တပ်ကိုမထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ပြည်သူလူထု မထောက်ခံတဲ့စစ်တပ်ဟာ ကြာကြာမခံပါဘူး။ ခုဆို တဖြည်းဖြည်း ယိုင်လဲလာပါပြီ။ အရေးနိမ့်လာပြီ ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ဆက်လက် တောင့်ခံခုခံပေးကြဖို့ တောင်းဆိုလိုပါတယ်"
"ဒီနေ့မှာက သူတို့တပ်မတော်နေ့ဆိုပြီး အခမ်းအနားတွေလုပ်ကြမှာ။ ပျော်ပွဲရွှင်ပွှဲတွေ လုပ်ကြမှာ။ ပြည်သူတွေကိုတော့ ဖိနိပ်ချုပ်ချယ်ပြီး သူတို့ကျတော့ ပျော်ပွဲရွှင်ပွဲတွေလုပ်မှာဆိုတာကို မခံချင်လို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ"
"ကိုကျော်ဇင်ဦးက အတက်ရောဂါရှိတယ်။ အရက်ကလည်း သောက်တတ်တယ်။ သူရေနစ်သေဆုံးတဲ့ မြောင်းကလည်း သိပ်ပြီးနက်တာမဟုတ်ဘူး။ သူ့ကံပဲပေါ့"
"ကျနော်တို့မြို့ရဲ့ကျေးရွာအုပ်စုအတော်များများမှာ မြွေပူရာကင်းမှောင့်ဆိုသလို သမအကြွေးတွေကို အုပ်ကြီးတွေရယ် ကျေးရွာသမအဖွဲ့ဝင်တွေရယ် ပေါင်းပြီး လိုက်လံအကြပ်ကိုင်တောင်းနေပါတယ်။ တချို့ရဲစခန်းခေါ်သွားပြီး ခြိမ်းခြောက်အကြပ်ကိုင်တောင်းတဲ့အဆင့်အထိ ဖြစ်လာခဲ့ပါပြီ။ စိုက်ဘဏ်ကြွေးက တောင်းလိုက် သမကြွေးဆိုပြီး တောင်းလိုက်နဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့်အကြပ်ကိုင် ခြိမ်းခြောက်တောင်းနေတဲ့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချပါတယ်"
"ရွာထိပ်တံတားအောက်က အောက်ခံယက်မတန်းကို ကြိုးချည်ပြီး ကြိုးဆွဲချတာပါ။ ရွာသားတချို့မြင်ပြီး ရဲကိုအကြောင်းကြားလိုက်တာ။ ဘာလို့လုပ်တာလဲတော့ မသိဘူး။ သူက အရက်တော့ တအားသောက်တယ်”