ခန့်အောင်

နတ်တလင်းမှာ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခတ်ခံရ

နတ်တလင်းမြို့နယ်၊ ပွဲသာအုပ်စု၊ အုပ်ချုပ်ရေးမှူး ကိုတင်ထွန်းကို ကုန်ကလေးရွာက ဆိုင်ကယ်နဲ့ပြန်လာချိန် သပြေစမ်းရွာအနီးမှာ မနေ့ည ၇ နာရီလောက်က ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပြည်ခရိုင် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၅ နွေဦးတပ်ဖွဲ့က ပစ္စတိုနဲ့ ပစ်ခတ်ခဲ့တာ

စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ၁၂ နှစ်အရွယ် ကလေးငယ်တဦး သေဆုံး

"ရဲတွေဘက်က လက်နက်ကြီး ၄ လုံးပစ်တာကို ရွာထဲကျတဲ့ ၂ လုံးထဲက ၁ လုံးက လူနေအိမ်ပေါ်ကိုကျပြီး ကလေးမလေးပွဲချင်းပြီး သေတာ၊ သူရဲ့အဘွားလည်း ဒဏ်ရာရသွားတယ်"

ဘောလုံးပွဲလုံခြုံရေးယူပြီး ပြန်လာတဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ ထိခိုက်မှုရှိ

"ဒီကောင်တွေက ဆိုင်ကယ်တွေနဲ့ အရပ်ဝတ်တွေဝတ်ပြီးပြန်လာတာကို မိုင်းဆွဲခဲ့တာပါ။ ပထမရှေ့ထွက် ဆွဲပြီး ၁၀ မိနစ်လောက် ရုတ်ရုတ်သဲသဲဖြစ်နေမှ ပတ်လည်ကွဲတဲ့ မိုင်းတလုံးကို ထပ်ဆွဲတာ ၃ ဦးလောက် ထိခိုက်ဒဏ်ရာရတယ်။ အခြားဒဏ်ရာ အနည်းငယ်ရသူလည်း ရှိတယ်"

ကြို့ပင်ကောက်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ပြောက်ကျားသပိတ်ပြုလုပ်

"ကျနော်တို့ကျောင်းသားအင်အားစုတွေအနေနဲ့ သွေးမအေးဘဲ ဆက်တော်လှန်နေပါမယ်ဗျ။ ပြည်သူလူထုအနေနဲ့ ဖက်ဆစ်ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ဆက်ပြီးသပိတ်မှောက်ပါဝင်ပေးဖို့ ပြောချင်ပါတယ်"

ကဝမြို့နယ်မှာ ရဲတဦးအနီးကပ်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး

"ရဲတွေကရှမ်းကန်ရွာဘက်ကနေ သပြုရွာဘက်ကို မောင်းလာတာပါ။ ရဲဘော်တွေနဲ့မျက်နာချင်းဆိုင်ပေါ့၊ ရဲဘော်တွေမျက်မြင်အရ နောက်ကစီးလာတဲ့ ရဲကျည်ထိပြီး ‌ဆိုင်ကယ်ပေါ်ကနေ မြေကြီးပေါ် လန်ကျသွားတယ်။ ဗိုက်ကို ဖိပြီးအော်နေတယ်။ မြေပြင်သတင်းရင်းမြစ်‌တွေအရ ပွဲချင်းပြီးသေတယ်လို့ သိရတယ်"

ကြို့ပင်ကောက်မှာ အမျိုးသားတဦး ရေနစ်သေဆုံး

"အရက်မူးပြီး ရေဆင်းကူးရာကနေ ရေနစ်သွားတာပါ။ ဆည်ရေကလည်း လွှတ်ထားတော့ ရေထိန်းတံခါးဆိုတော့ ရေဆွဲအားလည်း ရှိတယ်။ မူးနေတော့ ရေတံခါးအောက်မှာ ခေါင်းညှပ်ပြီး သေနေတာ"

မြိုင်မှာ စစ်တပ်က ရွာကိုမီးရှို့ပြီး စိတ်ကျန်းမာရေးချို့တဲ့သူတဦးကို ပစ်သတ်

"ဘာတိုက်ပွဲမှမရှိပဲ တမင်သက်သက်လာပြီး မီးရှို့သွားတာ။ အိမ်ခြေတရာလောက်ရှိတာကို ၃ ပုံ ၁ ပုံလောက်ပါသွားတယ်။ ပထမဆုံးမီးရှို့ခံရတာပဲ။ သဲကြီးရွာက စိတ်မနှံ့တဲ့ အကိုတယောက်ကိုလည်း ညောင်အုပ်ရွာမှာပဲ ဦးခေါင်းတေ့ပစ်သွားတာ"လို့ ပြောပါတယ်။

သင်္ကြန်မဏ္ဍပ်ဗုံးခွဲခံရပြီးနောက် စစ်ကောင်စီက အများသုံးလမ်းကို ပိတ်ပစ်

"ဘယ်အချိန် လမ်းပိတ်မှန်းတောင် မသိဘူး။ ကြိုပြီးအသိပေးတာလည်း မရှိဘူး။ ပိတ်ချင်ရင် ပိတ်လိုက်တာပဲ။ စည်းမဲ့ကမ်းမဲ့ လုပ်နေတာ။ ထပ်ပြီးဗုံးခွဲခံရမှာ ကြောက်လို့လေ"

နတ်တလင်းသင်္ကြန်ကျင်းပဖို့ လောင်းကစားဒိုင်နဲ့ လုပ်ငန်းရှင်တွေဆီက စစ်ကောင်စီငွေတောင်းခံ

"သင်္ကြန်မဏ္ဍပ်မှာ ကုန်မယ့်ငွေကို သက်ဆိုင်ရာထွေအုပ်စာရေးတွေက အုပ်ကြီးတွေဆီမှာ လောင်းကစားဒိုင်စာရင်းနဲ့ လုပ်ငန်းရှင်စာရင်းယူပြီး သူ့ရပ်ကွက်ကျေးရွာအလိုက် လိုက်တောင်းပေးရတာ"

ပေါင်းတည်က ဆောက်လုပ်ဆဲသင်္ကြန်မဏ္ဍပ်ကို သတိပေးဗုံးခွဲ

"ပေါင်းတည်သင်္ကြန်မဏ္ဍပ်ကိုဗုံးခွဲတာဟုတ်ပါတယ်၊ ခုမနက် ၅ နာရီကပါ၊ ပြည်သူတွေထိခိုက်မှုမရှိအောင် မဏ္ဍပ်ကြမ်းခင်းပေါ်တင်ပြီးခွဲခဲ့တာပါ၊ ပျက်စီးမှုအနည်းအပါးပဲရှိမယ်၊ စစ်ကောင်စီနဲ့တပ်ဖွဲ့ဝင်တွေကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာ" လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း - ၃၆၀၁ တပ်ခွဲ - ၅ နွေဦးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပုလဲမှာ စစ်ရှောင်စခန်းနဲ့ ရွာ ၁ ရွာကို စစ်ကောင်စီမီးရှို့၊ အမျိုးသမီးကြီးတဦး မီးလောင်သေဆုံး

"စစ်ကြောင်းမှာ စစ်ယူနီဖောင်းဝတ် အမျိုးသမီးစစ်သည် ၂ ဦးလောက်ပါလာတာ သေချာမြင်လိုက်ရတယ်။ နှောကန်ရွာကို မီးရှို့တာလည်း သူတို့စစ်ကြောင်းပဲ။ ချောင်းနားတောတိုက်ထဲက စစ်ရှောင်တဲကိုလည်း သူတို့ပဲ မီးရှို့ရင်း ရမ်းသမ်းပစ်လို့ အမျိုးသမီး ၃ ဦးဒဏ်ရာရခဲ့သေးတယ်"

စစ်ကောင်စီကျင်းပမဲ့သင်္ကြန်မှာ မပါဝင်ဖို့ နတ်တလင်း ပကဖ ဆို

“အဓိကတော့ နတ်တလင်းက ပြည်သူတွေကို ကိုယ့်အရပ်ကိုယ့်ဒေသမှာ အေးချမ်းနေတယ်ဆိုတိုင်း နေချင်သလို ပျော်ချင်သလို မနေကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဆိုတာ တရားဝင်တဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ဒီလို တရားမဝင် စစ်ရာဇဝတ်ကောင်တွေက လုပ်မယ့် သင်္ကြန်ဆိုတာ ပြည်သူတွေကို သတ်ဖြတ်၊ နှိပ်စက်ထားတဲ့ လုပ်ရပ်တွေကို ဖုံးအုပ်မယ့် အကြံပဲ။”

အရာတော်သားတွေကို နိမ့်ချရေးထားတဲ့ဝါဒဖြန့်စာတွေ စစ်အုပ်စုက လိုက်ကြဲ

"သူတို့စာက ၂ ရွက်၊ စာမှာဘယ်အဖွဲ့အစည်းက ရေးတယ်ဆိုတာ တိတိကျကျမပါဘူး။ ကျနော်တို့ အရာတော်သားတွေကို နိမ့်ချတဲ့ စာတွေရေးထားတာ စစ်တပ်က သူ့ဟာသူရေးပြီးဖြန့်နေတာ၊ ဘယ်သူမှမယုံဘူး"

မိုင်းလာဖျက်တဲ့စစ်သားတွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေကာ ပါလာတဲ့ နွား ၇ ကောင်လည်း သိမ်းခံလိုက်ရ

"သူတို့က မိုင်းကွင်းထဲမှာ နွားတွေကို အရင်ဖြတ်ခိုင်းတာ၊ အဲဒီမှာ တိုက်ခိုက်ရင်း ကျနော်တို့က နွား ၇ ကောင်ကို သိမ်းနိုင်ခဲ့တာ။ အပြန်အလှန်ပစ်ခတ်ရင်းနဲ့ နွား ၃ ကောင်သေပြီး၊ စစ်သား ၃ ဦးလည်း သေတယ်။ နွား ၄ ကောင်ကိုတော့ အရှင်ရလိုက်တယ်" လို့ DRPA သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြည်မြို့မှာ အမျိုးသားတဦး ကြိုးဆွဲချ သေဆုံး

"ဘယ်လိုဖြစ်ပြီး အခုလိုလုပ်တာလဲတော့ မစဥ်းစားတတ်ဘူး။ သူက အိမ်ထောင်နဲ့က အဆင်မပြေလို့ ကွဲနေတာလို့ သိရတယ်။ ကျန်တာ ဘာစိတ်ညစ်စရာရှိလည်းတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် အခုလို လုပ်ဖို့တော့ မသင့်ဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10