ခန့်အောင်

ခံဝန်ထိုးပြီးနေတဲ့ ပဲခူးတိုင်း လဝကဝန်ကြီး ၅၀၅ ၂မှုနဲ့ ပြန်ဖမ်းခံရ

"ဘယ်နေ့ကဖမ်းတယ်ဆိုတာမသိရဘူး။ မေလ ၂၁ ရက်က ပေါင်းတည်မှာ သူ့ယောက္ခမဆုံးလို့ ပြန်လာတာကိုတွေ့တယ်။ သူကအရင်တခါအဖမ်းခံပြီး ပြန်လွတ်ကတည်းက ရန်ကုန်မှာနေတာဆိုတော့ အဆက်အစပ်မရှိဘူး။ ခုဖမ်းတာကလည်း ပြည်ဒကစက ဖမ်းတာလို့သိရတယ်။"

ကနီက CDM ဆင်ဦးစီးမိသားစုတွေ ရပ်တည်နိုင်ရေး ခက်ခဲနေပြီး ဆင်တွေကိုစွန့်လွှတ်ရမယ့် အခြေနေဖြစ်နေ

"အဓိကကတော့ သူတို့ရဲ့စားဝတ်နေရေးနဲ့ ကျန်းမာရေး အဓိကခက်ခဲနေတာပါ။ စားဝတ်နေရေးခက်ခဲနေရင် သူတို့က ဆင်တွေကိုစွန့်ပြီး နေရပ်ပြန်မယ်လို့ ဆိုပေမယ့် စားဝတ်နေရေးအထောက်အပံ့ရရင်တော့ ဆင်တွေကိုဆက်ပြီး ထိန်းကျောင်းသွားကြမှာပါ"

ဂန့်ဂေါမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိဟုဆို

"လက်နက်ငယ်တွေ ၄၀ မမတွေ အပေါ့စားဗုံးပစ်လောင်ချာတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာ။ တိုက်ပွဲပြီးတော့ စစ်တပ်ဘက်က ဒဏ်ရာရသူတွေရော ကျဆုံးသူတွေရောပါ သူတို့အထိုင်ချတဲ့ ကင်းကျေးရွာရဲစခန်းကို ခေါ်သွားတယ်။ "

ကနီနယ်ကျေးရွာတရွာကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေပစ်ခတ်

"လေယာဉ်က ၂ ခါဝဲပီးမှ ပစ်တာဗျ ။ ပထမတခါဝဲနေတဲ့အချိန် ပြည်သူတွေပြေးကြတာ။ နောက်တပတ်ဝဲပြီးမှ လေယာဥ်ပေါ်ကနေ စက်လတ်နဲ့ပစ်တာ။ မိနစ် ၂၀ကျော်တယ်”

စေတုတ္တရာတိုက်ပွဲမှာ ကပစ ၂၀ က တပ်ကြပ်ကြီး ၂ ဦးအပါ ၃ ဦးသေဆုံး၊ သေနတ် ၁ လက်ရ

"စေတုတ္တရာမြို့ဘက်ကို ဝင်လာတာကို တိုက်ခိုက်ခဲ့တာပါ။ နှစ်ဘက်တိုက်ခိုက်ချိန် နာရီဝက်လောက် ကြာပါတယ်။ ကျနော်တို့က ကျည်ကုန်လို့ ဆုတ်လိုက်ရတဲ့သဘောပါ။ ကျနော်တို့ရဲ့ မဟာမိတ် PRA က ရဲဘော်တဦး လက်နက်ငယ်ထိပြီး ကျဆုံးခဲ့ပါတယ်"

မုံရွာက စစ်တပ်ပိုင်မြဝတီဘဏ်ရှေ့မှာ အာဏာရှင်ဆန့်ကျင်ရေးစာတန်း ချိတ်ဆွဲ

"ကျွေးတဲ့လက်ပြန်ကိုက်တဲ့စစ်ခွေး မင်းပထွေး မအလ နာရေးအတွက် ပြင်ဆင်ထားဟေ့"

ပေါင်းတည်မှာ PDF က ခြုံခိုတိုက်လို့ ဗိုလ်ကြီးအဆင့်ရှိသူ သေဆုံးဟုဆို

"သူတို့လာမယ်ဆိုတာကိုသိလို့ လက်နက်ငယ်နဲ့ ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ၂ ပွင့်အဆင့်ရှိတဲ့ ဗိုလ်ကြီးပါ ပွဲချင်းပြီး သေသွားတယ်။ အလောင်းကိုတော့ ၂၉ ရက်မနက်အစောပိုင်း ၂ နာရီလောက်မှာ တပ်မ ၆၆ အင်းမတပ် (အင်းမမြို့အခြေစိုက် တမခ ၆၆)ထဲ ကားတစီးမှာ ဆိုင်ကယ် ၄ စီး လုံခြုံရေးယူပြီး ပြန်သယ်သွားတာကို ကင်းထောက်တွေဆီက သတင်းရတယ်"

ညောင်ပင်ကြီးရဲစခန်းအနီးမှာ ပြုလုပ်တဲ့ ဆန်ကောသပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာအညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်ကာ မေလ ၃၀ ရက် ဒီနေ့ညနေ ၅ နာရီက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတယ်

မုံရွာမှာ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် (ရုပ်/သံ)

"အထိအခိုက်တော့ သေချာမသိရဘူး။ ကျနော်တို့မြင်ရတာက ကားရပ်သွားပြီး လူချိန်းမောင်းသွားတယ်။ ကားထဲမှာလည် အော်သံတွေကြားနေရတယ်။ အတိအကျ ဘယ်နှစ်ယောက်ထိခိုက်တာကိုတော့ မပြောနိုင်ဘူး။ ကျနော်တို့ လက်နက်ငယ်တွေနဲ့ ပစ်တဲ့ကားမှာတော့ ၁၀ ယောက်ကျော်လောက်ပါမယ်"

ကျွန်းလှမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်အုပ်စုကမီးရှို့၊ စစ်ဘေးရှောင်ရသူ တသောင်းကျော် ရှိလာ

“ကုက္ကိုကုန်းရွာက အခုလိုမီးရှို့ခံရတာပထမအကြိမ်ပါ။ ရွာသားတွေကတော့ ထွက်ပြေးနေရတုန်းပါ။ ဖမ်းဆီးခံရတဲ့ ရွာသားရှိမရှိကိုတော့ မသိရသေးဘူးဗျ။ နေအိမ်တွေဘယ်လောက် မီးထဲပါသွားလဲဆိုတာလည်း မသိရသေးပါဘူး။ လွှတ်တိုက်ရွာကိုတော့ မီးရှို့နေတုန်းပဲ၊ စကစတွေက ရွာထဲကနေမထွက်ရသေးဘူး။ အဲဒီရွာလည်း အခုမှ ပထအကြိမ်မီးရှို့ခံရတာပါ”

ရဲစခန်းကထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ ၃ ဦးထက်မနည်းထိခိုက်နိုင်

"သူတို့(စစ်အုပ်စု)ထွက်လာတာကို တောင်ခင်ရမ်းရွာအနီးမှာ ကျနော်တို့က ခြုံခိုတိုက်ခိုက်တာပါ၊ လက်ဦးမှု ရယူနိုင်လိုက်တော့ သူတို့ဘက်က ၃ ဦးထိသွားတာ။ မျက်မြင်တွေ့ခဲ့ရတယ်။ သူတို့ဘက်ကနေ ပြန်ဝိုင်းလာတာရော၊ သူတို့အထိုင်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးတာတွေ လည်း ရှိတယ်"လို့ ဆိုပါတယ်။

မန္တလေးမြို့က BE တပ် ၄၀ မမနဲ့ ပစ်ခံရ

"၄၀ မမ ၂ လက်နဲ့သုံးပြီး တိုက်ခိုက်ခဲ့တာပါ။ မတိုက်ခိုက်မီကတည်းက တပ်ထဲက နေ့စဥ်လုပ်ရှားမူကို ကြိုတင်စုံစမ်းပြီးမှ တိုက်ခိုက်ခဲ့တာပါ။ ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပါတယ်။ ပစ်ခတ်တာကတော့ မိနစ်ပိုင်းပဲကြာပါတယ်"လို့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့မှ ဗိုလ်နတ်ဆိုးကပြောပါတယ်။

မင်းလှမှာ ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက် ဆိုင်ကယ်သမား ၂ ဦးပွဲချင်းပြီးသေ

"ဆိုင်ကယ်က ကားခေါင်းအောက်ကို (ဆိုင်ကယ်)ရှေ့ဘီးရောက်သွားတာ။ ဆိုင်ကယ်က မလဲဘူး။ လူတွေကသာ နောက်ပြန်ကျတဲ့သဘော။ ၂ ဦးစလုံးက ဆိုင်ကယ်စီးဦးထုပ်မပါဘူး။ ၂ ဦးစလုံးပွဲချင်းပြီးသေတာ အသက် ၃၀အရွယ်ဝန်းကျင်ပဲရှိကြအုံးမယ်။ မင်းလှမြို့နယ်သရက်တောရွာနဲ့ တောင်ပို့ကြီးရွာက တယောက်လို့တော့ သိရတယ်"

ခလရ ၂၅၆ ကထွက်လာတဲ့ကားတွေ ၃ ကြိမ်တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိနိုင်

"ဖောကား ၂ စီးက တပ်ထဲကထွက်လာတာကို ပထမတကြိမ်က အောင်မိုး လမ်းဆုံနားကနေ မိုင်းဆွဲလိုက်တာ၊ ၁၅ မိနစ်လောက်ကြာတော့ ခလရ ၂၅၆ တပ်ထဲကနေ စစ်ကူတစီးထွက်လာလို့ မြေဖြူရွာနဲ့ ရွာငယ်ရွာကြားကနေ ပဒေသာမိုင်းနဲ့ထပ်ဆွဲတာ၊ ၂ ကြိမ်ပေါင်း ၃ ဦးလောက် ဒဏ်ရာရပြီး(၃ ကြိမ်ပေါင်း) ၈ ဦးလောက် ထိခိုက်ဒဏ်ရာရသွားတာလို့ ပြောပါတယ်"

ဆားလင်းကြီးက စစ်ဘေးနဲ့ မီးဘေးသင့်ကျေးရွာကို S&C က ရိက္ခာထောက်ပံ့

အိမ်ထောင်စု ၁၂၈ စုကို တအိမ်ထောင်လျှင် ဆန် ၄ ပြည်၊ ဆီ ၁ ပုလင်း၊ ဆား ၁ ထုပ်ဆီ ထောက်ပံ့ခဲ့တာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10