ခန့်အောင်

ပေါင်းတည်မှာ လူငယ် ၆ ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေချ

"မနေ့က ပေါင်းတည်ထောင်တွင်းတရားရုံးကနေ အမိန့်ချတာပါ။ နှစ် ၅၀ စီချခံရတဲ့ ကိုဇင်မြင့်ထွန်းနဲ့ ကိုဗညားမျိုးသန့်ကိုတော့ ပြည်ထောင်ကိုပို့ပါတယ်။ ကျန်တဲ့ ၄ ဦးကပေါင်းတည်ထောင်မှာပဲ ထားပါတယ်။ အမိန့်ချခံရတဲ့အားလုံးက အသက် ၂၅ အရွယ်ဝန်းကျင်တွေပါ"

စစ်ကိုင်းတိုင်းရှိ ရွာ ၂ ရွာကို ယက္ခညီနောင်အဖွဲ့ - မန္တလေး က ၉ မမ လက်နက်ငယ်တွေ ပေးအပ်

"ကျေးရွာသားတွေ စစ်ကောင်စီရန်က ကြိုတင်ကာကွယ်ရန်နဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ရာမှာ အဆင်ပြေဖို့ လိုအပ်ချက်အရ ထောက်ပံ့ပေးခဲ့တာပါ။ ကျနော်တို့ ကိုယ်တိုင်ထုတ်လုပ်ထားတာဖြစ်ပြီး ပစ်မှတ်ကိုပေ ၁၀၀ အကွာထိ ထိမှန်အောင်ပစ်နိုင်ပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ် တလက်ကို ကျပ် ၂ သိန်းကျပါတယ်။"

ရွှေဘိုနယ်က မီးဘေးသင့် ကျောင်းသား/သူတွေကို S&C က ဆိုလာမီး လှူဒါန်း

“လျှပ်စစ်မီးမရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေအဆင်ပြေစေဖို့ အားလုံးကိုလှူချင်ပေမယ့် ကျောင်းသားဦးရေနဲ့မမျှလို့ ဆိုလာကို မဲဖောက်ပေးခဲ့တာဖြစ်တယ်။ အလင်းအားကောင်းတဲ့ LED ၅ ဝပ် မီးလုံး ၃ လုံး အသုံးပြုနိုင်ပြီး ဖုန်းအားသွင်းနိုင်ပါတယ်"

နတ်တလင်းက ကျေးရွာတချို့တွင် ရွာအတွင်းနေထိုင်ကြောင်း ထောက်ခံစာလုပ်ခိုင်းပြီး ငွေတောင်း

"ရွာမှာနေတဲ့အကြောင်း ထောက်ခံစာလုပ်ရမှာတဲ့၊ ထောက်ခံစာက အလကားလုပ်ရတာမဟုတ်ဘူး။ တခါလုပ်ရင် တထောင်နှစ်ထောင်ပေးရတာ ဆန်ဝယ်စားလို့ရတယ်။ တလတခါဆိုတော့ လွန်တယ်။ အလုပ်အကိုင်က ကောင်းတာမဟုတ်ဘူး။ PDFတွေ လာနေမှာစိုးလို့ဆိုပြီး အကြောင်းပြတယ်။ လာစစ်တဲ့အချိန် စာရွက်ထဲကလူနဲ့ အပြင်ကလူတိုက်စစ်မယ်လို့လည်း ရာအိမ်မှူးကပြောသေးတယ်"

ပျူရွာက ကလေး ၂ ဦးအပါအဝင် ၇ ဦးကို ပေါက် PDFက ရှင်ပြုနားသပြုလုပ်ပေး (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက Young Revolution Front (YRF) တပ်ဖွဲ့ဟာ မေလ ၂၀ ရက်မှာ ပျူစောထီးရွာက ကလေး ၂ဦးအပါအဝင် မိဘမဲ့ကလေးနဲ့နွမ်းပါးတဲ့ကလေး ၇ ဦးကို ရှင်ပြုနားသပြုလုပ်ပေးခဲ့တယ်

ပေါင်းတည်မြို့ပေါ်မှာ ရေနွေးအိုးတည်ရာမှ မီးလောင်မှုဖြစ်လို့ နေအိမ် ၅ လုံး ဆုံးရှုံး

"ဘယ်လိုစလောင်လည်းတော့ မသိဘူး၊ မီးစလောင်တဲ့အိမ်က အိမ်အဟောင်းကြီး။ နေတဲ့သူက အိမ်ပိုင်ရှင်မဟုတ်ဘူး။ သူများရဲ့အိမ်ကို ငှားနေတာ။ အိမ်ကြီးအိမ်ကောင်းတွေ ပါသွားတာ။ ဘာပစ္စည်းမှမရလိုက်ကြဘူး"

ပေါင်းတည်မှာ ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

"သေနတ်နဲ့ပစ်တာကတော့ အချက်ရေက များသွားတယ်။ သူ(ကိုသန်းနိုင်)က သူ့ကို ပစ်မယ်မှန်းသိလို့ ထင်တယ်၊ ထွက်ပြေးတာမှာ လိုက်ပစ်ရတာ အတို ၂ လက်၊ အရှည် ၁လက်နဲ့ကို ပစ်လိုက်ရတာ။ ကိစ္စပြီးတော့ အေးအေး ဆေးဆေးပဲပြန်လာခဲ့တယ်"

ပေါင်းတည်က ဖမ်းဆီးခံထားရသူတဦးကို ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်

"စစ်ဆေးနေတုန်းကတော့ သူ့ဖုန်းထဲကသံသယဖြစ်စရာမတွေ့ဘူး။ မတွေ့လို့ တညပဲထုပြီး ချုပ်ထားလိုက်တာ မနေ့ (မေ ၂၁) ကမှ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်လိုက်တယ်။ လက်ရှိတော့ပေါင်းတည်ရဲစခန်းအချုပ်ထဲမှာပဲ ရှိသေးတယ်။ ထောင်ကိုမရွှေ့သေးဘူး"

ကန်ဘလူမှာ ၂ ရက်အတွင်း စစ်ရှောင် ၃ ဦးမြွေကိုက်ခံရ၊ မေလအတွင်း မြွေကိုက်ခံရသူ ၆ ဦးထိရှိလာ

"အခုလအတွင်းကတော့ မြွေကိုက်ခံရသူ ၆ ဦးရှိပါပြီ။ အခု ၂ ရက်အတွင်း မြွေကိုက်ခံရတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတို့ဟာ စိတ်ချရတဲ့အနေအထားမှာ ရှိနေပါပြီ။ ၃၂ နှစ်အရွယ် အမျိုးသားကိုတော့​ ကျန်းမာရေးကိုစောင့်ကြည့်နေပါတယ်"

ရွာကို လက်နက်ကြီးနဲ့ပစ်မယ်ဆိုပြီး စစ်ကောင်စီတပ်က ခြိမ်းခြောက်ငွေတောင်းသွား

"ပထမဆုံးတောင်းတာက သိန်း ၃၀ ပေးရမယ် မပေးရင်ရွာကို လက်နက်ကြီးနဲ့ပစ်မယ်ပြောတာ၊ အဲ့ဒါညှိနိုင်းရင်းနဲ့ ၂၅ သိန်းနဲ့တည့်သွားတာ၊ တအိမ်ကို ငွေ နှစ်သောင်းခွဲစီစုပြီးပေးလိုက်ရတာ၊ ရွာလူကြီးကစစ်တပ်ယာယီအထိုင်ချတဲ့ နေရာကိုသွားပေးလိုက်ရတာ၊ ငွေကိုဘယ်သူက လက်ခံယူလည်းဆိုတာတော့မသိရဘူး၊ မရှိတဲ့ကြားက ရွာပျက်မှာကြောက်လို့သွားပေးရတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ဆင်ဖြူကျွန်းမှာ မုန်တိုင်းကြောင့်သေဆုံးသူ ၄ ဦးအထိ ရှိလာ

"အလောင်းက နေပူလိုက် မိုးရွာလိုက်နဲ့ ရက်ကလည်းကြာတော့ သယ်ဖို့ကလည်း ခက်ခဲလို့ တွေ့တဲ့နေရာမှာပဲသေချာမီးသဂြိုဟ်ပြီး ပြာကိုရေမျောပေးခဲ့ပါတယ်။ ကိုကျော်လင်းရွှေအပါအဝင် မုန်တိုင်းကြောင့် ဆင်ဖြူကျွန်းမှာရေမျောသေဆုံးတာ ၄ ဦးရှိပြီ"

အုပ်ချုပ်ရေးမှူးကို လာတိုက်ခိုက်ချိန် ပြန်ခုခံတဲ့ သားဖြစ်သူသေဆုံး

"အုပ်ချုပ်ရေးမှူးလှဌေးကို သေနတ်နဲ့ပစ်တာမှာ ရှောင်လိုက်တော့မမှန်ဘူးတဲ့။ အဲအချိန်မှာလှဌေးရဲ့အိမ်ဘေးကပ်လျက်မှာ အိမ်ခွဲနေတဲ့ သားကသေနတ်သမားတွေကိုခုံခံဖို့ပြင်နေချိန်မှာ သူ့(ဖိုးထောင်)ကိုသေနတ်နဲ့ ၄ ချက်ပစ်ခတ်ခံရပြီး နေရာမှာသေသွားတာ။"

ကန့်ဘလူက စစ်ရှောင်အမျိုးသားတဦး မိုးကြိုးစက်ကွင်းမိပြီး သေဆုံး

“သူတို့(ကိုနော်မှိုင်း)နေတဲ့ တဲကသစ်ပင်ဘေးကပ်ဆောက်ထားတာ မိုးကြိုးကသစ်ပင်ကိုပစ်တာမှာ တဲထဲကို နွားဆွဲလာတဲ့ကိုနော်မှိုင်းကို ထိသွားပြီး နေရာမှာပဲဆုံးတာ နွားကတော့ဘာမှမဖြစ်ဘူး "

ရေဘေးသင့်အိမ်ခြေ ၆၀၀ ကျော်အတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က စားသောက်ကုန်လှူဒါန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မိုခါမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရတဲ့ပြည်သူတွေကို အညာပစ် တိုင်းထောင်လေးများအဖွဲ့က မေလ ၁၈ ရက် ​မနေ့ကညနေ ၄ နာရီခန့်မှာ စားသောက်ကုန်အချို့ သွားရောက် လှူဒါန်းခဲ့တယ်

မုန်တိုင်းကြောင့် မကွေး-ပွင့်ဖြူ-စလင်းလမ်းက တံတားငယ်တစင်းပျက်လို့ သွားလာရေးအခက်တွေ့နေ

"မုန်တိုင်းမိုးကလည်းရွာ၊ ရေကလည်းတအားကြီးတော့ တံတားအောက်ခြေတိုင် ဘယ်နေ့ကပျက်လည်းတော့ မသိဘူး။ ကားကြီးကားငယ်တွေ မသွားဖို့ကိုတော့ ပိတ်ထားလိုက်ပြီ။ စက်ဘီး ဆိုင်ကယ်လောက်ပဲ သွားခွင့်ပြုတယ်။ ကားကြီးကားငယ်တွေ အခက်အခဲကြုံသွားတာပေါ့"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10