ခန့်အောင်

ကနီ CDM ဆင်စခန်းကို ပြည်သူတွေက ကျပ်သိန်း ၇၀ ကျော်လှူဒါန်း

"မိသားစုတစုကို ငွေ ၂ သိန်းကျော်တော့ရပါတယ်။ သူတို့စျေးဝယ်ရတဲ့ဆိုင်က ဆင်စခန်းကနေ ဆင်နဲ့သွားရင် ၆ နာရီလောက်သွားမှရောက်တာဗျ။ ဆိုင်ကလည်းမြို့နဲ့အလှမ်းဝေးတော့ သူတို့ဝယ်စားရတာ စျေးတော့များတာပေါ့"

စစ်ကိုင်းနယ်က ပျူစောထီးတွေပိုင်တဲ့ ကား ၂ စီးကို ဒေသခံ PDF တွေက မီးရှို့ဖျက်ဆီး

"မာလဲတောပျူရွာကကား ၂ စီး ဘုန်းကြီးကျောင်းအနီးမှာ ရပ်ထားတယ် သတင်းရလို့ သွားရောက်မီးရှို့ခဲ့တာပါ။ ကားပေါ်မှာဘယ်က ခိုးလားမှန်းမသိတဲ့ ဆိုင်ကယ်တွေရေခဲသေတ္တာတွေ ပန်ကာတွေပါတယ်။ အကုန်ရှင်းလင်းခဲ့ပါတယ်။ ဘာတခုမှမယူခဲ့ဘူး ပျူတွေ စစ်သားတွေ အသုံးပြုနေတဲ့ကားမို့ ဖျက်ဆီးခဲ့တာပါ။"

ရွေဘိုမှာ စစ်ကူလာတဲ့စစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုရှိ

"ပန်းရံရွာကနေ စစ်သား ၁၂ ဦး ကားအသေးနဲ့လာတယ်။ ဇီးဖြူကုန်းရွာမြောက်ဖက် မူးဘောင်ပေါ်မှာ ကားကိုထားပြီး ခြေလျင်လျှောက်ပြီး ၆၀ မမ၊ ၄၀ မမရယ် သေနတ်တွေဖောက်လာတာ တည်သီးတော ပျူခေါင်းဆောင်မောင်ဆန်းအထိုင်ချနေကျ လင့်စင်(တဲ)နားလည်းရောက်ရော အသင့်ထောင်ထားတဲ့ မိုင်း ၅ လုံးနဲ့ဆွဲခဲ့တာ"

ဒီပဲယင်းက စစ်ရှောင်မိသားစုတွေ နေထိုင်စားသောက်ရေး ခက်ခဲနေ

"နေထိုင်ရတာက လယ်တဲအဆင့်ပဲရှိမယ်။ ထန်းလက်မိုးထက်လက်ကာနဲ့ နေရတာ။ အချို့ ဝါးကြမ်းခင်းတောင်မရှိဘဲ မြေပြင်မှာအိပ်ကြရတာ။ တခါတလေ လာလှူတဲ့အလှူရှင်ရှိတတ်ပေမယ့် စစ်ရှောင်ကာလ တလျောက်လုံးနီးပါး ပျိုးနှုတ်ကောက်စိုက်နဲ့ ယာခင်းတွေမှာ နေ့စားလုပ်ကြတယ်။ မိုခါမုန်တိုင်းဝင်တော့ စပါးခင်းယာခင်းတွေပျက်ပြီး တောင်သူလည်းအဆင်မပြေတော့ သူတို့လည်း အလုပ်မရှိတော့ဘူးပေါ့"

မြင်းခြံနဲ့ မလှိုင်နယ်တို့မှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိဟုဆို

"စစ်သားတွေက ကတောရွာကနေ လတလုပ်မြို့ဘက်ကိုပြန်လာတာ တစီးနဲ့တစီးက သိပ်မကွာဘဲ မိုင်ကွင်းထဲဝင်လာတာမှာဆွဲလိုက်တာ တစီးကလမ်းဘေးထိုးကျပြီးလဲသွားတယ် ၂ စီးကတော့ထိတယ်မလဲဘူး "

ပုဂံဘုရားများထဲက ထင်ရှားတဲ့ ဗူးဘုရား မိုးကြိုးထိမှန်လို့ ထိခိုက်ပျက်စီးခဲ့

"ပုဂံမှာညကရွာတဲ့မိုးနဲ့မှ ၄ ကြိမ်ပဲ ရွာသေးတာ။ ညကမိုးကတော့ မိုးကြိုးတွေပါပစ်တာ။ ဗူးဘုရားကိုလည်း မြစ်ထဲပစ်တဲ့ မိုးကြိုးစက်ကွင်း ထိသွားတယ်။ ပျက်စီးမှုတော့ရှိတယ်။ "

ပေါင်းတည်မှာ စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရလို့ စစ်သားတဦး သေဆုံး

"ဒီကောင်တွေ တယောက်လည်းသေရော ၆၀ မမရယ်၊ RPG ရယ်နဲ့ပစ်တာက ၁၀ ချက်လောက်ရှိမယ်။ လက်နက်ငယ်နဲ့ ရမ်းပစ်တာက အချက်ရေပေါင်းဆိုတာမနည်းဘူး။ တတောလုံးဆူညံသွားတာပဲ။ မိနစ် ၂၀ လောက်ကိုပစ်တာ"

ခင်ဦး ကံသစ်ရွာရှိ နေအိမ်တွေထဲက ဗုဒ္ဓဆင်းတုတော်တွေကို စစ်ကောင်စီက ဖျက်ဆီးမီးရှို့

"အရင်မီးလောင်ခံရလို့ ပြန်ဆောက်ထားတဲ့ အိမ်အချို့လည်း မီးရှို့ခံရတယ်။ အိမ်ထဲကဘုရားတွေကိုလည်းဖျက်ဆီးသွားတယ်။ အဲရွာက ၄ ကြိမ်မြောက်မီးရှို့ခံရတာ၊ ခုတခါအိမ် ၆၅ လုံးမီးလောင်ခံရတယ်။"

စစ်တပ်ကပစ်တဲ့လက်နက်ကြီးကျည် အိမ်ပေါ်ကျလို့ ကလေးငယ်အပါ မိသားစု ၃ ဦးဒဏ်ရာရ

"ဒေါင့်အင်းကုန်းရွာက ကိုအောင်ထွန်းဝင်း အိမ်ပေါ်ကိုကျပြီး သူ့အမျိုးသမီးရယ် သူ့သမီးတယောက်ရယ် အငယ်ဆုံးသားလေးရယ်ကို လက်နက်ကြီးကျည်စမှန်တာ အခု ဆွာဆေးရုံကိုပို့ထားတယ် အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး"

ပေါင်းတည်မှာ စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရလို့ တဦးသေ၊ တဦးဒဏ်ရာရ

"စစ်ကြောင်းက လက်ပံခုံရွာကနေ ထွက်လာတာကိုစောင့်ပြီး လက်နက်ငယ်နဲ့ တိုက်ခိုက်ခဲ့တာပါ။ သေတဲ့တကောင်ကို လက်ပံခုံရွာနားက ယာတဲမှာတင်ပြီး မီးရိူ့သွားတယ်။ အနားက ယာတဲ ၈ လုံးကိုလည်း မီးရိူ့သွားသေးတယ်" လို့ PPDFမှ တာဝန်ရှိသူတဦးက ဆိုပါတယ်။

အုတ်ဖိုက ပျူစောထီးဆိုသူ နယ်ထိန်းရဲယောက္ခမ သေနတ်နဲ့ပစ်သတ်ခံရ

"သူ့အိမ်က ရဲစခန်းနဲ့ ၁ ဖာလုံလောက်ဘဲ ဝေးတာ။ သူ့ကို စောင့်ကြည့်နေတာကြာပြီ။ ဒီနေ့ မိသားစုရှိတော့ ကျန်တဲ့သူ အန္တရာယ်မရှိအောင် သေချာအောင်စောင့်ပြီး အပြီးပစ်ခတ်ခဲ့တာ ပွဲချင်းပြီးပဲ" လို့ Hero ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်မိုးကြိုးက မြေလတ်အသံကို ပြောပါတယ်။

ကြို့ပင်ကောက်မှာ ရပ်ထားတဲ့ကားကိုဝင်တိုက်တဲ့ ဆိုင်ကယ်သမား ၂ ဦး သေဆုံး

"သူတို့က အလှပြင်လုပ်ငန်းလုပ်ကြတာ၊ ဇီးကုန်းကပြန်လာကြတာမှာ ရပ်ထားတဲ့ကားကို နောက်ဝင်တိုက်မိတာပါ။ နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားပါတယ်၊ သူတို့က အရက်နည်းနည်းတော့ သောက်တတ်တယ်"လို့ သေဆုံးသူတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

ရေစကြိုမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ သေဆုံးသူတွေရှိဟုဆို

"စစ်သားတွေက စထွက်လာတုန်းကဖောကား ၂ စီးနဲ့လာတာ၊ ကံသစ်ရွာ ကွက်သစ်နားရောက်တော့ကား ၂ စီးနဲ့ ရဲဘော်တချို့ထားခဲ့ပြီး အင်အား ၃၀ လောက်နဲ့ခြေလျင်ဆင်းပြီး ကျနော်တို့ထောင်ထားတဲ့ မိုင်းတွေကိုရှာကြတာဗျ။ အဲဒီမှာမိုင်းကိုတူးဖော်နေပြီး ဘက်ထရီအိုးဖြုတ်မယ်အလုပ်မှာ ဆွဲချလိုက်တာပါ"

သာယာဝတီထောင်မှာ အကျဉ်းသားတွေဆီက အမျိုးမျိုး ငွေတောင်းနေ

"အကြောင်းအမျိုးမျိုးနဲ့တောင်းနေတာ။ အကျဥ်းသားတွေမသက်သာဘူး။ ကိုယ်နေတဲ့အဆောင်မှာပြင်ရင် အဲ့အဆောင်ထဲက အကျဥ်းသားတွေအားလုံးပေးရတာ။ ကိုယ့်အဆောင်ကိုယ်ပြင်ဆိုတဲ့သဘောမျိုး။ နောက်ဆုံးထောင်ပိုင်လေးရဲ့အိမ်က အိမ်သာနဲ့ရေစင်ပြင်တာလည်း ပေးရတာပဲ။ အဲဒါကျတော့ တထောင်လုံးပေးရတယ်။ "

ကန့်ဘလူမြို့မှာ မေလအတွင်း စစ်ရှောင် ၈ ဦးမြွေကိုက်ခံရ၊ တနှစ်ကျော်အတွင်း ၆၉ ဦးအထိရှိလာ

"ဒီလထဲမှာတင်ပဲ ၈ ဦး မြွေကိုက်ခံရတာပါ။ အားလုံးကျန်းမာရေးကောင်းမွန်ပါတယ်။ သူတို့ကို BPI နဲ့ အိန္ဒိယ မြွေဆိပ်ဖြေဆေးထိုးပြီးကုသပေးခဲ့ပါတယ်။ စုစုပေါင်း တနှစ်ကျော်အတွင်းမြွေကိုက်ခံရသူ ၆၉ ဦးရှိပါပြီ "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10