ခန့်အောင်

ဆလိုင်းတင်မောင်ဦးကွပ်မျက်ခံရခြင်း ၄၇ နှစ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်ဖြန့်ဝေ

"ဒီလှုပ်ရှားမှုကိုလှုပ်ဆောင်ရတာက ဆလိုင်းတင်မောင်ဦးရဲ့စစ်ဖိနပ်အောက်ဒူးမထောက်ခဲ့တဲ့ တော်လှန်ရေးစိတ်ဓာတ်ကို အလေးအမြတ် ဂုဏ်ပြုတာလည်းဖြစ်သလို တော်လှန်ရေးသမားကိုသတ်လိုက်လည်း တော်လှန်ရေးကမသေဘူးဆိုတာ စစ်အာဏာရှင်တွေနဲ့ဖောက်ပြန်ရေးသမားအပေါင်းကို ကြုံးဝါးကြွေးကြော်လိုက်ခြင်းပဲ ဖြစ်ပါတယ်"

ပန်းတောင်းမှာ အမေနဲ့သားကို ပေးစားဆဲဆိုတဲ့ ဖခင်ကို သားကဓားနဲ့ထိုးလို့ သေဆုံး

"သူ့ (ကိုဇော်မြင့်) မိန်းမနဲ့ သားအငယ်က ထိုင်းမှာအလုပ်လုပ်နေတဲ့ သားအကြီးဆီဖုန်းဆက်နေတာကို ကိုဇော်မြင့်က နင့်လင်တွေဆီ ဖုန်းဆက်နေတာလားပြောလို့ သားအငယ်နောင်နောင်က စိတ်ဆိုးပြီး ဖခင်ရဲ့လည်ပင်းကို ဓားနဲ့တချက်ထိုးလိုက်တာမှာ ပွဲချင်းပြီး သေသွားတာ"

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၂ ဦးသေပြီး ၅ ဦးဒဏ်ရာရ

"ကျနော်တို့က စစ်ကြောင်းနောက်ကနေ နောက်ယောင်ခံပြီး လိုက်လာတာမှာ ရုတ်တရက် အလစ်အငိုက်လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ သေဆုံးအလောင်းကိုတော့ တဲအတွင်းမှာပဲ မီးရိူ့သွားတာ"

ဆင်မြီးဆွဲမြို့က ရဲအရာရှိဟောင်းနဲ့ နယ်ထိန်းကို ပေါင်းတည် PDF တိုက်ခိုက်ခဲ့တာဖြစ်

“သူတို့ ၂ ယောက်က ဆိုင်ကယ်နဲ့လာတဲ့အချိန်မှာ ပစ်ခတ်ခဲ့တာပါ။ ဦးကျော်ကျော်ကတော့ ပြည်ဆေးရုံမှာ တင်ထားတယ်လို့ သတင်းရတယ်။ ဦးစိုးသက်အောင်ကတော့ ကျောပေါက်ဒဏ်ရာနဲ့ အဲဒီနေရာမှာ သေသွားတယ်”

ဆင်မြီးဆွဲမှာ အငြိမ်းစားရဲတဦးနဲ့ နယ်ထိန်းခေါင်းဆောင် ပစ်ခတ်ခံရပြီး အငြိမ်းစားရဲသေဆုံး

"အငြိမ်းစားရဲအရာရှိကတော့ ဆုံးသွားတယ်။ နယ်ထိန်းခေါင်းဆောင်ကတော့ ပြည်ဆေးရုံတင်သွားတယ်။ သေလား၊ မသေလားတော့မသိဘူး။ ဖုန်းဆက်ပြောလို့သိရတာ အသေးစိတ်တော့ မသိရဘူး"

ပဲခူးရိုးမမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး (ရုပ်သံ)

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကာ မိနစ် ၂၀ ဝန်းကျင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ပြီးနောက် သေဆုံးစစ်သားအလောင်းကို မီးရှို့သွားခဲ့သလို အနီးဝန်းကျင်းက ယာတဲ ၃ လုံးကိုလည်း မီးရှို့သွားသေးတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပုသိမ်ကြီးမှာ မိုင်းလာဖြုတ်တဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုရှိ ဟုဆို

"ခြေထောက်ပြတ်တဲ့ ၂ ကောင်လုံး ဗိုလ်အဆင့်ရှိတယ်လို့ မြေပြင်ကင်းထောက်တွေက ပို့လာတယ်။ ခြေထောက်ပြတ်တဲ့ကောင်တွေလည်း သေဖို့များတယ်" လို့ နတ်ဆိုး (မြေအောက်တော်လှန်ရေး တပ်ဖွဲ့) တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ခင်ဦးနယ်မှာ စစ်တပ်ကလက်နက်ကြီးပစ်ပြီး ရွာကိုဝင်လို့ ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

"စစ်ကြောင်းကရွာနားကို ရုတ်တရက်ရောက်လာတော့ ရွာသားတွေလည်း အလျင်အမြန်ပြေးကြတာ။ အဲ့ဒီမှာစစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသမီးတယောက်သေပြီး ၈ ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေရဲ့အခြေအနေကို အသေးစိတ်မသိသေးဘူး"

ကြို့ပင်ကောက်မြို့ပေါ်မှာ ဆိုင်ကယ်ခိုးယူခံရမှု မကြာခဏဖြစ်ပွားနေ

"နေဝင်းခြံဝန်းထဲမှာထားတဲ့ ဆိုင်ကယ်တွေအခိုးခံရတာပါ။ ညအချိန်ခြံဝန်း တံခါးတွေ သော့တွေကိုဖျက်ဝင်ပြီးခိုးတာပါ။ ခိုးယူခံရတဲ့ဆိုင်ကယ်တွေက အကုန်လုံးယိုးဒယားဘီးတွေပါ။ ကြို့ပင်ကောက်မြို့ပေါ်မှာ ဆိုင်ကယ်သူခိုးတွေ အတင့်ရဲလွန်းနေပါတယ်။ ဒါကကျနော်တိတိကျကျသိတဲ့ ဆိုင်ကယ်ကိုပြောတာ။ ကြို့ပင်ကောက်မှာ နောက်ထပ်ခြံဝန်းထဲမှာ ရပ်ထားရင်းပျောက်တဲ့ ဆိုင်ကယ်စီးရေ မနည်းတော့ဘူး"

သရုပ်ဆောင်ဒေါင်းနဲ့ ပြည်သူတွေက စစ်ရှောင်တွေကို စားသောက်ကုန် လှူဒါန်း (Photo News)

ဆန်အိတ် ၂၀၊ ဆီပိဿာချိန် ၃၀၊ ငါးသေတ္တာဗူး ၃၃၀နဲ့ ကြက်သွန်ပိဿာချိန် ၁၀၀ ပါဝင်ပြီး ညောင်ပင်ကြီးအုပ်စုက စစ်ရှောင်စခန်း ၇ နေရာကို အလှူရှင်ကိုယ်စား အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့တာ

ကန့်ဘလူမြို့နယ် ကျေးရွာတရွာက နေအိမ် ၅ လုံးကို စစ်ကောင်စီမီးရှို့

"စစ်တပ် တပ်စွဲထားတာက ညောင်ကန်သာရွာနဲ့ မိုင်ဝက်လောက်ပဲဝေးတဲ့ ညောင်ကုန်းတောင်ပေါ်ကနေလာပြီး မီးရိူ့သွားတာ။ ပြီးတော့ စားစရာရိက္ခာတွေလည်း လာယူသွားတာပေါ့။ ရက်စွဲနဲ့သာ တိတိကျကျမမှတ်မိတာ၊ ညောင်ကန်သာရွာကို မကြာခဏပစ္စည်းတွေဝင်ပြီး ယူတာပေါ့"

ပေါင်းတည်မြို့နယ်မှာ ကျောင်းထိုင်ဆရာတော်တပါး ပစ်သတ်ခံရ

"ဘွဲ့အမည်တော့မမှတ်မိဘူးဗျ။ ကျုပ်တို့အရပ်က ကျောင်းထိုင်တဲ့ရွာကိုအစွဲပြုပြီး လက်ပံခုံဆရာတော် လို့ဘဲခေါ်တာ။ သူ လမ်းမှာပျံတော်မူတဲ့အကြောင်းကို ညကမှသိရတာ၊ ဘယ်သူမှဘုန်းကြီးဆီကိုအကြောင်း ကြားတာမျိုးတော့မရှိဘူး"

သာယာဝတီခရိုင်အတွင်း ပန်းပန်တဲ့ပရိုဖိုင်ချိန်းသူ ၄ ဦး အဖမ်းခံရ

"မွေးနေ့အကြိုပန်းပန်တဲ့ ဓါတ်ပုံနဲ့ ပရိုဖိုင်ချိန်းတာကို စစ်ကောင်စီတယ်လီဂရမ်ကတင်လိုက်လို့ ၁၉ ရက် ညနေကပဲ မိုးညိုရဲကလာဖမ်းတာ"

NLD အစိုးရ ပဲခူးတိုင်းလဝကဝန်ကြီးဟောင်းကို ထောင် ၆ နှစ်ချ

"အမိန့်ချတာဟုတ်ပါတယ်။ ဒါပေမယ့်သူ့ကို အခြားနွေဦးတော်လှန်ရေးကြောင့် ထောင်ချခံရတဲ့သူတွေနဲ့ရောမထားဘူး။ တိုက်ပိတ်တဲ့အခန်းမှာ သီးသန့်ထားတာ။ တိုက်ပိတ်တာတော့မဟုတ်ဘူး သီးသန့်ခွဲထားတဲ့သဘော။"

စစ်ရှောင်ရင်း တောတောင်ထဲနေထိုင်ရလို့ မြွေကိုက်ခံရမှု မကြာခဏဖြစ်နေတာလို့ဆို

"မြွေကိုက်ခံရမှုမြင့်တက်လာတာက အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲလို့ ပြောရမယ်။ အရင်ကရွာတွေမှာပဲ လူတွေက နေကြတာ။ ခုတော့တွေတောင်တွေထဲမှာ လူတွေက အကုန်ရောက်နေတာ။ လူတွေကနေစရာကျဥ်းသွားပြီး မြွေရှိတဲ့နေရာကို ရောက်နေတာ။ ဒါကြောင့်မြွေကိုက်ခံရတဲ့ ဦးရေတိုးလာတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10