ခန့်အောင်

ရန်ကုန် - ပြည်လမ်းပေါ်က စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီဖျက်သိမ်း

"သာယာဝတီ မီးနင်းချောင်းဂိတ်ဆိုရင် မနေ့ကတည်းက စစ်ဆေးတာမရှိဘူး။ 'အစစ်ဆေးခံပါ'ဆိုတဲ့ ဆိုင်းဘုတ်တွေလည်းမရှိတော့ဘူး။ လမ်းတွေမှာတားထားတဲ့ ဘယ်ရီဂိတ်တွေပါဖယ်ထားတာ"လို့ သာယာဝတီမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဝက်လက်မှာ စစ်အုပ်စုရဲ့ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးသား အပါ  ၂ ဦးသေဆုံး

၁၆ ရက်မနက်ပိုင်းက ဝက်လက်မြို့အနောက်ဘက်၊ မူးဆည်ဘောင်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် သခွတ္တောရွာမမှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ကိုရဲမော် ကျည်ထိမှန်သေဆုံးခဲ့ပြီး၊ ညနေပိုင်းမှာတော့ လှတောရွာဘက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က အသက် ၂၃ နှစ်အရွယ် ကိုထက်ဝေစိုးကို ထိမှန်သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

Bagan Ogre Force တပ်ဖွဲ့ဝင်တွေကို မြို့ပြစစ်ဆင်ရေးအတွက် အထူးကွန်မန်ဒိုသင်တန်းပေး

"အဓိက က မြို့ပြ Urban Operation (မြို့ပြစစ်ဆင်ရေး) အတွက်ပါ။ Urban နဲ့ Jungle( တောတွင်း) ကမတူဘူး Urban က အနီးကပ်တိုက်ခိုက်တာ Jungle ထက်လျှင်မြန်ရတယ် ရုပ်ပြောင်း၊ ရုပ်လွှဲ မြန်ရမယ်။ ပြည်သူနဲ့တသားတည်းနေနိုင်ရမယ်။ အဓိကမြို့ပြကိုပြန်သိမ်းဖို့ မြို့ပြစစ်ဆင်ရေးအတွက် သင်တန်းပေးတာပါ "

ပဲခူးရိုးမအခြေမှာ မိုင်းဆွဲခံရလို့ စစ်ကောင်စီစစ်သားတွေ စောင်ပုခက်နဲ့ ထမ်းသယ်သွားရ

"စစ်သား ၈ ဦးလောက်က တဲထဲကိုဝင်မယ့်အချိန် ကျနော်တို့က ယာတဲထဲကဖျာကြမ်းအောက်မှာ မြေတူးမြုပ်ထည့်ထားတဲ့ ဓါတ်ဗူးအသေးအရွယ် ၆ ပိဿာခွဲလေးတဲ့ မိုင်း ၂ လုံးနဲ့ခွဲလိုက်တာ။ စစ်သားတွေလည်းဒဏ်ရာရ တဲလက်ပျက်ရောပဲ"

ခြံရောင်းရငွေနဲ့ တိုက်ပွဲဝင်ခဲ့ပေမယ့် ရပ်တည်ဖို့ခက်လာလို့ အလှူခံရပြီဟုဆို

"Page ထောင်ရကောင်းမှန်းမသိဘူး။ အိမ်ဝန်း(ခြံ) ရောင်းတာ၊ ပေါင်တာလုပ်ပြီး အာဏာရှင်တိုက်မယ်ဆိုပြီး လုပ်ဆောင်ခဲ့တာပါ။ ခုနောက်ပိုင်းကျတော့ လက်နက်ကြီးတွေလည်း ချဲ့ထွင်လုပ်တယ်။ တိုက်ပွဲလည်းစိတ်လာတော့ ငွေကြေးကမတတ်နိုင်တော့လို့၊ အခုတော့စွန်ရဲ Page ထောင်ပြီး အလှူခံရတာ။"

နတ်တလင်းမှာ ခရီးသည်တင်ယာဉ် သစ်ပင်ဝင်တိုက်ရာက ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

"ကားက လမ်းဘေးသစ်ပင်ကိုတိုက်ပြီး စပါယ်ယာက လမ်းဘေးမြောင်းထဲကျပြီး နေရာမှာပဲ သေနေတာ။ အဲဒီအချိန်က မိုးကနည်းနည်းရွာနေတာ၊ စလစ်ဖြစ်လား ယာဥ်မောင်းပဲ အိပ်ငိုက်သလားတော့ မပြောတတ်ဘူး"

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ စစ်သားတဦး သေဆုံးဟုဆို

"ရင်ဘတ်ကို တချက်ထဲပဲထိတာ၊ စစ်သားက ခြင်းကြားကြီးနဲ့ အားလျားမှောက်ကြီးကို ပစ်ကျတာ၊ ကျန်တဲ့စစ်သားတွေလည်း ပုန်းတဲ့ကောင်ကပုန်း ရှောင်တဲ့ကောင်ရှောင်နဲ့ အလောင်းကို တရွတ်ဆွဲဘေးချပြီး ထုံးစံအတိုင်း ရမ်းပစ်တော့တာပဲ"

ကန့်ဘလူနယ်မှာ စစ်ရှောင်အမျိုးသား ၁ ဦးမြွေကိုက်ခံရ၊ စုစုပေါင်း ၇၃ ဦးထိရှိလာ

"မိုးကလည်း နည်းနည်းရွာတော့ လယ်ထဲကိုသွားကြည့်တာမှာ ခြေထောက်ကိုမြွေပွေးကိုက်ခံရတာပါ။ အိန္ဒိယမြွေဆိပ်ဖြေဆေး ၄ လုံး ထိုးပေးထားပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် စိတ်ချရပါပြီ"

ပုလဲနယ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိဟုဆို

"စစ်ကြောင်းက ပျူစောထီးရွာတွေအတွက်ကို ရိက္ခာစုပေးဖို့ဆိုပြီးတေ့ာ စစ်ကြောင်းထိုးတာပါ။ အဲဒီမှာအပြန်အလှန်ပစ်ခတ်ရင်း စစ်ကြောင်းက မိုင်းကွင်းထဲဝင်လာလို့ မိုင်းဆွဲလိုက်တာပါ။ တိုက်ပွဲပြီးတော့ ဇီးဖြူကုန်းရွာထဲကို သေတဲ့သူတွေသယ် ပြန်ဝင်သွားပြီး ရွာထဲရောက်တော့ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ကိုပြန်ပစ်နေတယ်"

ကန့်ဘလူမှာ စစ်ရှောင်အမျိုးသမီးတဦး မြွေကိုက်ခံရ၊ စုစုပေါင်း မြွေကိုက်ခံရသူ ၇၂ ဦးထိရှိလာ

"လူနာကို မြန်မာနိုင်ငံထုတ် BPI မြွေဆိပ်ဖြေဆေး ၄ လုံးနဲ့ အန္ဒိယထုတ် မြွေဆိပ်ဖြေဆေး ၁၀ လုံး ထိုးနှံပေးထားပါတယ်လို့ မြေပြင်ကျန်းမာရေးဌာနက သတင်းပို့ထားပါတယ်"

ဝက်လက် GZ Special Task Force က အထူးစစ်ဆင်ရေးနဲ့ မြို့ပြစစ်ဆင်ရေးလေ့ကျင့်

"စစ်ကောင်စီယှဥ်တဲ့အခါမှာ ရဲဘော်တွေရဲ့ ကြံ့ခိုင်ရေး၊ သက်လုံကောင်းဖို့၊ အသာစီးရဖို့၊ လေ့ကျင့်ပေးတာပါ။ မြို့ပေါ်တွေက စစ်ကောင်စီအထိုင်ချတဲ့ နေရာတွေ၊ ဘန်ကာတွေကို လျှပ်တပြက်အသာစီးယူ တိုက်ခိုက်ဖို့ပါ။ နောက်တခုက စစ်ကြောင်းထိုးတဲ့နေရာမှာ စနစ်တကျခြုံခိုတိုက်ခိုက်ဖို့ လေ့ကျင့်တာပါ"

ရွှေဘိုမှာ စစ်ကောင်စီစစ်ကြောင်း တင့်ကားဖျက်မိုင်းအပါ မိုင်း ၂၄ လုံးဆွဲခံရလို့ သေဆုံးသူများပြား

"စစ်တပ်လှုပ်ရှားရာနေရာတွေကို ကျနော်တို့က ဘာမှမလုပ်ဘဲ လွတ်ထားလိုက်ပြီး မျက်ခြေမပြတ် စောင့်ကြည့်နေတာ။ အဲဒီမှာ ဒီကောင်တွေကလည်း စိတ်ချရပြီအထင်နဲ့ ရဲရဲတင်းတင်းနဲ့ပြန်အလာမှာ ကျနော်တို့ဆင်ထားတဲ့အထဲကွက်တိရောက်လာလို့၊ ထိခိုက်မှုများသွားတာ"

ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီစစ်ကြောင်း ခြုံခိုတိုက်ခံရလို့ ၁ဦးသေ ၁ဦးဒဏ်ရာရ

"ရွာသားတွေ ယာလုပ်သွားတဲ့ လမ်းကြောင်းအတိုင်း စစ်ကြောင်းလာတာကို အသင့်စောင့်နေပြီးမှပစ်တာ။ တယောက်ကတော့ နေရာမှာပဲသေတာ၊ တယောက်က ဒဏ်ရာရသွားတာ။"

အလှူရှင်နည်းလာလို့ မြို့ပေါ်မစ်ရှင်တွေကို လျှော့ချလာရဟု မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ဆို

"ကျနော်တို့မှာ မြို့ပေါ်အသုံးစရိတ်ကလည်းထောင်းတယ်။ အလှူရှင်လည်း အရင်ကထက် တဝက်လောက်နည်းလာလို့ မစ်ရှင်တွေလျှော့ချဖို့ စဥ်းစားနေပါတယ်။ စုဆောင်းငွေသိမ်း ၅၀ လည်းကုန်သွားပြီ။ ပြန်စုနိုင်ဖို့ မလွယ်တော့ဘူး"

ဗိုလ်ဒဿအတွက် မုံရွာပြောက်ကျားအဖွဲ့က လက်တုံ့ပြန်တိုက်ခိုက်လို့ စစ်သား ၂ ဦးသေဆုံး

"တပည့်ဖြစ်တဲ့ ဗိုလ်ဒဿကျဆုံးတာကို ဒီနေ့လက်တုံ့ပြန်ခဲ့တာပါ။ လဝကရုံးဟောင်းထဲကနေ စစ်သား ၂ ယောက်ထွက်လာတာကို လက်ဦးမှုယူပြီး ပစ်ခတ်ခဲ့တယ်။ နေရာမှာပဲ ၂ ယောက်စလုံး ပွဲချင်းပြီးသေတယ်။ ရုံးထဲကနေပြီးတော့လည်း ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် ကျနော့်ရဲဘော်တွေအန္တရာယ်ကင်းပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10