သဲကုန်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရ
"ကျောကိုတချက်မှန်တယ်။ အပစ်ခံရအပြီး အုပ်ကြီးက လမ်းဘေးက အိမ်တအိမ်ထဲဝင်သွားတော့ ဆက်မပစ်လိုက်ရဘူး။ ပစ်ခတ်မယ့်အချိန်ရွာသားတချို့ လမ်းပေါ်ရောက်နေတဲ့အတွက် ထိန်းသိမ်းပစ်ခတ်ခဲ့ရတာ"
"ကျောကိုတချက်မှန်တယ်။ အပစ်ခံရအပြီး အုပ်ကြီးက လမ်းဘေးက အိမ်တအိမ်ထဲဝင်သွားတော့ ဆက်မပစ်လိုက်ရဘူး။ ပစ်ခတ်မယ့်အချိန်ရွာသားတချို့ လမ်းပေါ်ရောက်နေတဲ့အတွက် ထိန်းသိမ်းပစ်ခတ်ခဲ့ရတာ"
"လက်ရှိအချိန်အထိ ဖမ်းထားတဲ့စစ်ရှောင် ၁၂ ဦးထဲက အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ် ၃ ဦးကိုတော့ ပြန်လွှတ်ပေးတယ်။ ဘယ်အချိန်လွှတ်တာလည်းတော့ မသိရဘူး။ အမျိုးသား ၅ ဦးကတော့ ပြန်လွှတ်ပေးမပေးဘူး။ အဲ့လိုပဲ (ဇူလိူင် ၅ ရက်) မနက် ဖမ်းတဲ့ လူ ၅၀ လည်း ပြန်လွှတ်မပေးဘူး"
အခုလိုပဲခူးတိုင်းအနောက်ခြမ်းမှာ စစ်ကောင်စီကလုံခြုံရေးတိုးမြှင့်လာတာဟာ တောင်ပိုင်းတိုင်းစစ်ဒေသအမှတ် ၂ စစ်ဒေသခွဲရဲ့ ထုတ်ပြန်ချက်၊ ပဲခူးတိုင်းအရှေ့ခြမ်း စစ်ရေးအရှိန်မြှင့်လာမှု၊ PDF စိုးမိုးနယ်မြေတွေများလာမှုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကျေးရွာအချို့ကို ထိန်းသိမ်းထားနိုင်တဲ့ အခြေအနေတွေနဲ့ သက်ဆိုင်တယ်လို့ သာယာဝတီခရိုင်ပကဖမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
"မနက် ၈ နာရီလောက်တိုက်တာမှာက စစ်ကြောင်းက တဲထဲနားဖို့ပြင်နေတုန်း စနိုက်ပါနဲ့ပစ်ပြီးမှ လက်နက်ငယ်နဲ့ထပ်ပစ်တာမှာ ထိကုန်တာ။ ကျနော်တို့က အဖွဲ့ခွဲတွေထားပြီး တိုက်ရတာ။ အဓိက အနီးကပ်ချောင်းမြောင်း တိုက်ခိုက်ရတာပါ"
"သင်္ဘောနဲ့ ရွာသာကို လူလာချတာ၊ လာချပြီး ရွှေကျင်ရွာကို ဝင်ပြီး မီးထပ်ရှို့တာ။ ရွှေကျင်ရွာမှာလည်းတပ်စွဲထားတဲ့ တပ်စိတ်တစိတ်ရှိတယ်။ ရွှေကျင်ရွာကနေ ပြန်ထွက်လာတဲ့အချိန် စပြီးတိုက်ပွဲဖြစ်တာ။"
"ထုံးစံအတိုင်း PDF အဆက်အသွယ်ရှိတယ်ဆိုပြီး၊ သူတို့လုပ်နေကြအတိုင်းလုပ်တာပါ့။မိသားစုလည်းမတွေ့ရသလို ဘယ်ကိုဖမ်းသွားမှန်းလည်း မသိရဘူး။ ဖမ်းသွားတာက အနည်းဆုံး ၁၅ ဦးလောက်ရှိမယ် တိတိကျကျသိတာကသာ ၈ ဦးပြောတာ"
"စစ်ရှောင်တွေနေတဲ့နေရာတွေကို လိုက်ပြီးကုသပေးနေရတာပါ။ ဆေးဝါးကတော့ လုံလောက်မှုမရှိဘူးဗျ။ ဒီလိုဘဲ ပြတ်လိုက်၊ အလှူရှင်ရှိရင် ဝယ်ဖြည့်လိုက်နဲ့ပါ။ စခန်းရန်ပုံငွေကလည်း စစ်ဘေးရှောင်အတွက် စိုက်ထုတ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးနေရတယ်" လို့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောပါတယ်။
"ဗုံးသီး ၁၀ လုံးကို တလုံးနဲ့တလုံး ၅ မိနစ်စီခြားပြီး တိုက်ခိုက်ခဲ့တာ။ ဘယ်နှစ်ကောင် မသာပေါ်သလဲလို့တော့ မသိဘူး။ ခွေးအကောင် ၃၀ လောက်က လက်နက်တွေကိုင်ပြီး ခွေးပြေးဝက်ပြေးတာ"
ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ရွာက ထွက်လာတဲ့စစ်ကြောင်းနဲ့ ပေါက်ပင်ကွင်းရွာက ထွက်လာတဲ့ ပူးပေါင်းစစ်ကြောင်းအပါ အင်အား ၅၀ လောက်ကို ယင်းမာတောင်ခြေရင်းကနေ မနေ့မနက် ၈ နာရီလောက်မှာ မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပေါင်းတည်မြို့နယ်နဲ့ သဲကုန်းမြို့နယ်အစပ် ရန်ကုန် - ပြည်လမ်းကပေါ်က ဆိုင်းဘုတ်မှာ "တတိုင်းလုံးညီ တပြည်လုံးရဲ မင်းအောင်လှိုင်ခေါင်း ဒေါင်းနင်းတဲ့ပွဲ" စာတန်းကိုချိတ်ပြီး အနီးမှာပဲမိုင်း ၂ လုံးခွဲခဲ့တာလို့ ဆိုပါတယ်။
"၂ ယောက်စလုံး ပွဲချင်းပြီးသေသွားတာ။ ကိုသန်းဝင်းက ကြို့ပင်ဝိုင်းရွာနားမှာ သေတာ။ ပေါက်စက တောတိုက်ထဲမှာ သေလို့ သူတို့မိသားစုက လှည်းနဲ့သွားသယ်ရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။
"ညနေ ၄ နာရီကျော်လောက်မှာ သူ့အမေက ကိုကြည်ခိုင်ဆီကိုသွားရင်းနဲ့ ကြိုးတန်းလန်းနဲ့သေနေတာကိုတွေ့တာ၊ ဘယ်အချိန်ကတည်းက သေနေတာလည်းတော့ မသိဘူး" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
"Expressဆို စီးလာသူအားလုံး ဆင်းလျှောက်ရတယ်။ အထုတ်ဆွဲပြီး လူတွေက ဓာတ်မှန်ခန်းက ဖြတ်ရတယ်။ Express ဆို ဝမ်းဗိုက်ထဲပါတဲ့ပစ္စည်းတွေကို စစ်* ၂ ယောက်က ဗိုက်ထဲအထိ ဝင်စစ်တယ်။ အိမ်စီးကားတွေကိုလည်း နောက်ဖုံးထဲပါတဲ့ပစ္စည်း အကုန်ဖွင့်ပြရတယ်။ ရန်ကုန်ပြန်ကို ပိုစစ်တယ်"
ဆေးရုံစွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ဆေးထိုးအပ်၊ ဂွမ်း၊ ပတ်တီးနဲ့ သွေးစ၊ အသားစတွေဟာ ကူးစက်ရောဂါကို ဖြစ်ပွားစေနိုင်တာကြောင့် အခုလို ဆေးရုံးသုံးစွန့်ပစ်ပစ္စည်းတွေ စည်းကမ်းမဲ့စွန့်ပစ်နေတာကို ပန်းတောင်းမြို့ခံတွေကလည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
"ပြည်သူနဲ့မပူးပေါင်းရင် ကျနော်တို့က အသက်ကိုရန်မရှာတော့ဘူး။ သူတို့ပိုင်ဆိုင်တဲ့နေအိမ်ခြံမြေတွေကို ပြည့်သူ့ဘဏ္ဍာအဖြစ်သိမ်းမယ်။ သိမ်းလို့ရတဲ့ အိမ်ကိုသိမ်းမယ် သိမ်းမရသေးရင်သူတို့(စစ်ကောင်စီဝန်ထမ်း)ကို ပြည်သူနဲ့ပူးပေါင်းဖို့နှိုးဆော်စာ ပို့သွားမယ်။"