ခန့်အောင်

ယင်းမာပင်မှာ ကွမ်းဈေးကောင်းမရလို့ တောင်သူတွေတွက်ခြေမကိုက်

"မုံရွာမြို့ကကွမ်းဒိုင်ကို သွားရောင်းရတာပါ။ ဒိုင်ကဖြတ်တဲ့ဈေးနဲ့ ရောင်းခဲ့ရတာပါ။ ဒီဈေးနဲ့က မကိုက်ဘူး။ အနည်းဆုံးကွမ်းတပိဿာကိုကျပ် ၃,၀၀၀ ဈေးရမှကိုက်မယ်” လို့ ယင်းမာပင်မြို့မှ ကွမ်းစိုက်ပျိုးသူတဦးက ပြောပါတယ်။

ပေါက်ခေါင်းမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဆန်ဆိုင်တွေကို စောင့်ကြည့်ပြီး ဆန်ဝယ်သူတွေရဲ့ ဖုန်းနံပါတ်တွေကိုပါ တောင်းယူနေ

"ဆန်ကို အိတ်လိုက်များများဝယ်တဲ့သူတွေရဲ့ ဖုန်းနံပါတ်တွေကိုတောင်းတာ၊ အမြဲတစေဝယ်နေတဲ့ ဖောက်သည်တွေလည်း ပါတယ်။ မကြာခဏလည်း အုပ်ချုပ်ရေးမှူးနဲ့ဒလန်တွေရဲ့စောင့်ကြည့်တာကို ခံနေရတယ်"လို့ မြို့ခံတဦးကပြောပါတယ်။

ဝက်လက်မှာ တနေ့တည်း စစ်အုပ်စုနေရာ ၃ နေရာတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိဟုဆို

" ဒဏ်ရာရကောင်တွေကို တိုင်းရင်းဆေးရုံနဲ့ဓါတ်တိုင် ၅ တိုင်အကွာလောက်က ကြံ့ဖွတ်ရုံးရှိတဲ့ စံပြ**ခြံထဲခေါ်ပြီးကုတာ။ ပျူခေါင်းဆောင်ဖိုးခိုင်က လူနာအတွက် ပိုက်တွေသယ်ပေးရတယ်။ ဖိုးခိုင်ကအနီးဝန်းကျင်က ပြည်သူတွေကို စစ်**တွေဒဏ်ရာရတဲ့အကြောင်းမပြောဖို့နဲ့ ပြောရင်လျှာဖြတ်ပစ်မယ် တမိသားစုလုံးသတ်ပစ်ဆိုပြီးလည်း ခြိမ်းခြောက်သွားသေးတယ်"

ကြို့ပင်ကောက်မြို့နယ်မှာ အမျိုးသမီးငယ်တဦး ရေနစ်သေဆုံး

"သူ့အိမ်ဘေးခြံထဲက ၁၅ ပေပတ်လည်လောက်ပဲရှိတဲ့ ရေကန်ထဲနစ်သေတာ။ သူကတော့ရေမကူးတတ်ဘူး သူ့ အမျိုးသားကအလုပ်သွားတယ်၊ သူ့အဖေကလည်းမြို့ကိုစျေးဝယ်သွားတယ်။ သူ့အမေကလည်းအိမ်မှာဘဲဆိုတော့ သူရေနစ်တာမသိဘူးပေါ့" လို့ ကျေးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒီပဲယင်းမှာ နှစ်နှစ်နီးပါးအထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေကို ထန်းသားနေအိမ်တွေ ဆောက်လုပ်ပေး

“အဓိကဦးစားပေးက အားကိုးရာမဲ့ပြီးယာယီတဲထိုးကာ နေထိုင်ကြသူတွေနဲ့ သူများအိမ်မှာမှီခိုနေသူတွေကို ဆောက်လုပ်ပေးနေတာပါ။ သူများအိမ်မှာမှီခိုနေသူတွေကို ကြာလာတော့ အိမ်ရှင်တွေက မကြည်ဖြူကြတာတွေလည်း ရှိလာတယ်။ ဒါ့ကြောင့် လက်ရှိ အိမ် ၃ လုံး ဆောက်နေပါတယ်" လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကန့်ဘလူမှာ စစ်တပ်က စပါးတွေကို မီးရှို့တာ၊ စစ်ကြောင်းထိုးတာကြောင့် စိုက်ပျိုးရေး မလုပ်နိုင်လို့ လာမယ့်နှစ် ဆန်ရှားပါးမှုဖြစ်နိုင်

"စစ်တပ်စစ်ကြောင်းက ဖမ်းတာ ပစ်တာသတ်ဖြတ်နေတာဆိုတော့ လယ်ထဲမဆင်းရဲကြဘူး။ ကျီးလန့်စာစားနေရတာဆိုတော့ ဒီအတိုင်းပဲလယ်ကို လွှတ်ထားရတာ။ ဒီကြားထဲ မိုးမရွာလို့ ချောင်းနား၊ အင်းနားနီးတဲ့လယ်တွေလောက်ပဲ စက်ရေတင်ပြီး သမန်းစို(ရေများများနဲ့ထွန်ယက်တာ)စိုက်ပျိုးနိုင်တယ်”

ဟန်လင်းမြို့ဟောင်းထဲက စစ်ကောင်စီတပ်ကို PDF က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

“ ဟန်လင်းထဲမှာက စစ်**တွေက လူမနေတဲ့ပြည်သူ့အိမ်တွေ တက်နေပြီးစခန်းလုပ်ကြတာ။ ဖရဲသီးသတင်းနဲ့ချရတာ ထိထိမိမိရှိပါတယ်“

ရွှေဘိုကို ပြန်လာတဲ့စစ်အုပ်စု လမ်းတလျှောက်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိဟုဆို

"စိုင်နိုင်ကြီး၊ စိုင်နိုင်လေးရွာနားမှာ ပွို့င်ဆွဲလို့ ထိတွေ့စဖြစ်တာ။ အဲဒီမှာ သူတို့က ရှေ့ဆက်တိုးလာတော့ ဘုန်းဘွဲ့ရွာကို ရောက်လာတာမှာ ကျနော်တို့က လက်နက်ကြီးငယ်နဲ့ဆက်တိုက်လိုက်ပစ်တာ တဂဏန်းရွာ ရောက်တဲ့အထိပဲ။ သေဆုံးထိခိုက်သူတွေခဲ့တယ်"

စစ်အုပ်စုရဲ့ပစ်ခတ်မှုကြောင့် PPDF ရဲဘော်တဦးထိမှန်သေဆုံးပြီး လက်နက်အချို့ဆုံးရှုံး

"ရဲဘော် ၄ ဦး မနက်ထမင်းစားနေတုန်း ၄၀ မမနဲ့ ပစ်တာကိုခံရတာ တဦးကပွဲချင်းပြီးကျပြီး တဦးက ဒဏ်ရာရသွားတာ။ ကျန်ရဲဘော် ၂ ယောက်ကလည်း ထွက်ပြေးရင်း လက်နက်တွေကျကျန်ခဲ့တာ"

တပ်အတွင်းဖဲရိုက်တဲ့ PDF ရဲဘော်ရဲမေတွေကို ချုပ်ရက် ၁ ရက် ပြစ်ဒဏ်ပေး

"ကျနော်က အစည်းအဝေးတက်နေတဲ့အချိန်မှာ သူတို့က ကစားနေတာပါ။ တာဝန်ချိန်မဟုတ်လည်းတပ်ဖွဲ့အတွင်း ဖဲရိုက်ခွင့်မရှိပါဘူး ဒါကြောင့်ပစ်ဒဏ်ပေးရတာပါ"

နတ်တလင်းနဲ့ပေါင်းတည်မှာ စက်သုံးဆီကို ဗူးခွံနဲ့ဝယ်ချင်သူများ ထောက်ခံစာပြုလုပ်ရ

"ကျနော်ကိုယ်တွေ့ကြုံတာက ၂ လီတာဝယ်တာတောင် ထောက်ခံစာမပါလို့ ရောင်းမပေးဘူး။ ဘယ်သူဖြစ်ဖြစ် ဘာလုပ်ငန်းဖြစ်ဖြစ် ပုံးနဲ့ဝယ်မယ်ဆိုထောက်ခံစာ လုပ်ရတယ်"

ပဲခူးရိုးမက PDF တွေရဲ့သတင်းကို စုံစမ်းနေတဲ့ မီးသွေးကားမောင်းသူ၂ ဦးကို ရှင်းလင်း

"စစ်ကောင်စီနဲ့ပေါင်းပြီး သတင်းပေးဒလန်လုပ်နေလို့ ဒီကောင်လေးတွေကို အကြိမ်ကြိမ်သတိပေးထားတာ။ ပြီးတော့ သူတို့ ၂ ဦးက မင်းလှ ခလရ ၁ က တပ်ကြပ်ကြီးခင်မောင်ကြည်ရဲ့ တပည့်အရင်းတွေဖြစ်နေလို့ ရှင်းလင်းလိုက်ရတာ" လို့ တပ်ရင်း ၃၈၀၂ ရဲ့သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဗိုလ်မှူးရဲ့ သစ်သယ်ကားတွေ ပစ်ခတ်ခံရလို့ ယာဉ်မောင်း ၂ ဦး သေဆုံးပြီး ကားမီးရိူ့ခံရ

"ဖမ်းဆီးခံရတဲ့သစ်တွေ သယ်ရမယ်ဆိုပြီး ဗိုလ်မှူး ကျော်သူရ ခေါ်သွားတာမှာ ပစ်သတ်ခံလိုက်ရတာ။ စိန်ကန့်လန့်အုပ်ချုပ်ရေးအဖွဲ့က တောင်ပေါ်မတက်ဖို့ပြောတာကို နားမထောင်ပဲ ဇွတ်တက်လို့ ခုလိုဖြစ်သွားတာ" လို့ မင်းလှဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

စစ်သားနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ အလယ်ကျွန်းရွာကို ဗုံးသီးချတိုက်ခိုက်

"သူတို့(စစ်အုပ်စု)ကင်းပုန်းဝပ်တဲ့နေရာကို တလုံးကျပါတယ်။ တလုံးက လက်နက်ဂိုဒေါင်ကိုချပေမယ့် တည့်တည့်မကျပဲလွဲသွားတယ်။ နောက်တလုံးက ရွာထဲကျတာပါ။ စုစုပေါင်း ၃ လုံးချခဲ့တာပါ။ ကျနော်တို့တိုက်ခိုက်လို့ ၆၀ မမ ၅ လုံးရယ်၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ပေမယ့် ကျနော်တို့အန္တရာယ်ကင်းပါတယ်"လို့ ကျောက်လုံးကြီးတပ်မဟာရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအေဒီက ပြောပါတယ်။

စစ်ရေးအန္တရာယ်ကြားမှာ အာဇာနည်တွေကို ဦးညွှတ်ဂုဏ်ပြု

ရွှေဘိုခရိုင်တပ်ရင်း ၁၅ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူအနည်းငယ်ဟာ လွတ်လပ်ရေးတိုက်ပွဲဝင်ရင်းကျဆုံးသွားတဲ့ အာဇာနည် ၉ ဦးနဲ့အတူ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့သူတွေကို စစ်ရေးအန္တရာယ်ကြားကပဲ ဒီနေ့ အခမ်းအနားလုပ် ဦးညွှတ်ဂုဏ်ပြုခဲ့ကြပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10