ခန့်အောင်

ပြည်မြို့နယ်မှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး၊ ၈ လအတွင်း ကြိုးဆွဲချ သေဆုံးသူ ၉ ဦးထက် မနည်းရှိ

"သူက လေဖြတ်ထားတာ ၂ နှစ်လောက်ရှိပြီ။ မိသားစုက အတတ်နိုင်ဆုံးပြည့်ပြည့်စုံစုံထားကြတယ်။ လေဖြတ်ထားတော့လည်း သူစိတ်ကခန့်မှန်းရခက်တယ်။ သူအိမ်နောက် တဲထဲကအလယ်ခေါင်တိုင် ယောက်တန်းမှာ ကြိုးဆွဲချသွားတာ" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုးရွာ၊ ရေတိုက်စားလို့ ပျက်စီးနေတဲ့ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းပိုင်း ပြုပြင်ဖို့ အကူညီလိုအပ်

“လမ်းပြုပြင်ရုံတင်မဟုတ်ဘူး။ တဖက်က ချောက်ဖြစ်နေတော့ ခိုင်ခံ့တဲ့ မြေထိန်းနံရံတွေပါ လုပ်ပေးမှ ရေရှည်မှာအဆင်ပြေမှာလို့ အင်ဂျင်နီယာတွေက အကြံပြုထားပါတယ်။ ဒါကြောင့် စုစုပေါင်းတွက်ချက်ရာမှာ ကျပ်သိန်း ၃၀၀ လောက် ကုန်ကျမှာဖြစ်တယ်"

မင်းလှက အမျိုးသားတဦး အဖမ်းခံရပြီး တပတ်အတွင်း သေဆုံး

“ကိုပတ်တီးကိုရဲစခန်းဝင်းထဲက လူမနေတဲ့လိုင်းခန်းမှာစစ်ဆေးရင်းနဲ့ သေတာ၊ အချုပ်ထဲမှာ ထားတာမဟုတ်ဘူး။ သူတို့သတ်ပြီးတော့မှ ကြိုးဆွဲချတာလို့ သတင်းထုတ်တာ သတ်သေတာ မဖြစ်နိုင်ဘူး”

မိုးညိုမြို့နယ်မှာ မြစ်ရေဝင်လို့ စာသင်ကျောင်း ၆ ကျောင်း ပိတ်ထားရ

“အနီးဝန်းကျင်က ကျောင်းတွေလည်း ကလေးတွေအန္တရာယ်ကင်းအောင်လို့ ပိတ်လိုက်တာပါ။ ဒီနေ့တော့ ရေကျစပြုလာပါပြီ“

ရေတာရှည်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

“ယာခင်းထဲမှာ အလုပ်လုပ်နေတုန်း ၉၀ မမလက်နက်ကြီးကျည်ထိတာပါ။ စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ လက်နက်ကြီးနဲ့ ပစ်တာက တနေ့ကို ၄ ကြိမ်လောက်ရှိတယ်။ ဒီတလုံးက ထိသွားတာ။ ခုမနက်လည်း လက်နက်ကြီး ၃ လုံးကျသေးတယ်။ ရွာသားတွေ သတိပြုနေထိုင်ပေးဖို့ ပြောလိုပါတယ်"

သာယာဝတီမှာ မြစ်မခမြစ်ကမ်းပါးပြိုကျလာနေလို့ ‌နေအိမ်  ၉ လုံးပြောင်းရွှေ့ခဲ့ရ

"ကမ်းပါးတွေက ရေတက်လာချိန်မှာလည်း ပြိုကျတယ် ရေပြန်ကျသွားချိန်မှာလည်း ပြိုကျလေ့ရှိတော့ ကမ်းထပ်ပြိုရင်အန္တရာယ်ရှိမှာစိုးလို့ ပြောင်းရွှေ့ပေးခဲ့တာပါ။ ပြောင်းရွှေ့ခဲ့တဲ့နေရာဟာ မြစ်ကွေ့နေရာဖြစ်ပြီး ရေကြောင်းထိပ်တိုက်တိုးတဲ့နေရာလည်းဖြစ်တယ်"

ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီဖမ်းသွားတဲ့ အမျိုးသား ၂ ဦး ၄ လ ကြာသည်အထိ အဆက်အသွယ်မရ

"ကိုမြင့်ထွန်းနဲ့ တပြိုင်နက်လိုလို ဖမ်းခံရတာ၊ ပြန်လွတ်မယ်ထင်ခဲ့ကြတာ၊ စစ်ကြောရေးမှာလက်လွန်သေကုန်ပြီဖြစ်မယ်။ မိသားစုကတော့မရှိတော့ဘူး သေသွားပြီလို့ဘဲ ယူဆကုန်ကြပြီ။ ဖမ်းပြီးကတည်းက အဆက်အသွယ်မရတာလေ" လို့ ဖမ်းဆီးခံရသူတဦးရဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ ပြည်သူ့စစ်သင်တန်းဆင်း အမျိုးသား ၁၄ ဦး ဖမ်းမိ

“နယ်မြေလုံခြုံရေးအရ စစ်ဆေးဆောင်ရွက်နေတုန်း မသင်္ကာတာနဲ့ စာရွက်စာတန်းတွေကို စစ်လိုက်တော့မှ ပြည်သူ့စစ်တွေမှန်း သိလိုက်ရတာပါ။ သူတို့က ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးတာဝန်နဲ့ စကစနဲ့ စစ်ကြောင်းလိုအပ်တဲ့နေရာမှာ ထမ်းဆောင်ရမယ်လို့တော့ သိရတယ်” လို့ Chindwin Galone Yarzar Guerrilla Defense Force ရဲ့ ပြောခွင့်ရသူတဦး က ပြောပါတယ်။

ရေဦးက စစ်ကောင်စီစစ်ကြောင်းကို PDF တွေ ခြုံခိုတိုက်ခိုက်

မိနစ် ၄၀ ကြာ နှစ်ဘက်ပြန်လှန်ပစ်ခတ်နေချိန် ပျူစောထီးအများစုနေထိုင်တဲ့ အောင်သာယာရွာကနေ စက်လက် တွေ၊ ၆၀ မမတွေနဲ့ ပစ်ကူပေးခဲ့တာကြောင့် စစ်ကောင်စီစစ်ကြောင်းဟာ အလောင်းတွေကို ထားကာ နောက်ပြန်လှည့်သွားပြီး ညနေ ၃ နာရီကျော်လောက်မှ အလောင်းတွေကို လာကောက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

နတ်တလင်းမှာ ကင်းလှည့်လာတဲ့ရဲတွေ မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုတွေရှိ

"ရဲ*တွေ ကင်းလှည့်တာကိုစောင့်နေပြီး ဆိုင်ကယ်မောင်းလာချိန် အသင့်ထောင်ထားတဲ့ မိုင်း ၄ လုံးနဲ့ဆွဲခဲ့တာ။ ဆိုင်ကယ် ၂ စီးလည်း ပျက်စီးသွားတယ်။ မြေပြင်သတင်းအရ အလောင်းနဲ့ ဒဏ်ရာရသူတွေကို ကားနဲ့လာသယ်သွားတယ်။ ဘယ်ကိုသယ်လဲတော့ မသိရဘူး" လို့ Phoenix DF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဆားလင်းကြီး၊ ဝမ်ပေါင်စီမံကိန်း ဂိတ်စောင့် ရဲ ၁ ဦး သေနတ် ၂ လက်နဲ့အလင်းဝင်

"ဒီမနက်ပဲ ဆားလင်းကြီးမြို့နယ်သမန်းကျားတပ်ဖွဲ့ကို အလင်းဝင်လာတာပါ။ သူက အရင်တခါလည်း CDM လုပ်ဖို့ ကြိုးစားတာမှာ ဖမ်းခံရပြီး အခုအကြိမ်မှ အောင်မြင်တာပါ။ သမန်းကျားအဖွဲ့ဟာ NUG လက်အောက်ခံအဖွဲ့ဖြစ်ပြီး အလင်းဝင်လာမယ့်စစ်သားနဲ့ ရဲတွေကိုလည်း ကြိုဆိုနေတယ်" လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

မမှန်သတင်းလွှင့်လို့ဆိုပြီး မင်းလှမြို့ခံတဦးကို စစ်ကောင်စီဖမ်းဆီး

"ဦးပျော့ကို စစ်ကောင်စီကဖမ်းဆီးလို့ သေပြီဆိုတဲ့ သတင်းလွှင့်လို့ဆိုပြီး မနေ့(ဩဂုတ်လ ၂၁)ညနေက ကွမ်းဆိုင်ကနေ အပြန်လမ်းမှာပဲ စစ်သားတွေက ဖမ်းဆီးလိုက်တာ"

မင်းလှမှာ ခြိမ်းခြောက်ငွေတောင်းခံသူတွေကို ထိရောက်စွာအရေးယူမယ်လို့ ပကဖ ထုတ်ပြန်

"စာချခံရတဲ့သူတွေက ကြောက်နေကြတာ၊ သွားလည်းမပေးရဲဘူး။ သွားပေးလို့ စကစနဲ့တိုးရင် PDFထောက်ပို့ဖြစ်ဦးမယ်။ ရွာဘက်ကလူတွေကို ထပ်ပြီးကြောက်အောင်လုပ်နေတာ၊ ကျနော်တို့လည်း ပြည်သူအမြင်ရှင်းအောင် သေချာစုံစမ်းပြီးမှ ထုတ်ပြန်ခဲ့တာပါ "

ပကဖ ၁ ဦး စစ်ကောင်စီနဲ့ ပူးပေါင်းသွားပြီး ဖော်ကောင်လုပ်နေလို့ တော်လှန်ရေးအဖွဲ့တွေအမြန် ပြောင်းရွှေ့ဖို့လို (ရုပ်/သံ)

"ပြောင်းရွှေ့တဲ့အခါမှာ စခန်းတွေကိုမဖျက်ဆီးဖို့နဲ့ စစ်ကောင်စီစစ်ကြောင်းလာတဲ့အခါ မှာလည်း အသင့်အနေအထားဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်"

ပကဖ ၁ ဦး စစ်ကောင်စီနဲ့ ပူးပေါင်းသွားပြီး ဖော်ကောင်လုပ်နေလို့ တော်လှန်ရေးအဖွဲ့တွေအမြန် ပြောင်းရွှေ့ဖို့လို

"ပြောင်းရွှေ့တဲ့အခါမှာ စခန်းတွေကိုမဖျက်ဆီးဖို့နဲ့ စစ်ကောင်စီစစ်ကြောင်းလာတဲ့အခါမှာလည်း အသင့်အနေအထားဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10