ခန့်အောင်

ကြို့ပင်ကောက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေအိမ်မှာဖမ်းဆီးခံရ

"မနေ့က ၁၂ နာရီလောက်ကဖမ်းဆီးသွားတာပါ။ သူကသပိတ်ပြီးကာလကတည်းက မလုပ်တော့တာ ကိုယ်စားလှယ်တွေက ၅၀၅ (က) ကဖွင့်ထားတာဘဲ။ ၂ နှစ်နီးပါးလောက်အဆက်အသွယ်မရှိတော့ဘူး။ အခု ပြည်ကိုခေါ် သွားတယ်ကြားတယ်"

စစ်ကိုင်းတိုင်းက မြို့နယ် ၂ ခုမှာ စစ်သားတွေတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

"ပုခက်နဲ့ထမ်းထုတ်သယ်သွားတာ ၆ ဦးလောက်ရှိတယ်၊ တချို့လည်းခြေလျင်ထော့ကျိုးတွေဖြစ်နေတယ်၊ အဲဒီအဖွဲ့က ဝက်လက်မြို့ဘက်ကိုဆက်ထွက်သွားတယ်"

ပန်းတောင်းမှာ ကားတစီး ချောက်ထဲပြုတ်ကျပြီး ယာဥ်မောင်းသေဆုံး

"အခုဖြစ်တဲ့နေရာက ကုန်းဆင်းလည်းဖြစ်တော့ အရှိန်လွန်ပြီး လမ်းရဲ့ဘယ်ဘက်ခြမ်းချောက်ထဲပြုတ်ကျတာပါ။ ယာဥ်မောင်းကတော့ ပွဲချင်းပြီးပေါ့"

ဆားလင်းကြီးနယ်က မီးဘေးသင့်ပြည်သူတွေကို ခေါက်ဆွဲကြော်လှူဒါန်း (Photo News)

အိမ်ထောင်စု ၁၂၈ စုက ဒေသခံတွေကို ၁ ဦးလျှင် ၁ ဗူးနူန်းနဲ့ ဗူး ၆၀၀ ကို Mi Mi Lay Lin Family (Australia )ရဲ့ကူညီမှုနဲ့ လှူဒါန်းခဲ့တာ

လက်ပံတန်းက ရပ်ကျေးစာရေးဦးဆောင်တဲ့ လောင်းကစားဝိုင်းမှာ ဗုံးကွဲ

"ဦးဆောင်သူက လက်ပံတန်းထွေအုပ်က ပေါက်တောစုရွာ ရပ်ကျေးစာရေး ကိုမျိုးကြီးပါ။ စစ်တပ်က အာဏာသိမ်းပြီးကတည်းက လုပ်နေတဲ့ဝိုင်းပါ။ ပြည်သူတွေ စားဝတ်နေရေးကြပ်တည်းချိန် သမကြွေး၊ စိုက်ပျိုးစရိတ်ချေးငွေတွေ ဒီလောက်တောင်းနေချိန်မှာကို လုပ်နေတာ။ စစ်အုပ်စုက ပြည်သူကို မျက်ဖြူစိုက်ချင်နေတာ"

ပေါင်းတည်မှာ နေအိမ်အတွင်း ဝင်လုယက်ပြီး အိမ်ရှင်ကိုသတ်သွား

"ဒေါ်မြင့်မော်က ပိုက်ဆံချမ်းသာတဲ့အပျိုကြီး၊ တယောက်တည်းနေတာကိုဝင်လုတာ၊ သူ့အိမ်ဘေးက ကောင်လေးက အသံတွေကြားလို့ သူ့မောင် ကိုနှင်းဦးဆီသွားပြောပြီးတံခါးဖွင့်ကြည်တော့ သွေးအိုင်ထဲမှာလဲပြီး အော်နေတာတွေလို့ ဆေးရုံသွားရင်း လမ်းမှာဆုံးတာ၊ ပစ္စည်းမပေးလို့သတ်သွားတာဖြစ်ဖို့များတယ်"

ရွှေဘိုမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF ၂ ဦးသေဆုံးကာ စစ်တပ်ဘက်ကလည်း သေဆုံးမှုရှိ

"ဂိတ်ရှေ့ကကောင် ၆ ယောက်ကျတာပါ။ ပစ်ခတ်မှုဖြစ်တာက စက္ကန့် ၃၀ လောက်ပဲရှိမယ်။ မြင်ရတာက ကျတဲ့အထဲမှာ စစ်ဗိုလ်တယောက်ပါတယ်၊ ရဲတယောက်လည်းပါတယ်၊ ကျန်တာက တပ်သားအဆင့်ဖြစ်ဖို့များတယ်၊ စစ်သားသေတာက ပွဲချင်းပြီးပဲ"

ခမရ ၅၆၃ က စစ်သားတဦး စစ်ကိုင်းမှာအလင်းဝင်

"ကျနော် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ အလင်းဝင်တယ်။ ခု လွတ်မြောက်ရေးနယ်မြေကို ရောက်နေပါပြီ။ ကျနော့်ခံယူချက်က စစ်တပ်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ လမ်းမှားမှန်းသိသိကြီးနဲ့ ဆက်မလျှောက်ချင်တော့လို့ပါ”

ဘုရားထီးတင်ပွဲက ပြန်လာတဲ့ရဲတွေ မိုင်းဆွဲခံရ

“ဘုရားပွဲမှာက လောင်းကစားဝိုင်းရှိတယ်။ ဘုရားပွဲကနေ တောင်ပို့လှရွာက သူတို့အသိအိမ်မှာ ဘီယာသောက်ပြီးအပြန် လမ်းမှာ မိုင်းဆွဲခံရတာ။ ရဲ ၁ ဦး ထိခိုက်ဒဏ်ရာရသွားပြီး ဒဏ်ရာရသူကို ကားနဲ့လာသယ်သွားတယ်”

ဝက်လက်က NUG အသိအမှတ်ပြုစာသင်ကျောင်းကို စာရေးကိရိယာလှူဒါန်း

"အလှူရှင်တွေ ယုံကြည်လို့အပ်နှံထားတဲ့ စာရေးကိရိယာတွေကို အလှူရှင် ပြည်သူ့ချစ်သမီးတွေ ကိုယ်စား ကျနော်တို့တပ်ဖွဲ့က သွားရောက်လှူဒါန်းခဲ့တာပါ။ ကျောင်းမှာကလိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်၊ လှူဒါန်းသူတွေကိုလည်း ကျေးဇူးတင်ပါတယ်"လို့ Eagle Guerrilla Force ရဲ့ တပ်ရင်းမှူးဗိုလ်ကောက်ရိုးက ပြောပါတယ်။

ပဲခူးရိုးပေါ်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကာင်စီတပ်သား ၁ ဦးသေဆုံး

"စခန်းစီးဖို့ ခြေလျင်တက်လာတာဗျ၊ ကျနော်တို့ဘက်က အသင့်ထောင်ထားတဲ့မိုင်းနဲ့ ခါချဥ်တောင်အနီးမှာဆွဲတာ။ စစ်သား ၁ ယောက်သေတယ်။ ဒဏ်ရာရသူလည်းရှိတယ်၊ အရေအတွက်တော့မသိဘူး"လို့ သာယာဝတီခရိုင် ၃၈၀၂၊ တပ်ခွဲ ၃ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ပေါက်ကစစ်ရှောင်တွေကို အဟာရဒါနကျွေးမွေး

"အဲဒီရွာကို ပြီးခဲ့တဲ့နှစ်ကတည်းက စစ်တပ်ကတပ်စွဲပြီး သတင်းအမှောင်ချထားတော့ ဘာမှမသိရပဲဖြစ်နေချိန်မှာ ကျနော်တို့ကဝင်တိုက်လိုက်လို့ သူတို့ထွက်ပေါက်ရပြီး တဖြည်းဖြည်းနဲ့ ရွာကိုစွန့်ခွာပြီး စစ်ရှောင်လာတာပါ" လို့ Oke Awe UG(salay)ရဲ့ တပ်ဖွဲ့ခေါင်းဆောင် ကိုဥသြကပြောပါတယ်။

စစ်ကောင်စီက သင်္ကြန်အတွက် လောင်းကစားသမားတွေကို မဲရောင်းပြီးရံပုံငွေရှာ

"မဲလက်မှတ်တစောင်ကို ငါးထောင်နဲ့ရောင်းတယ်၊ အဓိကက ၂ လုံး၊ ၃ လုံး၊ ဘောလုံးဒိုင်၊ နယ်လှည့်လောင်း ကစားဝိုင်းဒိုင်တွေနဲ့ ဌာနဆိုင်ရာတွေကိုရောင်းတယ်၊ မဝယ်ချင်လည်းဝယ်ရတယ်၊ အဓမ္မရောင်းနေကြတာ"လို့ မြို့ခံတဦးက ပြောပါတယ်။

မတ်လအတွင်း မြေလတ်ဒေသမှာ ရေနစ်သေဆုံးသူ ၁၆ ဦး ရှိ

စစ်ကိုင်းတိုင်းမှာ ၃ ဦး၊ မကွေးတိုင်းမှာ ၆ ဦးနဲ့ ပဲခူးတိုင်းမှာ ၇ ဦးဖြစ်ပြီး အမျိုးသား ၈ ဦးအမျိုးသမီး ၇ ဦး ပါဝင်တယ်

ကြံ့ခိုင်ရေး စည်းရုံးရေးမှူးဦးဆောင်တဲ့ လောင်းကစားဝိုင်းကို စစ်အုပ်စုဝင်ဖမ်း

"လောင်းကစားဝိုင်းကို အုန်းနှဲစမ်းရွာက ကြံ့ခိုင်ရေးစည်းရုံးရေးမှူး နတ်စိန် (ခ) စိုးမြင့်နဲ့ ဉာဏ်ကျယ်ကြီးတို့ဦးဆောင်ပြီး လိုင်းကြေးပေးလုပ်နေတာ။ စစ်သားနဲ့ရဲတွေက လိုင်းကြေးယူထားတော့ အဖမ်းပြရတာ။ ဝင်လာကတည်းက သေနတ်တွေပစ်ဖောက်တော့ အကုန်ပြေးတာပေါ့။ သူတို့တကယ်ဖမ်းရင် မိပါလျက်နဲ့ မဖမ်းတာ။ PDF ကိုဖမ်းမယ်ဆို အဲ့လိုသေနတ်ဖောက်ပြီး လာဖမ်းလို့လား"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10