ခန့်အောင်

စစ်တပ်ကပစ်တဲ့လက်နက်ကြီးကျည် အိမ်ပေါ်ကျလို့ ကလေးငယ်အပါ မိသားစု ၃ ဦးဒဏ်ရာရ

"ဒေါင့်အင်းကုန်းရွာက ကိုအောင်ထွန်းဝင်း အိမ်ပေါ်ကိုကျပြီး သူ့အမျိုးသမီးရယ် သူ့သမီးတယောက်ရယ် အငယ်ဆုံးသားလေးရယ်ကို လက်နက်ကြီးကျည်စမှန်တာ အခု ဆွာဆေးရုံကိုပို့ထားတယ် အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး"

ပေါင်းတည်မှာ စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရလို့ တဦးသေ၊ တဦးဒဏ်ရာရ

"စစ်ကြောင်းက လက်ပံခုံရွာကနေ ထွက်လာတာကိုစောင့်ပြီး လက်နက်ငယ်နဲ့ တိုက်ခိုက်ခဲ့တာပါ။ သေတဲ့တကောင်ကို လက်ပံခုံရွာနားက ယာတဲမှာတင်ပြီး မီးရိူ့သွားတယ်။ အနားက ယာတဲ ၈ လုံးကိုလည်း မီးရိူ့သွားသေးတယ်" လို့ PPDFမှ တာဝန်ရှိသူတဦးက ဆိုပါတယ်။

အုတ်ဖိုက ပျူစောထီးဆိုသူ နယ်ထိန်းရဲယောက္ခမ သေနတ်နဲ့ပစ်သတ်ခံရ

"သူ့အိမ်က ရဲစခန်းနဲ့ ၁ ဖာလုံလောက်ဘဲ ဝေးတာ။ သူ့ကို စောင့်ကြည့်နေတာကြာပြီ။ ဒီနေ့ မိသားစုရှိတော့ ကျန်တဲ့သူ အန္တရာယ်မရှိအောင် သေချာအောင်စောင့်ပြီး အပြီးပစ်ခတ်ခဲ့တာ ပွဲချင်းပြီးပဲ" လို့ Hero ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်မိုးကြိုးက မြေလတ်အသံကို ပြောပါတယ်။

ကြို့ပင်ကောက်မှာ ရပ်ထားတဲ့ကားကိုဝင်တိုက်တဲ့ ဆိုင်ကယ်သမား ၂ ဦး သေဆုံး

"သူတို့က အလှပြင်လုပ်ငန်းလုပ်ကြတာ၊ ဇီးကုန်းကပြန်လာကြတာမှာ ရပ်ထားတဲ့ကားကို နောက်ဝင်တိုက်မိတာပါ။ နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားပါတယ်၊ သူတို့က အရက်နည်းနည်းတော့ သောက်တတ်တယ်"လို့ သေဆုံးသူတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

ရေစကြိုမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ သေဆုံးသူတွေရှိဟုဆို

"စစ်သားတွေက စထွက်လာတုန်းကဖောကား ၂ စီးနဲ့လာတာ၊ ကံသစ်ရွာ ကွက်သစ်နားရောက်တော့ကား ၂ စီးနဲ့ ရဲဘော်တချို့ထားခဲ့ပြီး အင်အား ၃၀ လောက်နဲ့ခြေလျင်ဆင်းပြီး ကျနော်တို့ထောင်ထားတဲ့ မိုင်းတွေကိုရှာကြတာဗျ။ အဲဒီမှာမိုင်းကိုတူးဖော်နေပြီး ဘက်ထရီအိုးဖြုတ်မယ်အလုပ်မှာ ဆွဲချလိုက်တာပါ"

သာယာဝတီထောင်မှာ အကျဉ်းသားတွေဆီက အမျိုးမျိုး ငွေတောင်းနေ

"အကြောင်းအမျိုးမျိုးနဲ့တောင်းနေတာ။ အကျဥ်းသားတွေမသက်သာဘူး။ ကိုယ်နေတဲ့အဆောင်မှာပြင်ရင် အဲ့အဆောင်ထဲက အကျဥ်းသားတွေအားလုံးပေးရတာ။ ကိုယ့်အဆောင်ကိုယ်ပြင်ဆိုတဲ့သဘောမျိုး။ နောက်ဆုံးထောင်ပိုင်လေးရဲ့အိမ်က အိမ်သာနဲ့ရေစင်ပြင်တာလည်း ပေးရတာပဲ။ အဲဒါကျတော့ တထောင်လုံးပေးရတယ်။ "

ကန့်ဘလူမြို့မှာ မေလအတွင်း စစ်ရှောင် ၈ ဦးမြွေကိုက်ခံရ၊ တနှစ်ကျော်အတွင်း ၆၉ ဦးအထိရှိလာ

"ဒီလထဲမှာတင်ပဲ ၈ ဦး မြွေကိုက်ခံရတာပါ။ အားလုံးကျန်းမာရေးကောင်းမွန်ပါတယ်။ သူတို့ကို BPI နဲ့ အိန္ဒိယ မြွေဆိပ်ဖြေဆေးထိုးပြီးကုသပေးခဲ့ပါတယ်။ စုစုပေါင်း တနှစ်ကျော်အတွင်းမြွေကိုက်ခံရသူ ၆၉ ဦးရှိပါပြီ "

ခံဝန်ထိုးပြီးနေတဲ့ ပဲခူးတိုင်း လဝကဝန်ကြီး ၅၀၅ ၂မှုနဲ့ ပြန်ဖမ်းခံရ

"ဘယ်နေ့ကဖမ်းတယ်ဆိုတာမသိရဘူး။ မေလ ၂၁ ရက်က ပေါင်းတည်မှာ သူ့ယောက္ခမဆုံးလို့ ပြန်လာတာကိုတွေ့တယ်။ သူကအရင်တခါအဖမ်းခံပြီး ပြန်လွတ်ကတည်းက ရန်ကုန်မှာနေတာဆိုတော့ အဆက်အစပ်မရှိဘူး။ ခုဖမ်းတာကလည်း ပြည်ဒကစက ဖမ်းတာလို့သိရတယ်။"

ကနီက CDM ဆင်ဦးစီးမိသားစုတွေ ရပ်တည်နိုင်ရေး ခက်ခဲနေပြီး ဆင်တွေကိုစွန့်လွှတ်ရမယ့် အခြေနေဖြစ်နေ

"အဓိကကတော့ သူတို့ရဲ့စားဝတ်နေရေးနဲ့ ကျန်းမာရေး အဓိကခက်ခဲနေတာပါ။ စားဝတ်နေရေးခက်ခဲနေရင် သူတို့က ဆင်တွေကိုစွန့်ပြီး နေရပ်ပြန်မယ်လို့ ဆိုပေမယ့် စားဝတ်နေရေးအထောက်အပံ့ရရင်တော့ ဆင်တွေကိုဆက်ပြီး ထိန်းကျောင်းသွားကြမှာပါ"

ဂန့်ဂေါမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိဟုဆို

"လက်နက်ငယ်တွေ ၄၀ မမတွေ အပေါ့စားဗုံးပစ်လောင်ချာတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာ။ တိုက်ပွဲပြီးတော့ စစ်တပ်ဘက်က ဒဏ်ရာရသူတွေရော ကျဆုံးသူတွေရောပါ သူတို့အထိုင်ချတဲ့ ကင်းကျေးရွာရဲစခန်းကို ခေါ်သွားတယ်။ "

ကနီနယ်ကျေးရွာတရွာကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေပစ်ခတ်

"လေယာဉ်က ၂ ခါဝဲပီးမှ ပစ်တာဗျ ။ ပထမတခါဝဲနေတဲ့အချိန် ပြည်သူတွေပြေးကြတာ။ နောက်တပတ်ဝဲပြီးမှ လေယာဥ်ပေါ်ကနေ စက်လတ်နဲ့ပစ်တာ။ မိနစ် ၂၀ကျော်တယ်”

စေတုတ္တရာတိုက်ပွဲမှာ ကပစ ၂၀ က တပ်ကြပ်ကြီး ၂ ဦးအပါ ၃ ဦးသေဆုံး၊ သေနတ် ၁ လက်ရ

"စေတုတ္တရာမြို့ဘက်ကို ဝင်လာတာကို တိုက်ခိုက်ခဲ့တာပါ။ နှစ်ဘက်တိုက်ခိုက်ချိန် နာရီဝက်လောက် ကြာပါတယ်။ ကျနော်တို့က ကျည်ကုန်လို့ ဆုတ်လိုက်ရတဲ့သဘောပါ။ ကျနော်တို့ရဲ့ မဟာမိတ် PRA က ရဲဘော်တဦး လက်နက်ငယ်ထိပြီး ကျဆုံးခဲ့ပါတယ်"

မုံရွာက စစ်တပ်ပိုင်မြဝတီဘဏ်ရှေ့မှာ အာဏာရှင်ဆန့်ကျင်ရေးစာတန်း ချိတ်ဆွဲ

"ကျွေးတဲ့လက်ပြန်ကိုက်တဲ့စစ်ခွေး မင်းပထွေး မအလ နာရေးအတွက် ပြင်ဆင်ထားဟေ့"

ပေါင်းတည်မှာ PDF က ခြုံခိုတိုက်လို့ ဗိုလ်ကြီးအဆင့်ရှိသူ သေဆုံးဟုဆို

"သူတို့လာမယ်ဆိုတာကိုသိလို့ လက်နက်ငယ်နဲ့ ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ၂ ပွင့်အဆင့်ရှိတဲ့ ဗိုလ်ကြီးပါ ပွဲချင်းပြီး သေသွားတယ်။ အလောင်းကိုတော့ ၂၉ ရက်မနက်အစောပိုင်း ၂ နာရီလောက်မှာ တပ်မ ၆၆ အင်းမတပ် (အင်းမမြို့အခြေစိုက် တမခ ၆၆)ထဲ ကားတစီးမှာ ဆိုင်ကယ် ၄ စီး လုံခြုံရေးယူပြီး ပြန်သယ်သွားတာကို ကင်းထောက်တွေဆီက သတင်းရတယ်"

ညောင်ပင်ကြီးရဲစခန်းအနီးမှာ ပြုလုပ်တဲ့ ဆန်ကောသပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာအညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်ကာ မေလ ၃၀ ရက် ဒီနေ့ညနေ ၅ နာရီက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10