Kyaw Gyi

ဆိပ်ဖြူ-ပေါက်လမ်းပိုင်းမှာ စစ်ကား ၁ စီးမိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး

"၁၀ မိုင်ဂိတ်ဘက်က စကစတွေ ကားနဲ့လာချိန် မိုင်း ၄ လုံးဆွဲလိုက်တာ။ ကားကတော့ ထိုးရပ်သွားတယ်။ ကားကသုံးမရတော့လို့ မိုင်းဆွဲခံရတဲ့နေရာမှာပဲ ထားရစ်ခဲ့တာ။ သေဆုံးဒဏ်ရာရကိုတော့ ခွေးဘီလူးကားနဲ့လာသယ်သွားတယ်"

မကွေးမှာ အုပ်ချုပ်ရေးမှူးတဦး ဆိုင်ကယ်စီးနေရင်း ပစ်သတ်ခံရ

"အလုပ်ကနေပြန်လာတဲ့အချိန်မှာ ပစ်ခတ်ခံရတာလို့တော့သိရတယ်။ ကျည်ထိဒဏ်ရာကတော့ သုံး၊ လေးချက်လောက်ထိထားတာရှိတယ်။ သူသေနေတာကိုလမ်းသွားလမ်းလာတွေကတွေ့တာ"

သဲတာကျိုးလို့ ပျောက်ဆုံးနေတဲ့ အလုပ်သမား ၇ ဦးစလုံး သေဆုံးလျက်ပြန်တွေ့

"အဲနေ့က (ဇူလိုင် ၁၆) တရက်တည်းပဲ အလောင်းတွေကို အကုန်ပြန်တွေ့ရတယ်။ အလောင်းတွေကတော့ဆေးရုံကိုပို့တယ်။ အဲ့ကနေတဆင့် မိသားစုဝင်တွေဆီ ပြန်ရောက်ပြီး နာရေးကိစ္စတွေ ဆောင်ရွက်နေကြတယ်"

ပဲခူးမှာ ဆိုင်ကယ်တက္ကစီမောင်းနှင်သူကို ငှားရမ်းသူတွေက ဓားနဲ့ထိုးပြီး ဆိုင်ကယ်နဲ့ဖုန်းလုယူ

"သူ့ကို အမျိုးသားနှစ်ယောက်က ဆိုင်ကယ်တက္ကစီငှား လို့လိုက်သွားတာ။ လမ်းလူပြတ်တဲ့နေရာမှာ ဓားနဲ့ထိုး၊ လည်လှီး၊ ရိုက်နှက်တာတွေလုပ်ပြီး လုယက်သွားတာ"

အမျိုးသားရေးတက်ကြွလှုပ်ရှားနေတဲ့ စစ်တပ်ထောက်ခံသူအမျိုးသမီး သေနတ်နဲ့ ပစ်သတ်ခံရ

"သိရသလောက်က လာတဲ့သေနတ်သမားတွေက များတယ်။ သူ့ကိုပဲရွေးပစ်ပြီး ထွက်သွားတာ။ သူ့မိဘမောင်နှမတွေကိုတော့ ဘာမှမလုပ်သွားဘူး"

၂ နှစ်ကျော်စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင် ၁၀၀ ကျော် သောက်သုံးရေခက်ခဲနေ

"အရင်က ရွာနားကပ်နေတော့ ရေအတွက်ကအဆင်ပြေတယ်။ အခုက ရွာနဲ့အဆင်မပြေဖြစ်တော့ နေရာပြောင်းရွှေ့နေရတော့ ရေအခက်ခဲရှိလာတယ်။ သုံးရေကတော့ အနီးကချောင်းရေတွေနဲ့ သုံးနေပေမယ့် အမှန်တကယ်ဆို မသန့်တဲ့ရေတွေကများတယ်။ သောက်ရေအတွက်ဆို ၃ မိုင်လောက် အကွာထိသွားပြီး ခပ်နေကြရတယ်"

သဲတာကျိုးလို့ ပျောက်ဆုံးနေတဲ့ အလုပ်သမား ၇ ဦးအနက် ၂ ဦးကို သေဆုံးလျက် ပြန်တွေ့

ဇူလိုင်လ ၁၆ ရက် မနက် ၆ နာရီကျော်ကစတင်ပြီး အလုပ်သမားတွေပျောက်ဆုံးနေတဲ့နေရာကို ကယ်ဆယ်ရှာဖွေရေးအဖွဲ့တွေက ဆက်လက်ရှာဖွေရာ မနက် ၉ နာရီကျော်မှာ အသက် ၅၆ နှစ်အရွယ် ဦးမြင့်အောင်နဲ့ နေ့လည် ၁ နာရီခန့်မှာ ကိုခန့်သူအောင် (ခ) တက်တူး ၂၉ နှစ်ရဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မကွေးမြို့ပေါ်မှာ စိုးရိမ်ရေအမှတ်အထက်ရောက်နေပြီး ဒေသခံ ၁၅၀၀ ရေဘေးသင့်နေ

"မြစ်ရေတက်တာကတော့ ၄ ရက်လောက်ရှိပြီ။ ဒီမနက်ထိလည်း စိုးရိမ်ရေမှတ်အထက် ရှိနေသေးတာဆိုတော့ အနိမ့်ပိုင်းနေအိမ်တွေက အချို့အိမ်ဆိုခေါင်မိုးမြုပ်တယ်။ အချို့ကတော့ လူနေလို့မရတဲ့အထိ အိမ်တဝက်မြှပ်တာတွေရှိတယ်"

အမြန်လမ်းမှာ ရပ်ထားတဲ့ကားကို နောက်ကားကဝင်တိုက်လို့ ၁ ဦးသေ ၈ ဦးဒဏ်ရာရ

"လိုက်ထရပ်ယာဥ်က ၂ စီးရပ်ထားတာ။ ကားလမ်းပေါ် နည်းနည်းရောက်နေတာ။ နောက်ကားက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာ။ ဝင်တိုက်ခံရတဲ့ လိုက်ထရပ်ယာဥ်ပေါ် ပါသူတွေက အများဆုံး ထိခိုက်ကုန်တာ။ နောက်ကတိုက်တဲ့အရှိန်နဲ့ ရှေ့ကားနဲ့ ညှပ်ခံလိုက်ရတဲ့သဘောပဲ”

သဲတာကျိုးလို့ ပျောက်ဆုံးနေတဲ့ အလုပ်သမား ၇ ဦး ပြန်ရှာမတွေ့သေး

"ပျောက်ဆုံးနေသူတွေ အသက်ရှင်လျက်ပြန်တွေ့ရဖို့ကတော့မျှော်လင့်ချက်တော့နည်းနေပြီ။ ဒါပေမယ့် ဆက်ရှာနေကြတယ်။ ပြန်တော့မတွေ့ကြသေးဘူး"

အုတ်တွင်းမှာ ဗိုလ်မှူးမြင့်ဇော်နဲ့အဖွဲ့က လမ်းသွားလမ်းလာတွေကိုဖမ်းဆီးကာ ငွေညှစ်တာနဲ့ စစ်မှုထမ်းခိုင်းတာတွေလုပ်နေလို့ လူငယ်တွေအပြင်မထွက်ရဲဖြစ်နေ

" ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ ဘယ်လောက်ဆိုးလဲဆို လူငယ်တယောက်ဖမ်းဆီးခံရပြီး ငွေတောင်းခံရတယ်။ အမေလုပ်သူက သူ့သားကိုပြန်ရွေးနိုင်ဖို့ ပိုက်ဆံမပြည့်လို့ သူမိဘအမွေ နားတောင်းလေးကိုရောင်းပြီး ရွေးခဲ့ရတယ်။ အဲလောက်ထိ ဆိုးတာ"

လက်ဖက်ရည်သောက်နေတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး သေဆုံး

"သိရသလောက် သူတို့ (အုပ်ချုပ်ရေးမှူးအဖွဲ့) ရောက်လာပြီး လက်ဖက်ရည်သောက်နေချိန် သူတို့ကို ပစ်မယ့်သူတွေက အခြားဝိုင်းမှာရှိနေတာတဲ့။ နောက်မှ အုပ်ကြီးကို အနီးကပ်ပစ်ပြီးဆိုင်ထဲက ထွက်သွားတယ်လို့တော့ သိရတယ်"

ပဲခူးရိုးထဲ ဝါးခုတ်သွားသူချင်း ဓားခုတ်မှုဖြစ်လို့ အမျိုးသား ၁ ဦး သေဆုံး

"ဘာကြောင့်စကားများပြီး ဓားနဲ့ခုတ်တဲ့အဆင့်ထိ ဖြစ်သွားလဲတော့ မသိရဘူး။ အလောင်းက ဆေးရုံရောက်လာမှ သိရတယ်။ သေသူကတော့ လည်ပင်းကပြတ်မတတ်ပဲ"

ပေါက်နယ်မှာ PDF စခန်းတခုကို စစ်အုပ်စုကဝင်စီးပြီး လူငယ်တဦးကိုသတ်ခဲ့

"စခန်းမှာကလည်း ကလေးတယောက်ပဲရှိနေတာ။ သူကလည်း စကစ စစ်ကြောင်းဝင်လာတာ မသိလိုက်ဘူး။ အဲ့ဒီမှာစစ်ကြောင်းက သူကိုဖမ်းဆီးရိုက်နှက်စစ်ဆေးပြီး ပစ်သတ်သွားတာ"

KNU နယ်မြေမှာ ၆ လအတွင်းတိုက်ပွဲပေါင်း ၁၈၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၉၀၀ ကျော်သေဆုံးဟုဆို

KNU တပ်မဟာ ၁ မှ တပ်မဟာ ၇ နယ်မြေတွေအတွင်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာလို့ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၁၈၂၇ ပွဲခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၉၀၃ ဦးခန့် အသက် သေဆုံးခဲ့ရပြီး ၁၂၇၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10