တောင်ရွာဘိုမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို (ရုပ်/သံ)
မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊ တောင်ရွာဘိုရွာ ဘုန်းကြီးကျောင်းမှာရှိတဲ့ အင်အား ၇၀ ကျော်ပါစစ်တပ်စစ်ကြောင်းကို သြဂုတ် ၁၆ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးခရိုင်တပ်ရင်း ၅ ဆီက သိရပါတယ်။