တိုက်ပွဲ

ကြေးနီကား‌တွေကို လုံခြုံရေးယူတဲ့ စစ်အုပ်စု ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ၈ ဦးဒဏ်ရာရ (ရုပ်/သံ)

"ဒရုန်း ၆ စီးနဲ့ ဗုံးကြဲချခဲ့တာ၊ ဆီဆိုင်ရဲ့မျက်နှာစာနဲ့ ဆီဆိုင်နောက်ကြောက အဆောက်အဦတွေပေါ်ကို ချခဲ့တာ၊။အဲ့ဒီမှာက အင်အား ၃၀ လောက်တော့ရှိတယ်။ တပ်ရင်းတော့သေချာမသိဘူး၊ အပြောင်းအလဲတွေရှိတာကြောင့်ပါ။ ထိခိုက်သေဆုံးမှုက ၈ ကောင်ဒဏ်ရာရတယ်"

ရှင်မကန်ပျူစောထီးရွာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်အုပ်စု ၁၀ ဦးဝန်းကျင်သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

"စစ်ကောင်စီဘက်က သုံ့ပန်း ၁ ဦးဖမ်းဆီးရကာ ၁၀ ဦးသေတယ်။ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရခဲ့တယ်၊ အဲ့ဒီရွာမှာက ကျနော်တို့ရှိနေတုန်းတော့ ပျူစောထီး ၅၀ ဦးခန့်ရှိတယ်"

ပခုက္ကူ ဖလံအိုကျေးရွာအုပ်စုက ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ၁၀ ဦးဝန်းကျင်သေဆုံး၊ ၁ ဦး အဖမ်းခံရ

“ထွက်ပြေးသွားတဲ့ ပျူစောထီးတွေလည်းရှိတယ်။ သုံ့ပန်းကတော့ ကျနော်တို့ ဆေးကုသပေးပြီးတော့ နယ်ခံ ဒေသခံကာကွယ်ရေးအဖွဲ့ကို လွှဲအပ်ခဲ့ပါတယ်။”

မတ္တရာမှာတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ ကြည်းကြောင်းနဲ့ ပူးပေါင်းတိုက်နေ

တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာက လက်ရှိမှာ မတ္တရာမြို့နယ်အရှေ့ခြမ်းနဲ့ မန္တလေး-မိုးကုတ်ကားလမ်း အနီးဝန်းကျင်တွေမှာ ဇွန် ၂၅ ဒီနေ့မနက်မိုးလင်းကတည်းကစတင်ပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။

တောင်တွင်းကြီးမှာ အုပ်ချုပ်ရေးမှူးနဲ့ စာရေးမ ပစ်သတ်ခံရ

"သူတို့နှစ်ယောက်စလုံးက တရွာတည်းနေတာ။ အုပ်ကြီးက စာရေးမအိမ်ကို အလုပ်ကိစ္စအလာ အိမ်ဝင်ပေါက်နားမှာ စကားရပ်ပြောနေတာကို လာပစ်သွားတာ။ သေနတ်သံက လေးငါးချက်လောက် ရှိမယ်။ "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10