ချင်းတွင်းမြစ်ကြောင်းမှာ စစ်သင်္ဘော ၂ စီး စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး (ရုပ်/သံ)
"စနိုက်ပါနဲ့ ပစ်ခတ်တာက ၂ ကောင်သေတယ်၊ ရှေ့တစီးမှာ ၁ ဦးသေပြီး နောက်တစီးက ၁ ဦးသေပါတယ်"
"စနိုက်ပါနဲ့ ပစ်ခတ်တာက ၂ ကောင်သေတယ်၊ ရှေ့တစီးမှာ ၁ ဦးသေပြီး နောက်တစီးက ၁ ဦးသေပါတယ်"
“ကျနော်တို့ သွားရောက်ပစ်ခတ်ချိန်မှာ သူတို့ဘက်ကပြန်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပြန်ပစ်ခဲ့တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာတွေမရှိခဲ့ဘူး။ **တွေပစ်ချလိုက်လို့ ဒရုန်းတစီးတော့ ဆုံးရှုံးသွားတယ်။”
မန္တလေးတိုင်း၊ မတ္တရာမြို့ရဲ့မြောက်ဘက်အဝင်မှာရှိတဲ့ ရေနံ့သာရဲစခန်းကျပြီးနောက် စစ်ကောင်စီတပ်က မတ္တရာမြို့ကို ခံစစ်ပြင်ထားတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာသို့စတင်ရှောင်တိမ်းနေကြပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲမှာ စစ်ကောင်စီစခန်း ၆ ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သိမ်းပိုက် ကြောင်း ထုတ်ပြန်ပြီးနောက် ဇူလိုင် ၄ ရက် ဒီနေ့မှာလည်း မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်ထဲမှာ နောက်ထပ် စစ်ကောင်စီဂိတ်စခန်းသုံးခုကို PDF တွေက ထပ်မံသိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်ပြီး ၈ ရက် အကြာမှာ စဉ့်ကူးမြို့နယ်ထဲက နွယ်ရုံ ရဲစခန်း၊ ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်း စတဲ့ စစ်ကောင်စီစခန်း ၆ ခုကို သိမ်းထားနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
"မနေ့က လေယာဥ်တွေနဲ့ ဆယ်ခေါက်ကျော်တယ်။ ဗုံးကြဲပြီး ညပိုင်းမှာ အသံငြိမ်သွားတယ်။ စခန်းရပြီ၊ ဗိုလ်တွေလည်း ထွက်ပြေးတယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် စစ်ဆေးဖို့ ဆိုပြီးလမ်းတွေတော့ အကုန်ပိတ်ထားတုန်းပဲ။ အခြေအနေတော့ နည်းနည်းကောင်းသွားပြီ "
"တိုက်ပွဲတွေ မပြီးသေးလို့ လမ်းပြန်မဖွင့်သေးပါဘူး။ လောလောဆယ်ဖွင့်ဖို့လည်း မရှိသေးဘူး" လို့ တော်လှန်ရေးရဲဘော်တဦးက ဆက်ပြောပါတယ်။ စစ်ကောင်စီဘက်ကလည်း မနေ့က တိုက်ပွဲစတင်ချိန်ကစပြီး လေယာဥ်နဲ့ ဆက်တိုက်ဗုံးကြဲတာတွေပြုလုပ်နေပြီး ဒီနေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ထားနိုင်ပြီး လက်နက် ၁၀၀ ကျော်ရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးက ဇူလိုင်လ ၂ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
"စကစဘက်က တပတ်အတွင်းမှာ လက်နက်ကြီးတွေက သမင်အင်းကုန်းရွာထဲကိုပဲ ချိန်ရွယ်ပစ်နေတာ။ ဘာသတင်းတွေရထားလဲတော့မသိဘူး။ ရွာထဲကိုကျတော့ PDF တွေရော KNU အဖွဲ့တွေကော နေထိုင်တာမှမရှိတာ။ ဘယ်လိုသတင်းအမှားတွေရပြီးပစ်နေလဲတော့မပြောတတ်ဘူး"
" ကားလမ်းပေါ်မှာတိုက်ပွဲဖြစ်တော့ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ထိတွေ့မှုက ၁၀ မိနစ်လောက်ပဲကြာတယ်။ စစ်တပ်ဘက်က ဗိုလ်အဆင့် ၁ ယောက်နဲ့ ရဲ ၂ ယောက်သေတာ အတည်ပြုနိုင်ပါတယ်"
“ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်း သူတို့ (စစ်ကောင်စီ)နောက်ပြန်ဆုတ်တဲ့ပုံစံမျိုးနဲ့ ဒဏ်ရာရတဲ့ လူတွေကို ရဲစခန်းထဲပြန်ပို့တယ်။ ပို့ပေးပြီးမှ ဒဏ်ရာရတဲ့လူတွေကို မင်းလှဘက်ကိုသယ်သွားတယ်။ သယ်သွားတဲ့အထဲမှာ အလောင်းတွေလည်းပါတယ်ဆိုပြီး ကျနော်တို့ကိုဖရဲသီး(တပ်တွင်းသတင်းပေး)က ပြောတယ်”
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က နေရာသုံးခုမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန် ၂၇ ရက် ညနေမှာ ပူးပေါင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူတွေ အများအပြားရှိတယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် - ADPRA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"ကျနော်တို့ ၂ ဖွဲ့ခွဲပြီး အလစ်အငိုက်ဝင်တိုက်ခဲ့တာပါ။ ဝင်ပြီးတိုက်ခိုက်တဲ့အချိန်မှာ ဂိတ်စောင့်နေတဲ့ ပျူစောထီးတဦး ဗိုက်ကျည်ဖောက်ထွက်သွားတယ်။ သေတော့ မသေနိုင်ဘူး။ ဗိုက်ပွင့်ပြီးတော့ ရေစကြိုမြို့ ဆေးရုံမှာ ဆေးကုနေရတယ်။"
“အရာရှိ ပြုံးမောင်မောင်က နန့်သာမှာ ထိုင်တဲ့ထဲကဆို အကြီးဆုံးပေါ့နော်။ (စကစဘက်က) အကုန် အသေချည်းပဲ မိတာ။ တယောက်ကတော့ လွတ်သွားပြီး ပြန်ဖမ်းမိတယ် ကြားတယ်။ စခန်းသိမ်းပြီးတော့ လေယာဉ်လာပစ်တာ ၂ လုံးကြားရတယ်။”
နန့်သာရွာဘုန်းကြီးကျောင်း (အောက်ကျောင်း) မှာအထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၂၀ ဝန်းကျင်ကို ဇွန်လ ၂၂ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဇွန်လ ၂၈ ရက် ဒီကနေ့ မနက် ၇ နာရီခွဲကျော်မှာ တိုက်ခိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။