မင်းလှမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်အုပ်စုက ဒေသခံနေအိမ် ၃၀ ကျော်ကို မီးရှို့ခဲ့
“စစ်ကြောင်းက လမ်းမအတိုင်းမလာဘဲ လယ်ကွင်းထဲကလာတယ်။ သတင်းရလို့ သူတို့လာမယ့် လမ်းက စောင့်နေတာ။ စစ်ကြောင်း တောင်ကုန်းကိုအတက်မှာ အပေါ်စီးကနေ အပိုင်ပစ်ရတာ။ အပြန်လှန်ပစ်တာ ၄၅ မိနစ်လောက်ကြာတယ်။ ဒီကောင်တွေ အထိနာသွားတာနဲ့ အိမ်တွေကို မီးရှို့သွားတာ”