သတင်း

စစ်အုပ်စုက အသက် ၆၀ အရွယ် အမျိုးသားတဦးကို သေနတ်နဲ့ပစ်သတ်

ညောင်နီပင်အုပ်စု၊ ပျဉ်စင်ရွာမှာ နေထိုင်တဲ့ အသက် ၆၄ နှစ်အရွယ် ဦးစန်းဝင်းကို အင်အား ၂၄ ဦးပါ စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာ ၁၃ ရက် မနေ့ကမနက် ၉ နာရီခွဲလောက်က ညောင်နီပင်ရွာရဲ့ တောင်ဘက် ၄ ဖာလုံအကွာ ကျောက်ဖျာကြီးတောင်ကြောမှာ နွားကျောင်းနေချိန် ပစ်သတ်ပြီး အဲ့ဒီနေရာမှာပဲ မြေမြှုပ်ပစ်ခဲ့တာလို့ ဆိုပါတယ်။

ဂန့်ဂေါမြိုမရဲစခန်းက ရဲတပ်သားတဦးအလင်းဝင်

“သူ့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားပါတယ်”

အုတ်ဖိုPDF စိုးမိုးနယ်မြေထဲကရွာတွေကို ကွင်းဆင်းအသိပညာပေး (ရုပ်/သံ)

နယ်မြေကွင်းဆင်းတွေ့ဆုံရာမှာ ဒေသခံပြည်သူတွေကို တိုက်ပွဲဖြစ်လာရင် လက်နက်ကြီးနဲ့ လေယာဉ်အန္တရာယ် သိထားရမယ့်အချက်တွေနဲ့ ရှောင်ကျဉ်ရမယ့်အချက်တွေကို ပညာပေးဟောပြောခဲ့သလို ပြည်သူတွေ မေးမြန်းတာတွေကိုလည်း ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ ပြောပါတယ်။

ဆိပ်ဖြူနဲ့ ဆောမြို့နယ်အစပ်ကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ပစ်

“ဘာတိုက်ပွဲ ဘာလှုပ်ရှားမှုမှ မရှိဘူး။ တမင်သက်သက် လာပစ်သွားတာ “

တော်လှန်ရေးအဖွဲ့တွေ သိမ်းထားတဲ့ မော်လူးမြို့ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ထဲမှာ ရှိတဲ့ မော်လူးမြို့ကို တော်လှန်ရေးအင်အားစုတွေက ဒီဇင်ဘာ ၁၃ ရက် ယမန်နေ့ နံနက် အစော ၆ နာရီခန့်က သိမ်းပိုက်နိုင်လိုက်ပါတယ်။ အခုလို သိမ်းပိုက်အပြီး နှစ်ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ တော်လှန်ရေးအဖွဲ့တွေက နယ်မြေရှင်းလင်းတာတွေကို လုပ်ဆောင်နေပြီး စစ်ကောင်စီအလောင်း ၁၇ လောင်း နဲ့ သုံပန်း ၈ ဦးကို ဖမ်းဆီးရမိထားတယ်လို့ မြို့ကိုသိမ်းပိုက်ထားပြီး လက်ရှိအခြေအနေကို ABSDF အမှတ်(၁) စစ်ကြောင်း သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ အရပ်သား ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရာရ

"လက်နက်ကြီးက အိမ်တွေကြားထဲကို ကျတာ။ နေအိမ်တွေထဲမှာ ရှိတဲ့ သူတွေထိကုန်တာ။ အနားကပ်ကျတဲ့ အိမ်က လူကတော့ သေသွားတယ်"

ဘုရားငါးဆူ ရဲကင်းစခန်သိမ်း တိုက်ခိုက်မှုမှာ ရဲ ၇ ဦးသေ

"ဘုရားငါးဆူရဲကင်းကို တိုက်ခိုက်သိမ်းပိုက်ပြီးမှာ ညောင်ပင်သာရဲစခန်းကို ဆက်တိုက်ခဲ့တာ။ ဘုရားငါးဆူ တိုက်ပွဲကတော့ တနာရီကျော်လောက်ပဲ ကြာပါတယ်။ ရဲတွေက သေဆုံးသူ၊ ထွက်ပြေးသူရှိတယ်"

မော်လူးမြို့ကို သိမ်းပိုက်ထားပေမယ့် ပြည်သူတွေပြန်နေဖို့ မဖြစ်နိုင်သေး

"လောလောဆယ်တော့ လေကြောင်းတိုက်ခိုက်မှုမရှိသေးဘူး။ သို့သော်လည်း လေကြောင်းအန္တရာယ်ရှိနိုင်တယ်။ မြိုထဲမှာတော့ နယ်မြေရှင်းလင်းမှုတွေ ပြီးသွားပြီ၊ ဒီတရက်နှစ်ရက်အတွင်းတော့ ပြည်သူတွေ ပြန်နေဖို့ မဖြစ်နိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ အန္တရာယ်ရှိနေသေးလို့လေ"

ကပ်ရောဂါမတိုင်ခင် စီးပွားရေးအခြေအနေကို ပြန်မရောက်တဲ့ တခုတည်းသောနိုင်ငံအဖြစ် မြန်မာဆက်ရှိနေ

မြန်မာနိုင်ငံဟာ ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ် စီးပွားရေးအခြေအနေထက် ၁၀ ရာခိုင်နှုန်းဆက်လက်နိမ့်ကျနေပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လမှာထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်စစ်တမ်းအရလည်း အလားတူ ၁၀ ရာခိုင်နှုန်း နိမ့်ကျနေခဲ့ကာ လက်ရှိမှာတော့ ပဋိပက္ခတွေပိုမိုဆိုးရွားလာနေတာကြောင့် ၂၀၂၄ ခုနှစ်မှာလည်း စီးပွားရေးနလန်မထူနိုင်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖြူးနယ် ညောင်ပင်သာရဲစခန်းကို မဟာမိတ်တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စခန်းသိမ်းတိုက်ပွဲကို မနက် ၅ နာရီအချိန်ခန့်မှာ စတင်တိုက်ခိုက်ခိုက်ခဲ့ပြီး ၁ နာရီကျော်အကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ညောင်ပင်သာရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

မြိုင်မြို့ပေါ်က တပ်စွဲထားတဲ့ စီမံကိန်းရုံး၊ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို PDF တိုက်ခိုက်၊ စစ်သား ၁ ဦးသေ

“ချထားတာက တပ်မ ၁၀၁ က စစ်သားတွေပါ။ ထိခိုက်သေဆုံးမှုက ၁ ယောက်သေတယ်။ အဲ့ဒီ ၁ ယောက်က မြိုင်ဆေးရုံပေါ်မှာ သေသွားတယ်”

ရွှေဘို အမှတ် ၈ လေ့ကျင့်ရေးတပ်ကနေထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ၊ ၄ ဦးသေ (ရုပ်သံ)

“မိုင်းကတော့ ၃ မိုင်းနဲ့ဆွဲခဲ့တာ၊ ထိခိုက်သေဆုံးမှုက သေတဲ့ ရဲ ၃ ကောင်က ရွှေဘိုမြို့ထဲပြန်ခေါ်သွားတယ်၊ ရွှေဘိုစိုက်ပျိုးရေးခြံထဲက ဗိုလ်လို့ခေါ်တဲ့ ဗိုလ်ကိုတော့ လိပ်ချင်းရွာ သုသာန်ဇရပ်မှာ သင်္ဂြိုလ်တာ၊ ၄ ယောက်သေဆုံးတာ၊ မနေ့ကတည်းကတဲ့ သင်္ဂြိုလ်တာ”

မြေလတ်ဒေသက ပြည်သူတွေ မြို့သိမ်းစစ်ဘေးကို ဘယ်လိုပြေးတွေ့မလဲ (ရုပ်/သံ)

၂၀၂၃ နှစ်ကုန်ပိုင်းကစလို့ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းမှာ နှစ်ဖက် စစ်ရေးအတင်းမာဆုံး အချိန်လည်း ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားအုပ်စုက ဒီစစ်ပွဲဟာ အာဏာရှင်ကို အပြီးတိုင် အဆုံးသတ်မယ့် စစ်ပွဲလို့ ယုံကြည်ထားနေကြသလို တိုက်ပွဲခေါ်သံကို အသင့်စောင့်နေကြတာပါ။

ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ စစ်အုပ်စု ၃၀ ကျော်သေ၊ သေနတ် ၁၃ လက်နဲ့ ခဲယမ်းပစ္စည်းများရရှိ

" ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်တိုက်ပြီး သိမ်းနိုင်ခဲ့တယ်။ လက်ရှိလေကြောင်း တိုက်ခိုက်မှုရှိနေတော့ စစ်ရေးကိစ္စကရှိနေဆဲပါ"

ကျောက်တံခါးမှာ ရန်ကုန်-မန္တလေးအမြန်ရထား တိမ်းမှောက်

" သံလမ်းမိုင်းကွဲပြီး မှောက်တာလို့ သိရတယ်။ ခေါင်းပိုင်းအတွဲကစပြီး ရထားကတိမ်းမှောက်သွားတာ။ ခေါင်းတွဲတတွဲလုံးကတော့ ရထားလမ်းဘေး ကျသွားတယ် "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10