သတင်း

မုန်းမှာ စစ်အုပ်စုက လေကြောင်းသုံးပစ်ခတ်လို့ အမျိုးသမီး ၁ ဦးသေ

"PDF တွေရွာထဲမှာ ရှိနေတယ်အထင်နဲ့ လာပစ်သွားတာနေမယ်။ နာရီဝက်နီးပါးလောက် လှည့်ပတ်ပစ်သွားတာ"

မော်လူးမြို့ကိုသိမ်းပိုက် စစ်ကောင်စီ ၇ ဦးအလောင်းနဲ့ အရှင် ၄ ဦးဖမ်းမိ လက်နက်များစိစစ်သိမ်းနေဆဲ

"ဖမ်းဆီးရမိသူတွေကို ဘာရာထူးဘယ်သူဆိုတာကို သိဖို့စစ်ကြောရေးပို့ထားတယ်။ အသေခုနှစ်လောင်းရတယ်။ ဆက်လက်ပြီး ထွက်ပြေးတဲ့စစ်ကောင်စီတွေကို လိုက်ဖမ်းနေတယ်။ လက်နက်တွေကတော့ ရရှိပါတယ်။ ခဲယမ်းကျည်လည်းရတယ်။ ဒါတွေနဲ့ပတ်သက်ပြီး စိစစ်နေဆဲပါ"

မင်းလှမှာ အရက်မူးပြီးပြန်လာတဲ့ စစ်ဗိုလ်တဦး ဆိုင်ကယ်မှောက်သေဆုံး

“စစ်*ဗိုလ်တကောင် ဆိုင်ကယ်မှောက်ပြီး မသာပေါ်သွားတယ်ဗျ။ အဲ့*က အရက်ကလည်း မတရားသောက်ထားတော့ လမ်းကွေ့ကို သတိမထားမိပဲ မှောက်ပြီးပွဲချင်းပြီး မသာပေါ်တာ”

ရွှေကျင်ရှိ စစ်ကောင်စီရဲ့ ကွန်ဖဲ့စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

"စစ်သားတွေထွက်ပြေးသွားတော့ လက်နက်ခဲယမ်းက မရလိုက်ပါဘူး။ ရိက္ခာနဲ့ စခန်းကုန်းကိုပဲ ရရှိခဲ့ပါတယ်"

ညောင်ပင်သာရဲစခန်းကို KNLA ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်မီးရှို့နိုင်ခဲ့

"ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်တိုက်ပြီး သိမ်းနိုင်ခဲ့တယ်။ စခန်းကိုလည်း ဖျက်စီးမီးရှို့နိုင်ခဲ့တယ်။ အသေးစိပ်ကိုတော့ နောက်မှာ စစ်ဒေသခွဲကနေ ထုတ်ပြန်ပါ့မယ်"

ပခုက္ကူမှာ စစ်ကား ၃ စီးနဲ့ လုံခြုံရေးအဖွဲ့ မိုင်းဆွဲခံရလို့  ၂ ဦးသေဆုံး (ရုပ်/သံ)

တိုက်ခိုက်ရာမှာ ဒရုန်း ၇ စီးနဲ့ အီနာဂါဗုံးသီး အလုံး ၂၀ ကျော်ဖြုတ်ချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရသွားတာကြောင့် ပခုက္ကူဘက်ကနေ ကား ၁ စီးနဲ့ပြန်လာခေါ်သွားတယ်လို့ ဗိုလ်လက်ယာက ဆက်ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့မိုင်းဆွဲခံရပြီး ခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၂ ဦးသေဆုံး (ရုပ်/သံ)

ဒီဇင်ဘာ ၁၂ ရက် ယနေ့မနက်ပိုင်း ၇ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ မြင်းချင်းကျေးရွာကနေ အင်အား ၂၀ နဲ့ ထွက်လာတဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ စစ်သားတွေကို ရွာရဲ့အနောက်တောင်ဘက် မီတာ ၅၀၀ အကွာမှာ မိုင်းဆွဲတဲ့အပြင် ၅ မိနစ်ခန့် လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မြင်းခြံနဲ့စဉ့်ကူးမှာ စစ်အုပ်စုကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်၊ စဉ့်ကူး PDF ရဲ့ဒရုန်းတွေကို ပျူစောထီးတွေပစ်ချခဲ့

“ပထမတလုံးကိုတော့ မိုင်းကွဲတယ်ထင်ပြီး မြို့ထဲမှာရှိတဲ့ သူတို့လူအင်အားတွေ ထွက်လာတယ်။ ကွဲတဲ့နေရာမှာ ရှာဖွေရေးတွေလုပ်ဖို့အတွက် သစ်ပင်အောက်မှာစောင့်ပြီး ဝပ်နေကြတယ်။ နောက်အလုံးတွေလည်းကျတော့ ဒရုန်းမှန်းသိတော့ သေနတ်တွေနဲ့ပစ်တော့တာပဲ”

အရပ်ဝတ်နဲ့လာတဲ့ ဒုရဲအုပ် PDF လက်ချက်နဲ့သေဆုံး

နွားထိုးကြီး-မြို့သာလမ်းပိုင်းမှာ ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီခန့်က NPDF ရဲဘော်တွေ ရှောင်တခင်စစ်ဆေးနေချိန် နွားထိုးကြီးဘက်ကနေ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတဦးကို သံသယရှိတဲ့အတွက် ဆိုင်ကယ်ရပ်ခိုင်းစဥ် စစ်ဆေးမခံဘဲ ထွက်ပြေးတာကြောင့် ကာကွယ်ရေးရဲဘော်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပြည်မြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်က ငွေလွှဲငွေထုတ်ဆိုင် အနုကြမ်းစီးခံရပြီး ဖမ်းဆီးနိုင်ခြင်းမရှိ

အနုကြမ်းစီးသူတွေက MARK-(II) ကားအဖြူရောင်နဲ့ တက်တူးထိုးထားတဲ့ အမျိုးသား ၂ ဦးဖြစ်ကာ သေနတ်လည်း ပါလာတယ်လို့ မြို့ခံအမျိုးသမီးတဦးက ပြောပေမယ့် ဒီအချက်အလက်ကိုတော့ မြေလတ်အသံက ဆက်လက်မေးမြန်းအတည်ပြုနေဆဲပါ။

တိုက်ပွဲဖြစ်နေလို့ ပုလဲနယ်မှာ ပြည်သူ ၄၀၀ခန့် ခရီးမဆက်နိုင်ဘဲ လမ်းပိတ်မိနေ

ထီးလင်းမြို့နယ် ရေမျက်နီရွာနဲ့ ဂန့်ဂေါမြို့နယ် ကျောရွာအနီးတဝိုက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် ပုလဲ-ဂန့်ဂေါလမ်းပိုင်းမှ ကုန်တင်ကား၊ ခရီးသည်တင်ကား၊ ကိုယ်ပိုင်ကားတွေ ခရီးမဆက်နိုင်ဘဲ ခရီးသွားပြည်သူ ၄၀၀ ခန့်မှာ ပုလဲနယ်အတွင်း လမ်းပိတ်မိနေတာလို့ ဆိုပါတယ်။

လေယာဥ်ဗုံးကြဲခံရလို့ ပုလဲမြို့နယ် NUG တရားရေးတာဝန်ခံလင်မယားနဲ့ ၁နှစ်သားအပါ ၅ဦးသေဆုံး(ရုပ်/သံ)

ဒီဇင်ဘာလ ၁၂ရက် ဒီကနေ့ မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီ ဗုံးကြဲလေယာဉ်တစီးက မင်းတိုင်ပင်ရွာရှိ တရားရေးတာဝန်ခံရဲ့နေအိမ်ကို ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကျွန်းလှနယ်မှာ တနေကုန်လေကြောင်းနဲ့ ပစ်ခဲ့လို့ ဒေသခံ ၈ ထောင်ကျော်ထွက်ပြေးနေရ

ဒီဇင်ဘာလ ၁၂ ရက် ဒီမနက်အစောပိုင်း ၁ နာရီဝန်းကျင်နဲ့ မနက် ၉နာရီဝန်းကျင်လောက်မှာ တပူတောရွာအနီးကို တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာပေါ်ကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး မနက် ၈ နာရီ ၅၁ မိနစ်မှာ လိပ်ဆင်းတောင်နဲ့ အေးချမ်းသာရွာကြား ဗုံး ၃ လုံး၊ မနက် ၉ နာရီ ၆ မိနစ်မှာ အေးချမ်းသာရွာနဲ့အင်းလှရွာကြား ဗုံး ၃ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပုလဲမှာ လေယာဉ်ဗုံးကြဲခံရလို့ NUG တရားရေးတာဝန်ခံလင်မယား၊ ၁ နှစ်သားကလေးအပါ ၅ ဦးသေဆုံး

"ဒါကရပ်ကွက်ထဲမှာ၊ ရွာထဲမှာဆိုတော့ အတိအကျနဲ့ ဗုံးလာကျဲသွားတာဆိုတော့ သတင်းပေးတွေကြောင့်လို့လည်း ကျနော်တို့ ယူဆနေရတာပေါ့နော်။ အဲ့ဒီအိမ်ကို ရောက်နေတဲ့ အရပ်သားမိသားစုပါသေတာ"

ကညနရုံးနဲ့ စီးပွားရေးဘဏ်က စစ်သားတွေ တိုက်ခိုက်ခံရလို့ ၄ ဦးသေ (ရုပ်/သံ)

ဒီဇင်ဘာလ ၉ ရက် ည ၉ နာရီကျော်ခန့်က အင်အား ၄၀ ခန့်ရှိနေတဲ့ ကညနရုံးက စစ်ကောင်စီအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သလို ဒီဇင်ဘာလ ၁၀ ရက် မနက် ၂ နာရီခန့်မှာ အင်အား ၁၅ ဦးခန့်သာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်ကောင်စီအဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10