သတင်း

မန္တလေးမြို့က BE တပ် ၄၀ မမနဲ့ ပစ်ခံရ

"၄၀ မမ ၂ လက်နဲ့သုံးပြီး တိုက်ခိုက်ခဲ့တာပါ။ မတိုက်ခိုက်မီကတည်းက တပ်ထဲက နေ့စဥ်လုပ်ရှားမူကို ကြိုတင်စုံစမ်းပြီးမှ တိုက်ခိုက်ခဲ့တာပါ။ ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပါတယ်။ ပစ်ခတ်တာကတော့ မိနစ်ပိုင်းပဲကြာပါတယ်"လို့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့မှ ဗိုလ်နတ်ဆိုးကပြောပါတယ်။

PDF ဆီပို့မယ့် လက်နက်နဲ့ ကျည် ၁၂၀၀ ကျော် ပခုက္ကူမှာ ဖမ်းဆီးခံရ

"စကစတွေဖမ်းမိသွားတဲ့ လက်နက်တွေ၊ ပစ္စည်းတွေက ကျနော်တို့အဖွဲ့ရဲ့ ပစ္စည်းတွေပါ။ တန်ဖိုးအားဖြင့်ကတော့ သိန်း ၅ ရာကျော်ရှိပါတယ်။ ဒါက တော်လှန်ရေးအတွက် ဆုံးရှုံးနစ်နာမှုတခု ဖြစ်တယ်။ လို့ ဆိုပါတယ်။

မြင်းမူးမြို့နယ်မှာ စစ်ကား၂စီး ဆွဲမိုင်း၃လုံးနဲ့ တိုက်ခိုက်ခံရ( ရုပ်/သံ)

"မြင်းမူမရောက်ခင်မှာ လမ်း‌တလျှောက်မိုင်းဆွဲခံရတော့ မောင်းလို့မရလို့ ၄ စီးထဲက ၂ စီးကမြ င်းမူမြို့ထဲကိုဝင်တယ်။ ဝင်ပြီးတော့အဲ့ဒီ့ကား ၂ စီးကိုထားခဲ့တယ်။ မောင်းရတဲ့ကား ၂ စီးက ၆ နာရီလောက်မှာ မြင်းမူမြို့ထဲကနေ စစ်ကိုင်းဘက်ကိုဆက်ထွက်ခွာလာတယ်။ မြင်းမူမြို့နဲ့ ထီးဆောင်းအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။"

စစ်ကူပစ်ပေးတဲ့ စစ်ကောင်စီတပ်ကို PDF အဖွဲ့က တိုက်ခိုက်၊ စကစတပ်ဖွဲ့ အသေအဆုံးများဟုဆို (ရုပ်/သံ)

"တိုက်ပွဲချိန်က နာရီဝက်လောက်ကြာတယ်၊ သူတို့က ချက်ခြင်းပြန်ဆုတ်သွားတာ၊ ကျနော်တို့လည်း လေးအိမ်တန်းရွာကို ရှင်းလင်းရေးလုပ်ပြီးပြန်လာခဲ့ကြတာ”

စစ်ကောင်စီတပ်က ဘုတလင်မြို့နယ် NLD ရုံးကို PDFတွေ နေထိုင်တယ်ဆိုတဲ့သံသယနဲ့ ဖျက်စီးသွား

စစ်ကောင်စီတပ်သားတွေက ရုံးအတွင်းမှာရှိတဲ့ ထိုင်ခုံ၊ မှန်ဗီရို၊ မှန်တံခါးတွေကို ရိုက်ချိုးဖျက်ဆီးခဲ့သလို ရုံးစာရွက်စာတမ်းအဟောင်းတွေကိုလည်း ဖျက်ဆီးသွားပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဲ့ဒီရုံးကို စစ်ကောင်စီတပ်သားတွေ လာရောက်ဖျက်စီးတာ အခုတကြိမ်နဲ့ဆိုရင် ၄ ကြိမ်အထိ ရှိပြီလို့ သိရပါတယ်။

စစ်ကောင်စီက ရွှေဖောင် ၁၀၀ နီးပါးဖျက်စီးပြီး လုပ်သား ၇၀ ကျော်ဖမ်းဆီးထား

"ဒီနေရာတွေကတော့ တရားမဝင် ရွှေလုပ်ကွက်လို့တော့ ပြောလို့ရတယ်။ ဒီကာလထဲမှာ လူတွေက စားဝတ်နေရေး ကြပ်တည်းလာတော့ ဒီဆည်အနီးဝန်းကျင်မှာ ရွှေလုပ်လာတာ။ ဦးရေလည်း တိုးလာပါတယ်။ ရွှေဖောင်တွေကို ၂၄ ရက်ကနေ ဒီနေ့ထိဖျက်ဆီးနေတယ်ဗျ။ သူတို့လိုချင်တဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း ကားတွေနဲ့သယ်နေတယ်"လို့ ပြောပါတယ်။

ချောင်းဦးမှာ စစ်ကောင်စီတပ်က လူနေအိမ်တွေကိုမီးရှို့ပြီး ဒေသခံ ၆၀ ကျော်ကို ဖမ်းဆီးသွား

"ငါးယှန်ရွာမှာ တောင်ကုန်းဆိုတဲ့အပိုင်းရှိတယ်။ အဲဒီအပိုင်းက အိမ်ကိုမီးရှို့တာ။ပြီးတော့ တွေ့တဲ့လူတွေကိုဖမ်းတာ။ အသက်ကြီးပိုင်းတွေကိုတော့ ချန်ထားခဲ့တယ်။ အဖမ်းခံရသူတွေက ၆၀ ကျော်တော့ နာမည်တွေမသိရသေးဘူးဗျ။ အခုအချိန်ထိ ပြန်မလွတ်လာကြသေးဘူး" လို့ ပြောပါတယ်။

"ထိုင်းရွေးကောက်ပွဲကြောင့် သွေးတက်နေတဲ့ မအလ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံ သတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ်ထဲက ဒီတပါတ်မှာတော့ "ထိုင်းရွေးကောက်ပွဲကြောင့် သွေးတက်နေတဲ့ မအလ "ဆိုတဲ့ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

ရေစကြိုနယ်ထဲကရွာတွေကို စစ်ကြောင်း ၂ ကြောင်းခွဲပြီးမီးရှို့နေလို့ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရ

“အနောက်ဘက်ချင်းတွင်းမြစ်ဘက်ကလာတဲ့ စစ်ကြောင်းတကြောင်းနဲ့ ဧရာဝတီမြစ်ဘက်ကနေလာတဲ့ စစ်ကြောင်းပါ။ ဒီမနက်အထိမီးလောင်သွားတဲ့ အိမ်ခြေတွေကို မသိရသေးဘူး။ ရေယှားရွာကတော့ ၂၀၀ ဝန်းကျင်လောက် မီးထဲပါသွားတယ်လို့တော့ကြားရတယ်။ အတည်တော့မပြုနိုင်သေးဘူး ရွာသားတွေလည်း ရွာနားကိုဘယ်သူမှမကပ်ရဲသေးဘူး ”

ပကဖနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ နိုင်/ကျဥ်း ၂၀ ဦးကို ကျိုက်စကောထောင်ကနေ စစ်တပ်ကခေါ်ထုတ်သွား

"ဘယ်ခေါ်သွားမှန်းလည်း ဘယ်သူမှ မသိရဘူးဆိုတော့ သူတို့ရဲ့ အသက်အန္တရာယ်အတွက် မိသားစုဝင်တွေက စိုးရိမ်နေရသလို ကျနော်တို့ဘက်ကလည်း စိုးရိမ်နေရတယ်။ သူတို့ဘယ်တွေရောက်ပြီး ဘယ်လိုတွေ နှိပ်စက်ခံနေရလဲဆိုတာသိရဖို့တော့ စုံစမ်းနေဆဲပါ"

စစ်ကောင်စီ အမြဲတမ်းအသုံးပြုတဲ့တံတား မိုင်းထောင်ဖောက်ခွဲခံရ

"ခုနောက်ပိုင်း စကစ က ထန်းတပင်မြို့နယ် တောင်ခြမ်းကို စစ်ကြောင်းထိုးလာရင် ထန်တပင်လမ်းနဲ့ ရွှေစျေးလမ်းကိုအသုံးမပြုတော့ဘဲ ကျွဲပွဲကနေ ခုလမ်းကိုသုံးပြီး ဝင်ပါတယ်။စကစ အနေနဲ့တော့ ခုတံတားကျိုးသွားတဲ့အတွက် ကျွဲပွဲဘက်ကနေထန်းတပင်မြို့နယ်တောင်ခြမ်းကို လာဖို့မလွယ်တော့ဘူး ဖြစ်သွားပါတယ်။ လက်ရှိအချိန်မှာသူတို့အများဆုံးအသုံးပြုနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့အတွက် သူတို့အနေနဲ့ တံတားပြန်အသုံးပြုလို့ရအောင် လုပ်သွားမယ်လို့ထင်ပါတယ်။"

ပုလဲ၊ နှောကန်ရွာ မီးဘေးသင့်ဒေသခံတွေကို ကျပ်သိန်း ၄၀ ခန့်တန်ဖိုးရှိ စားသောက်ကုန်တွေထောက်ပံ့

"ကျနော်က နှောကန်ရွာမီးရှို့ဒဏ်ခံခဲ့ရတဲ့ပြည်သူတယောက်ပါ။ ရွာကို စစ်**တွေလာပြီးတော့ တရွာလုံး နီးပါးပြာကျအောင်မီးရှို့သွားခဲ့တာ။ပုလဲမြို့နယ်ပအဖ၊ပကဖနဲ့အလှူရှင်တွေကဝိုင်းဝန်း ကူညီလှူဒါန်းပေး ထားလို့ လောလောဆယ်ကျနော်တို့စားဝတ်နေရေးအဆင်ပြေနေပါတယ်"

ဆားလင်းကြီး မြို့မရဲစခန်း လက်နက်ကြီးတွေနဲ့ပစ်ခံရလို့ ထိခိုက်သေဆုံးမှုရှိနိုင် (ရုပ်/သံ)

"ကျနော်တို့ မီးလောင်ဗုံးတွေနဲ့ပစ်ခတ်ခဲ့တာ၊ စောစောပိုင်းက မီးလောင်ဗုံး ၁ ချက် ၂ ချက်လောက်ပစ်ခတ်ခဲ့တယ်၊ စခန်းနားမှာအိမ်တွေရှိနေတာကြောင့် ပြည်သူတွေထိမှာ စိုးလို့ မီးလောင်ဗုံးပစ်တာရပ်ပြီး ၆၀ မမ ၊ ၈၀ မမ ၊ ၁၂၀ မမတို့နဲ့ပစ်ခတ်ခဲ့ကြတယ်၊ ထိခိုက်မှုတော့အတိအကျမရသေးဘူး၊ ထိခိုက်သေဆုံးမှုတော့ ရှိနိုင်ပါတယ်"

ဘီလူးစစ်ကြောင်းက ဖမ်းပြီးသတ်ခံလိုက်ရတဲ့ ရဲဘော်ရဲ့ စျာပနအခမ်းအနား( ရုပ်/သံ)

"မျက်နှာကိုပစ်လိုက်တာကြောင့် နောက်စေ့ကနေကျည်ထွက်ပြီးသေဆုံးသွားတယ်။ ပြည်သူတွေက အလောင်း ၁ လောင်း ချင်းတွင်းမြစ်ထဲမှာမျောနေတယ်လို့ သတင်းပို့လာတယ်။ ကျနော်တို့ဘက်က လုံခြုံရေးတိုးမြှင့်ပြီး အလောင်းကိုဆယ်ခဲ့တာမှာ ဘီလူးစစ်ကြောင်းရဲ့ဖမ်းဆီးခံရတဲ့ ရဲဘော်အလောင်းဖြစ်နေတာ"

မူးယစ်ဆေးရောင်းချသူ ၁ ဦးနဲ့ သုံးစွဲသူ ၅ ဦးကို Tamu PDF က ဖမ်းဆီးအရေးယူ

“တချို့လက်နက်ကိုင်ပြီးမှ ရောင်းနေတာတွေရှိတယ်။ ဆေးချတာတွေများလာတဲ့ နောက်ဆက်တွဲ ပိုက်ဆံလိုလာတော့ ဆိုင်ကယ်ပျောက်တာတွေလည်းရှိတယ်။ မူးယစ်ဆေးဝါးလုပ်ပြီဆိုကတည်းက မကောင်းမှုတွေ နောက်ကလိုက်တော့တာပဲ။ ခိုးမှုတွေလည်းဖြစ်လာတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10