သတင်း

ပခုက္ကူမှာ တပတ်အတွင်း ၂၀ ကျော်ဖမ်းဆီးခံရပြီး ၁၀ ဦးမှာမတရားပုဒ်မတပ်ခံထားရ

“လူငယ် ကျား/မ ၂မျိုးလုံးကို အဓိကထားဖမ်းနေတာဗျ၊ ဆိုင်ကယ်လိုင်စင်ဘာညာမပါလို့ အဖမ်းခံရတာ တပတ်ကို အစီးရေ ၁၀၀ ၀န်းကျင်ရှိတယ်၊ အဖမ်းခံရပြီး ဖုန်းထဲနိုင်ငံရေးပါတဲ့လူကတော့ ရိုက်နှက်စစ်ခံရတယ်၊ ၁၅ရက်နေ့ကလည်း လူငယ်တယောက်ဖုန်းထဲကနေ အမေစုပုံတွေ့တာ အဖမ်းခံရတယ်၊ နိုင်ငံရေးနဲ့ဖမ်းခံထားရတာ အနည်းဆုံး ၁၀ ယောက်လောက်ရှိမယ်"

ရေဦးနယ်ရှိ မီးရှို့ခံ ရွာ ၃ ရွာကဒေသခံတွေ အရေးပေါ် အကူညီလိုအပ်နေ

"ဇဝရှာရွာမှာဆိုရင် အိမ်ခြေစုစုပေါင်းက ၁၀၀ လောက်ပဲရှိတာ။ အဲဒီထဲက ၇၀ လောက်ပြာကျသွားတယ်။ ကျနော်တို့ဆိုလည်း အခုစာသင်ကျောင်းမှာ ဖြစ်သလိုနေနေရတယ်။ အိမ်မှမရှိတော့တာ။ အိမ်က ပြာပုံပဲကျန်ခဲ့တယ်။ စားသောက်ရတာကလည်း မီးရှို့မခံရတဲ့ရွာကလူတွေ ပေးကမ်းလို့စားနေရတယ်။ အများကြီးတော့မဟုတ်ဘူး။ သူတို့တတ်နိုင်သလောက်လေးပေါ့။ ဒီလိုပဲစားနေရတယ်"

သာယာဝတီမှာ ဆိုင်ကယ်နဲ့ ကင်းပတ်နေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရ

"မိုင်းဆွဲပြီးတဲ့အချိန်မှာ စစ်ကောင်စီတွေဘက်က သေနတ်ဖောက်သံတွေအဆက်မပြတ်ထွက်လာတယ်။ သိပ်မကြာဘူး လူနာတင်ကားတွေ သွားတာမြင်လိုက်ရတယ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးနိုင်ခြေရှိသလို ပြင်းထန်ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်"

CDM ဝန်ထမ်းတွေ ဘဝနေထိုင်မှုခက်ခဲနေပြီး အချို့က ကျောက်ကပ်ထုတ်ရောင်းဖို့ထိ စဥ်းစားလာနေ

"ကျနော်အသိ ပညာရေး CDM ဝန်ထမ်းတဦးဆို အလုပ်အကိုင်က အဆင်မပြေတဲ့ကြားထဲ ကျန်းမာရေးကမကောင်းတော့ ကြံရာမရတဲ့အဆုံး ကျောက်ကပ်ထုတ်ရောင်းဖို့ထိ စဥ်းစားလာတယ်။ အဆက်အသွယ်ရှိရင် ချိတ်ပေးပါလားဆိုတာထိ ဖြစ်လာတယ်။ ကျနော်ကိုယ်တိုင်လည်း ပညာရေး CDM ဝန်ထမ်း။ စကစ ကို တော်လှန်နေတဲ့သူဆိုတော့ သူတို့အတွက် ကူညီပေးနိုင်တဲ့ အင်အားမရှိဖြစ်နေတယ်"

မီးရှို့ခံလိုက်ရတဲ့ ရွာတွေကို PDF က စောင်နဲ့ အဝတ်အထည်တွေလှူဒါန်းပေး

"ရွာမှာရှိတဲ့မီးဘေးသင့်ပြည်သူစာရင်းကောက်ပြီး သွားလှူပေးတာပါ။ တရွာကို မီးဘေးသင့်ပြည်သူ ၁၀၀ ကျော်ရှိတယ်။ လက်ရှိမှာတော့ မီးဘေးသင့်ပြည်သူ‌တွေက စစ်ဘေးရှောင်စခန်းတွေ ဘုန်းကြီးကျောင်းတွေမှာနေရတာပါ။ ဘုန်းကြီးကျောင်းမှာ လာလှူတဲ့အစား အသောက်တွေ ချက်ပြုတ်ကျွေးနေရပါတယ်။ တချို့လည်း ကိုယ့်အိမ်ကိုယ်နေပြီး ရှိတာလေးနဲ့ချက်စားသောက်နေကြပါတယ်"

ရေစကြိုနယ်က PDF စခန်းငယ်တခုအသိမ်းခံရပြီး လက်နက်တွေပါဆုံးရှုံး

"လူမနေတဲ့ ကန့်အဟောင်းနေရာတခုပါ။ ဖြစ်စဥ်ဖြစ်တာကတော့ ဟုတ်တယ်။ လက်လုပ်တွေလည်း ပါသွားတာ ဟုတ်တယ်။ ဘယ်အဖွဲ့ရဲ့နေရာလဲဆိုတာ သေချာပြန်စုံစမ်းပေးပါ့မယ်။ တိုက်ပွဲဖြစ်တာတော့မဟုတ်ဘဲ စကစ ဘက်က သတင်းအတိအကျရလို့ လာသိမ်းသွားတဲ့သဘောပဲ။ အဲ့ဒီဘက်ကလည်း စကစနဲ့ နီးတယ်လေ"

မုံရွာက ပျူစောထီးကျေးရွာ လက်နက်ကြီးနဲ့တိုက်ခိုက်ခံရ

FRF – CHU မုံရွာခရိုင်တပ်ရင်း ၈၊ ၉၊ ၁၀ တပ်ဖွဲ့ဝင်တွေဟာ မဟာမိတ်တွေနဲ့ပူးပေါင်းပြီး မနေ့ကည ည ၉ နာရီ မိနစ် ၂၀ ခန့်မှာ သူတို့ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ ၇၀ မမ (Howitzer)နဲ့ အချက် ၃၀ ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ရွှေဘိုကဘဏ်တခုမှာ လုံခြုံရေးစောင့်နေတဲ့စစ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံရ

"အဲဒီဘဏ်မှာလုံခြုံရေးယူထားတာက ပုံမှန်ကတော့ ၇ ယောက်လောက်ရှိမယ်။ ဘယ်တပ်ကဆိုတာတော့ မသိရဘူး။ ဘဏ်ရှေ့မှာဘန်ကာလုပ်ထားပါတယ်၊ ဘဏ်ကာရဲ့နောက်ကျောဘက်ကိုကျပီးကွဲတယ်။ စစ်သားတွေ သေဖို့ရာခိုင်နှုန်းများပါတယ်"

အင်းတော်မှာ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄၀ ဦးဝန်းကျင်သေဆုံးနိုင်

“ထီးချိုင့်လိုပဲ မီးပတ်ရှို့မယ်ကြားထားလို့ ပြည်သူတွေကိုကြိုရှောင်ခိုင်းထားတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ကရွာနားမှာ မဖြစ်ဘူး၊ ရွာထဲမှာမဖြစ်ဘူး၊ သူတို့က တိုက်ပွဲမဖြစ်ဘဲမီးစရှို့တော့ မထူးတော့ဘူးဆိုပြီး ရွာထဲဝင်ပစ်တာ။ တိုက်ပွဲပထမဆုံးစဖြစ်တာ အင်အား၇၀ နဲ့၊ နှစ်ရက်အတွင်း အဲ့ ၇၀ က ၃၀လောက်ပဲကျန်တယ်။ တိုက်ပွဲဖြစ်ပြီး‌တော့ ကျနော်တို့က မှန်ဘီလူးနဲ့ကြည့်နေတာပေါ့။ သူတို့က လယ်ကွင်းထဲကနေ သေတဲ့ဟာတွေကို ဂျုံးဂျုံးဂျရွာထဲကိုထမ်းသယ်နေကြတာ”

ခင်ဦးက ပြည်သူ ၆ သောင်းကျော် နေစရာနဲ့ စားနပ်ရိက္ခာအပြင် အနွေးထည်တွေ လိုအပ်နေ

"ရွာလုံးကျွတ်မီးရှို့ခံလိုက်ရတဲ့ရွာတွေထဲက တချို့ဒေသခံတွေဆိုရင် နေစရာမရှိတော့ ကိုယ့်ရွာကို ပြန်ဝင်ပြီးတော့ ပြာပုံပေါ်မှာဘဲ တဲထိုးပြီးနေရတဲ့သူတွေရှိတယ်။ တချို့ဆိုရင် ရွာကိုပြန်ဝင်ချင်ကြပေမယ့် စစ်ကောင်စီတွေက တပ်စွဲထားတယ်။ အဲဒါကြောင့် တောထဲတွေမှာ သစ်ပင်အောက်တွေမှာ မိုးကာနဲ့တဲထိုးပြီးတော့ ဖြစ်သလိုနေ နေကြရပါတယ်"

အပစ်ရပ်နေချိန် စစ်ကောင်စီက ရခိုင်ကို လက်နက်ခဲယမ်းအပြည့်ပါတဲ့ ကား ၄၀ ကျော်ချပေးခဲ့

"ဒီလက်နက်တွေပါတဲ့ကားတွေအကုန်လုံးက အပစ်ရပ်ပြီးနောက်မှာ ဝင်ရောက်လာတာပါ။ လူအင်အားကတော့မပါဘူး။ အကုန်လုံးလက်နက်တွေနဲ့ ရိက္ခာတွေချည်းပဲ။ ပြီးတော့ လေယာဥ်နဲ့ပို့တာတွေလည်းရှိပါတယ်။ တောင်ကုတ်နဲ့အမ်းမြို့ကို ဝင်ရောက်လာတဲ့ကားအရေအတွက်ကတော့ ၄၃ စီးလို့ ကျနော်တို့စာရင်း အတိအကျရထားတယ်"

နှစ် ၄၀၀ကျော်သက်တမ်းရှိ ရှေးဟောင်းကက်သလစ်ဘုရားကျောင်းဖျက်ဆီးခံရပြီး ရွာလုံးကျွတ်မီးရှို့ခံရ

“အကိုတို့အိမ်ဆို ၂ကြိမ်မြောက်ရှို့ခံရတာပေါ့၊ ဒုတိယအကြိမ်တလုံးပါတယ်၊ ခုတတိယအကြိမ် ထပ်ဆောက်ထားတဲ့အိမ်တလုံးပါသွားတယ်၊ အိမ်တောင်မှအပြီးမဆောက်ရသေးဘူး၊ ကျောင်းကြီးကတော့ မီးလောင်တဲ့ထဲမပါပေမယ့် အပျက်စီးများတယ်၊ ဘုရားရှိခိုးကျောင်းဆောင်ကြီးထဲမှာလည်း သောက်စားပြီး‌တော့ ဖျက်ဆီးသွားတာတွေရှိတယ်၊ မယ်သီလှကျောင်းထဲမှာလည်း ဖျက်ဆီးထားတာတွေရှိတယ်၊ အိမ်ဆိုလည်း လေး၊ငါး၊ဆယ်လုံးလောက်ပဲကျန်တော့တယ်”

ပြည်မြို့က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ပုဒ်မ ၆ ခုနဲ့ ထောင်ဒဏ်၁၉ နှစ်ချခံရ

“ရေကြည်အိုင်စစ်ကြောရေးမှာ စုတ်ပြတ်သတ်နေအောင်ရိုက်တာ လူရုပ်တောင်မပေါ်ဘူး။ဖမ်းဆီးခံရတဲ့ ၆လလုံး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးပါဘူး။ စာတောင်ပေးလို့မရဘူးအခုလိုအမိန့်ချခံရတာတော့ခံပြင်းတာပေါ့။ မတရားအမိန့်တွေ သူတို့ချချင်သလိုချနေတာ မတရားမှန်းသိပေမဲ့လည်း အခုချိန်တော့ ကိုယ့်လူနေကောင်းကျန်းမာဖို့ဘဲအရေးကြီးတယ်ကိုယ့်ထက်တောင်ပေးဆပ်ထားရသူတွေတပုံကြီးရှိသေးတာပဲ ”

ရခိုင်မှာ သွားလာခွင့်ကန့်သတ်ထားလို့ ရာသီပေါ်ကွမ်းသီး စျေးကောင်းမရ

"ကွမ်းသီးစျေးကောင်းရဖို့အတွက်က ကွမ်းစားရင် စားသလောက်ရကြပါတယ်။ ပြီးတော့ အခုက လမ်းကြောင်းတွေ မကောင်းဘူးလေ။ လမ်းတွေမှာ အစစ်အဆေးတွေများတယ်။ အဲဒါကြောင့် ကွမ်းသီးကုန်သည်တွေက များများစားစားမဝယ်ကြဘူး။ ဒါကြောင့်မလို့ ကွမ်းသီးစျေးမရဖြစ်နေတာ"

သမီးအဖမ်းခံလိုက်ရတဲ့ NLD ပဲခူးတိုင်းလဝကဝန်ကြီး စစ်ကောင်စီထံ လာအဖမ်းခံဟုဆို

"ကျနော်ကြားသိရသလောက်ကတော့ ပြည် ဒကစကိုသွားအဖမ်းခံတာ။ သူ့သမီးကို ဒကစထဲမှာဖမ်းထားတယ်။ သူ့လာအဖမ်းခံမှ သူ့သမီးကိုလွှတ်ပေးမယ်၊ ဦးထွန်းထွန်းဦးကိုလည်း တခြားပုဒ်မမတပ်ပါဘူး၊ ၅၀၅(က) ပဲတပ်ပါမယ်ဆိုပြီး စစ်တပ်ကခေါ်လို့သွားအဖမ်းခံတာပါ။ ဒါပဲကျနော်တို့ကြားသိရပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10