ကန့်ဘလူနယ်မှာ စစ်ရှောင်အမျိုးသား ၁ ဦးမြွေကိုက်ခံရ၊ စုစုပေါင်း ၇၃ ဦးထိရှိလာ
"မိုးကလည်း နည်းနည်းရွာတော့ လယ်ထဲကိုသွားကြည့်တာမှာ ခြေထောက်ကိုမြွေပွေးကိုက်ခံရတာပါ။ အိန္ဒိယမြွေဆိပ်ဖြေဆေး ၄ လုံး ထိုးပေးထားပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် စိတ်ချရပါပြီ"
"မိုးကလည်း နည်းနည်းရွာတော့ လယ်ထဲကိုသွားကြည့်တာမှာ ခြေထောက်ကိုမြွေပွေးကိုက်ခံရတာပါ။ အိန္ဒိယမြွေဆိပ်ဖြေဆေး ၄ လုံး ထိုးပေးထားပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် စိတ်ချရပါပြီ"
"တပ်တွင်းဖရဲသီးသတင်းအရ သိရတာတော့ တပ်တွေမှာ တပ်တွင်းအနီရောင်အဆင့် ခံစစ်ပြင်ထားတယ်လို့ သိရတယ်။ တပ်ရင်းတွေမှာ ယခင်က ချထားလေ့မရှိတဲ့ အမြောက်ကြီးတွေပါ လာဆင်ထားတာ။ တကယ်လို့ သူတို့တပ်ရင်းတွေကို တိုက်ခိုက်ခံရရင် အသေခံတိုက်ခိုင်းထားတာ"
“သူ့ကိုနေပြည်တော်က အရေးပေါ်လာခေါ်သွားတယ်ဆိုတာ ကျနော်တို့လည်းသတင်းရတယ်။ စစ်ဆေးနေတယ်လို့လည်း သတင်းတွေထွက်တယ်ပေါ့။ ခုစကစ သတင်းမှာ ကစထမှူးပါ မုံရွာကိုပြန်ပါလာတာတွေ့ရတယ်။ တိုင်းမှူးဖမ်းခံရတဲ့သတင်းတွေကြောင့် အောက်ခြေကောင်တွေစိတ်ဓာတ်ကျမှာစိုးလို့ ကိုယ်ရှိန်သတ်တဲ့အနေနဲ့ ပြန်ထုတ်ပြလာတာလို့မြင်တယ်။ဒါပေမဲ့ သိပ်မကြာခင် အဲ့ဒီတိုင်းမှူးလည်း နယ်ဘက် ဒါမှမဟုတ် အဆိုးဆုံး အရန်အင်အားတို့ ဘာတို့ပို့ခံရမယ့် အခြေအနေဖြစ်လာဖို့ အနီးဆုံးဖြစ်နေပြီလို့ ပြောလို့ရတယ်”
"အိမ်တွေမီးရှို့ဆိုပြီးတော့ ပြောဝင်လာတယ်။ ရွာသားတွေ ထွက်ပြေးကြလို့ သေနတ်တွေနဲ့လိုက်ပစ်တယ်။ ရွာထဲမှာ လူမရှိတော့မှ သူတို့စိတ်ကြိုက် အိမ်ကြီးအိမ်ကောင်းကို ရွေးဝင်တယ်။ သူတိုကြိုက်တဲ့ပစ္စည်းဆိုရင် အကုန်ခိုးသယ်ကြတယ်"
“ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ဗုံးနဲ့သွားလုပ်တာ၊ ကျနော်တို့ဖောက်ပြီး ခဏကြာတော့ အလောင်းကားတွေနဲ့ သွားသယ်နေပြီ။ ၃ပိုင်းပြတ်သွားတဲ့ကောင်က ဒလန်အကြီးစား ပျူစောထီးခေါင်းဆောင်၊ စစ်သားတယောက်က ပေါင်ပြတ်တယ်”
“လာကယ်မယ်ဆိုတာသိလို့ သူတို့လာနိုင်မယ်ထင်တဲ့ ရွာပြင်လမ်းမှာ မိုင်းထောင်ခဲ့တယ်။ အဲဒါကို ဖမ်းခံထိသူတွေကို ပြန်ကယ်ဖို့ဆိုပြီး လိုက်လာတဲ့ ပျူနဲ့ စကစအဖွဲ့က မိုင်းထပ်ထိတယ်"
"စစ်ကြောင်းက ပျူစောထီးရွာတွေအတွက်ကို ရိက္ခာစုပေးဖို့ဆိုပြီးတေ့ာ စစ်ကြောင်းထိုးတာပါ။ အဲဒီမှာအပြန်အလှန်ပစ်ခတ်ရင်း စစ်ကြောင်းက မိုင်းကွင်းထဲဝင်လာလို့ မိုင်းဆွဲလိုက်တာပါ။ တိုက်ပွဲပြီးတော့ ဇီးဖြူကုန်းရွာထဲကို သေတဲ့သူတွေသယ် ပြန်ဝင်သွားပြီး ရွာထဲရောက်တော့ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ကိုပြန်ပစ်နေတယ်"
“သူတို့ရွာထဲကနေ ပြန်ထွက်ချိန်မှာ အိမ်တွေကို မီးရှို့တယ်။ ရွာထဲကနေအိမ် ၃၁ လုံးမီးလောင်သွားတယ်။ ဖမ်းဆီးခံရတဲ့ သူတွေတော့ မရှိပါဘူး၊ ရွာထဲကိုလည်း ရွာသားတချို့ပဲ ဝင်သေးတယ်”
"ရွာရဲ့ကုန်းပေါ်က အိမ် ၁၃ လုံးနဲ့ အောက်ကျင်းက အိမ် ၂ လုံးကို မီးရှို့ခဲ့တာပါ။ EPCစက်ရုံနဲ့ ရွာနဲ့က ကားလမ်းတခုပဲခြားပါတယ်။ ဒီနေ့မနက်ပိုင်းကလည်း ရွာထဲကို ဝင်မွှေသွားသေးတယ်"
“အိမ်တွေ၊ လမ်းတွေကို ဘူဒိုဇာနဲ့ထိုးပြီး ဘန်ကာအခိုင်မာဆောက်နေတယ်၊ ဆောက်လို့ပြီးသွားရင်တော့ စစ်ကြောင်းပြန်ထိုးမယ်လို့ မျှော်လင့်တာပဲ၊ ရဲစခန်းပတ်လည်ကအိမ်တွေဆို ပြန်လို့မရတော့ဘူး၊ အိမ်လည်းမရှိတော့ဘူး၊ မြေလည်းမရှိတော့ဘူး အဲ့လိုဖြစ်သွားပြီ။”
“ကျနော်တို့ အဖွဲ့ ၇ ဖွဲ့လောက် အကုန်ဝင်ပစ်တာ၊ ဒရုန်း ၆ စီးနဲ့ ဗုံး ၂၀ ကျော်ချ တိုက်ခိုက်ခဲ့တယ်၊ မြိုင်မြို့အရှေ့ဘက် စီမံကိန်းရုံးထဲက စစ်သားတွေက လက်နက်ကြီးနဲ့ပစ်လို့ ပြန်ဆုတ်ခဲ့တယ်”
"သူတို့လေးယောက်က နတ်ရေကန်ဇရပ်ပေါ်မှာထိုင်နေကြတာ။ မြို့ပေါ်က စကစတွေက ကားနဲ့ရောက် လာပြီး အကုန်ဆွဲတင်သွားတာ။ ဒီလူတွေက PDFတွေ မဟုတ်ဘူး၊ သာမန်ပြည်သူတွေပါ"
"မီးဘေးသင့်ပြည်သူတွေ စားဖို့ခက်ခဲနေလို့ ထောက်ပံ့ပေးတာပါ။ ကျနော်တို့အဖွဲ့က ပြည်သူတွေနဲ့ တသားတည်း ရှိနေတာပါ။ ပြည်သူတွေ ဒုက္ခရောက်နေလို့ နိုင်တဲ့ဘက်က ကူညီရတာပါ။ တခြားမီးဘေးသင့် ပြည်သူတွေကိုလည်း အခက်အခဲရှိနေလို့ လှူဒါန်းပေးကြပါ"
"၁၂ ရက်နေ့ ညပိုင်းလောက်ကတည်းက စကစ ဘက်က စခန်းနားကို ကပ်လာတာ။ ဖြစ်တဲ့ မနက်အစောပိုင်းမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြသေးတယ်။ အဲ့ဒီမှာ ကင်းကျရဲဘော်တဦး ဖမ်းဆီးခံလိုက်ရတယ်။ ကျန်သူအချို့ကတော့ လွတ်မြောက်လာပါတယ်"
"လူနာကို မြန်မာနိုင်ငံထုတ် BPI မြွေဆိပ်ဖြေဆေး ၄ လုံးနဲ့ အန္ဒိယထုတ် မြွေဆိပ်ဖြေဆေး ၁၀ လုံး ထိုးနှံပေးထားပါတယ်လို့ မြေပြင်ကျန်းမာရေးဌာနက သတင်းပို့ထားပါတယ်"