သတင်းတို

PDF တွေ လုံခြုံရေးယူနေထိုင်တဲ့ အဆောက်အဦးအချို့နဲ့ ဒေသခံဆိုင်ကယ်တွေကို စစ်အုပ်စုကမီးရှို့

"စကစနဲ့ပျူတွေက ရွာကိုဖောကား ၃ စီးအပြည့်နဲ့ ဝင်လာတာ။ ရွာထဲကိုမဝင်မီ ကားလမ်းမထက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေ တရစပ်ပစ်ခတ်ခဲ့တယ်။ လူတွေက အချိန်မီရှောင်လိုက်နိုင်လို့ ထိခိုက်မှု မရှိခဲ့ဘူး။ အိမ်တွေကိုတော့ မီးမရှို့ခဲ့ကြဘူး။ PDF တွေ လုံခြုံရေးယူထားတဲ့ နေရာတွေကို ရွေးပြီးတော့မီးရှို့ ဖျက်ဆီးသွားကြတာ။ စကစတွေ ရွာကအထွက်မှာ လမ်းမှာတွေ့တဲ့အမျိုးသားနှစ်ယောက်ကိုလည်း လမ်းပြခေါ်သွားတယ်"

စစ်အုပ်စုစခန်းကို ဝင်တိုက်ချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး PDF တဦးသေဆုံး

“ကျနော်တို့ ဝင်စီးသိမ်းပိုက်တဲ့အချိန်က မနက် ၃ နာရီ ၁၅ မိနစ်မှာ ဝင်တိုက်တာ၊ **အထိအခိုက် အသေအဆုံး အခြေအနေတော့ မသိရသေးဘူး၊ မြိုင်မြို့နယ် တပ်ရင်း ၂ က ရဲဘော်တဦးတော့ သေတယ်၊ စခန်းဝင်သိမ်းတိုက်ခိုက်တာမှာ သူတို့ဘက်က သတင်းကြိုရသွားလို့ စခန်းကိုမသိမ်းနိုင်ခဲ့ဘူး”

ကန့်ဘလူနယ်က ကျေးရွာတွေကို စစ်ကောင်စီမီးရှို့လို့ ဒေသခံ ၁၀၀၀၀ ကျော် ပြေးနေရ

"စကစ စစ်ကြောင်းက ၃ ရက်ဆက်ထိုးပြီး မီးရှို့နေလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်။ ခုက မိုးတွင်းကာလလည်းဖြစ်တော့ ပြေးရတာကိုက အခက်ခဲပေါင်းစုံ။ နေတဲ့နေရာ​ရောက်ပြန်တော့လည်း အမိုးအကာမရှိ၊ စားသောက်စရာတွေက အရန်သင့်ပါမလာဆို့တော့ စားဝတ်နေထိုင်ရေးအတွက်က အခက်ခဲဖြစ်ပါတယ်"

လင်မယားစကားများတာကို ဝင်ပြောရာက လူသတ်မှုဖြစ်ပွား

"အဲဒါကို ကိုမင်းမင်းက မကျေနပ်လို့ အိမ်ပြန်ဓါးယူပြီး ပြန်ထိုးတာမှာ (ဦးမြင့်ဇော်ဦးမှာ)ဝမ်းဗိုက် ၁ ချက်၊ ဘယ်ဒူးနဲ့ညာဒူး ၁ ချက်စီဒဏ်ရာရပြီး သေတာ"

ဆားလင်းကြီးက စစ်ရှောင်ပြည်သူ ၅၀၀ ကျော်ကို နှစ်ရက်ဆက် အာဟာရဒါန ကျွေးမွေး

"စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ယာယီစစ်ဘေးရှောင်မဟုတ်ဘဲ ရက်ရှည်မယ့်အနေထားမှာရှိနေပါတယ်။ စားသောက်ရေး အခက်ခဲလည်းဖြစ်နေလို့ ကျွေးမွေးဖြစ်တာပါ။ စကစ အနေနဲ့ကလည်း ရွာတွေကို ဆက်တိုက်မီးရှို့နေပါတယ်"

ဆားလင်းကြီးတွင် သေဆုံးသွားတဲ့ ဦးဗန့်ဂျီအတွက် ဆုတောင်းသပိတ်ပြုလုပ်

"ကိုဗန့်ဂျီဟာ စစ်တပ်ရဲ့ လူမဆန်စွာသတ်ဖြတ်တာခံခဲ့ရတယ်။ နေ့လည်ပိုင်းက မီးရှို့သဂြိုဟ်ခဲ့ပြီ။ အဲဒါနဲ့ပတ်သက်ပြီးကျဆုံးခဲ့တဲ့ အာဇာနည် ကိုဗန်ဂျီအတွက် ဆုတောင်းပွဲလုပ်ဖြစ်တာပါ"

မြင်းခြံမှာ စစ်သား ၂ ဦးကို ပစ်ခတ်ရှင်းလင်းပြီး သေနတ်နဲ့ကျည်တွေပါသိမ်းဆည်း

"သူတို့ကိုပစ်ပြီး စက်လှေနဲ့ ဧရာဝတီမြစ်ကိုဖြတ်ပြီး ကူးပြေးရတော့ Scoopy (စကူပီ)ဆိုင်ကယ်ကို တောင်မသယ်နိုင်ဘူး။ ၂ ယောက်စလုံး အရပ်ဝတ်တွေနဲ့လာတာ။ ၂ ယောက်ကိုမှ သေနတ်တလက်တည်းပါတာ၊ နေရာမှာ ပွဲချင်းပြီးပဲ" လို့ နောင်ရိုးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဖမ်းဆီးခံ ဆားလင်းကြီး ပအဖ အဖွဲ့ဝင် ဦးဗန့်ဂျီကို သေဆုံးလျှက်ပြန်တွေ့

"ကိုဗန့်ဂျီ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေတော်တော်တွေ့ရတယ်။ ကျောကုန်းတွေ၊ ဦးခေါင်းတွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေပါတယ်။ ရင်ဘက်တွေမှာ ဓားထိုးဒဏ်ရာတွေ တွေ့ရတယ်ဗျ။ စကစတွေက မနေ့(ဇွန်၁၀)က သတ်ပြီးတော့ အလောင်းလာပစ်သွားတာလို့ ထင်တယ်" လို့ ဆိုပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေး ၂ ဦးသေဆုံး၊ ဘုန်းကြီး ၁ ပါးပျံလွန်ပြီး နေအိမ် ၇ လုံးမီးလောင်

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ တောကြောင်ပေါက်ကျေးရွာက သက်တော် ၆၀ အရွယ် သံဃာတပါး ပျံလွန်တော်မူခဲ့သလို ဝါးပင်စုရွာက အသက် ၁၀ နှစ်ခန့်နဲ့ ၆ နှစ်ခန့် အရွယ် မိန်းကလေး ၂ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

PDF ရဲဘော် ၃ ဦးသေဆုံးခြင်း ၁ လပြည့် အခမ်းအနားပြုလုပ်

“တလပြည့်မှာ တပ်ရင်းရုံးက အရာရှိတွေအလုပ်နားပြီးတော့ ဂုဏ်ပြုတဲ့အနေနဲ့ လွမ်းသူပန်းခွေ‌တွေ ချခဲ့တယ်၊ ကျနော်တို့မရောက်ခင်မှာပဲ ဒေသခံလူထုကနေ သူတို့ဟာသူတို့အစီအစဉ်နဲ့ လုပ်သွားခဲ့တာလည်း ရှိတယ်၊ ကျနော်တို့က ညနေပိုင်းမှာ လုပ်ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။

ခင်ဦးမှာစစ်တပ်က စာသင်ကျောင်းနဲ့ အိမ်တွေမီးရှို့ပြီး သိုးနဲ့နွား ၇၀ ကျော်ကိုမောင်းယူသွား

"မနေ့က စစ်ကြောင်းကနေ့လယ်လောက်မှာ ထွက်ဟန်ပြပြီး ရွာထဲမှာညအိပ်တာ၊ ညရောက်မှ အိမ် ၄ လုံးနဲ့ စာသင်ကျောင်းကိုမီးရှို့တာ။ မနက်အစောပိုင်းရွာထဲကထွက်တော့ သိုးနဲ့နွားတွေကို စစ်ကြောင်းရှေ့ကနေမောင်း သွားတာ။ ပြီးတော့ရွာထဲမှာလည်း သတ်ဖြတ်စားသောက်ထားတာတွေလည်းရှိသေးတယ်"

စဥ့်ကူးက စစ်ရှောင်အိမ်ထောင်စု ၂၀၀ အတွက် လွတ်လပ်သောထောက်ပို့အဖွဲ့က ရိက္ခာထောက်ပံ့

"ရွာတွေမှာ အိမ်မရှိကြတော့ဘူး။ တချိူ့ဆို အဝတ်တထည် ကိုယ်တခုနဲ့နေကြရတယ်။ ဆန် ဆီ ကြက်သွန်လေးလှူတာတောင် ပြုံးပျော်နေကြတယ်။ သူတို့မှာ အိမ်မရှိတော့တာကို မေ့နေသလို တွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။ စားဖို့နေဖို့ဝတ်ဖို့ ဘာမှကိုမရှိလို့အခက်အခဲ ဖြစ်နေကြတာ"

ယင်းမာပင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ကထိခိုက်သေဆုံးသူတွေရှိ

"စစ်ကြောင်းရဲ့တပ်အမည်တော့မသိရဘူး။ သူတို့က လည်ငေါက်ရွာမှာညအိပ်ပြီး မနက်စစ်ကြောင်းထွက်မယ်သတင်းရလို့ ကြိုတင်ပြင်ဆင်ပြီး စစ်ကြောင်းထွက်လာချိန်မှာတိုက်ခိုက်ခဲ့တာပါ”

ကန့်ဘလူ စစ်ရှောင်ကလေးငယ် ၁၀၀ ကျော် ပညာသင်ပေးဖို့ ကျောင်းသုံးပစ္စည်းများလိုအပ်နေ

"ကျနော်တို့ဘက်က ကလေးတွေက စာမသင်ရတာဆို ကိုဗစ်အပါအဝင်ဆို ၃ နှစ်လောက်ရှိနေပြီ။ ခု စာသင်ဖို့ ကလေး ၁၀၀ ကျော်ရဖို့တောင် မိဘတွေကို အတော်စည်းရုံးပြီး ပြောထားရတာ။ စာသင်ဆောင်တွေက စစ်ဘေးရှောင်နေရတဲ့နေရာမှာ ဖြစ်သလိုဆောက်ထားရတာဆိုတော့ လိုအပ်ချက်တွေက အများကြီးရှိနေပါတယ်"

ယင်းမာပင်မှာ PDF ရဲဘော်ဆေးမှူးက တကိုယ်တော် ဆေးကုသနေပြီး ဆေးဝါးပစ္စည်းတွေလိုအပ်နေ

"ရဲဘော်တွေလိုအပ်ချက်တွေကို ပြည်သူတွေအဆင်ပြေတုန်းက ကူညီပေးခဲ့တယ်။ အခုပြည်သူတွေ ဒုက္ခအခက်အခဲရောက်နေတော့ ဥပက္ခာမပြုနိုင်ပါဘူး။ ကျနော်တတ်နိုင်တဲ့အပိုင်းက ဆေးကုသစောင့်ရှောက်ပေးသွားမယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10