သတင်းတို

ရဲစခန်းရှေ့ဂိတ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦးသေ

"ပထမဆုံး ဗုံးသီးတလုံး ချလိုက်တဲ့အချိန်မှာ စကစတကောင်က တခါတည်း ခွေခနဲလဲကျသွားတယ်။ ဗွီဒီယိုဖိုင်ထဲမှာလည်း တွေ့ရတယ်။ လောလောဆယ် ဒီတကောင်ပဲသေတယ်လို့ အတည်ပြုထားနိုင်တယ်"

စစ်တပ်အထိုင်ချထားတဲ့ ကျောက်ရစ်ရဲစခန်းနဲ့ ဆေးပေးခန်းကို PDF က ဒရုန်းနဲ့တိုက်ခိုက်

“ပစ်ခတ်လိုက်တဲ့အချိန်မှာ သူတို့ဘက်က ထိခိုက်သေဆုံးမှုတွေတော့ ရှိနိုင်တယ်။ ဘယ်နှစ်ယောက် ထိခိုက်သွားလဲဆိုတာတော့ စုံစမ်းနေတုန်းပါ ”

ပြည်အကျဉ်းထောင်က နိုင်/ကျဉ်းတွေကို ရာဇဝတ်အကျဉ်းသားတွေနဲ့ ပေါင်းထားပြီး ရာဇဝတ်နှစ်ကြီးတွေကို အုပ်ချုပ်ခိုင်း

“ပြီးခဲ့တဲ့ ၅ ရက်လောက်က စတယ်။ ရာဇဝတ်မှုတွေနဲ့ နိုင်ကျဉ်းတွေ ရောထားပြီး ရာဇဝတ်နှစ်ကြီးတွေကို အုပ်ချုပ်ခိုင်းနေတယ်။ ထောင်ပိုင်တွေနဲ့ ညှိနှိုင်းမယ်လို့တော့ ကြားတယ်။”

စစ်ရှောင်နေရတဲ့ကြားထဲက လူထုသပိတ်စစ်ကြောင်းထွက် (Photo News)

"ဇွန်လ ၁၃ ရက် ဒီနေ့မနက်ပိုင်းက လူထုသပိတ်ရဲ့ ၈၁၅ ရက်မြောက်နေ့အဖြစ် ‌“ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ”ဆိုတဲ့ စာသားပါ ဘန်နာကိုင်ဆွဲပြီး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့တာဖြစ်တယ်"

ဆွာမြို့မှာ စစ်တပ်ထွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရလို့ သေဆုံး

"သူက မြို့မအုပ်ချုပ်ရေးမှူးဆိုမှတော့ စကစ ခိုင်းသမျှ အကုန်လုပ်တယ်။ PDF ထဲဝင်တဲ့ လူငယ်တွေကိုလည်း သွယ်ဝိုက်တဲ့နည်းတွေနဲ့ ပြန်ခေါ်တာတွေလုပ်တယ်။ သူက ခလရ ၈၄ ကနေ ဒုအရာခံဗိုလ်အဆင့်နဲ့ ထွက်ထားတာ"

စစ်ကိုင်းဖိုရမ်မှာ ပါဝင်ခဲ့မိလို့ မြို့နယ်ပကဖအဖွဲ့ဝင်တာဝန်က ယာယီရပ်ဆိုင်းခံလိုက်ရတဲ့ ကိုနွေဦး

"လက်ရှိအခြေအနေကတော့ ကြားတဲ့အတိုင်းပဲပေါ့ဗျာ။ ကျနော်ကခရီးသွားနေတာ မနေ့ကမှ ပြန်ရောက်တာ။ ပြန်ရောက်တော့ လိုင်းလည်းရတယ်။ အင်တာနက်လည်းရတယ်။ ဒါပေမယ့် သတင်းတွေက ပျံ့နေတယ်။ ကျနော့်လာပြောကြတာပေါ့။ အဲ့အချိန်ကျမှ သိရတာ။ ဖိုရမ်မှာပါဝင်တဲ့အတွက်ကြောင့် ပကဖ တာဝန်ကနေ ရပ်ဆိုင်းလိုက်တယ်ဆိုတာကို တိုင်းတာဝန်ခံက လက်မှတ်ထိုးထုတ်တယ်"

ဗိုလ်ဒဿအတွက် မုံရွာပြောက်ကျားအဖွဲ့က လက်တုံ့ပြန်တိုက်ခိုက်လို့ စစ်သား ၂ ဦးသေဆုံး

"တပည့်ဖြစ်တဲ့ ဗိုလ်ဒဿကျဆုံးတာကို ဒီနေ့လက်တုံ့ပြန်ခဲ့တာပါ။ လဝကရုံးဟောင်းထဲကနေ စစ်သား ၂ ယောက်ထွက်လာတာကို လက်ဦးမှုယူပြီး ပစ်ခတ်ခဲ့တယ်။ နေရာမှာပဲ ၂ ယောက်စလုံး ပွဲချင်းပြီးသေတယ်။ ရုံးထဲကနေပြီးတော့လည်း ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် ကျနော့်ရဲဘော်တွေအန္တရာယ်ကင်းပါတယ်"

လယ်ဝေးရဲစခန်းလုံခြုံရေးဂိတ် ဗုံးပစ်ခံရပြီး ရဲ ၃ ဦးဒဏ်ရာပြင်းထန်

“အဲ့ဒီဂိတ်က ရဲစခန်းရှေ့မှာလုံခြုံရေးဂိတ်ပုံစံမျိုးလောက်ပဲချထားတာ၊ စစ်တာဆေးတာတွေတော့ သိပ်မရှိဘူး။ ဆိုင်ကယ်စီးကောင်လေး ၂ ယောက်ဗုံးပစ်ပြီးပြေးသွားတာ”

မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်သား ၆၀ ခန့် တပ်စွဲစစ်ဆေးနေလို့ မြို့ခံတွေ အထိတ်တလန့်ရှောင်တိမ်းနေကြ

"စကစဘက်က လာသမျှ ယောက်ျားလေး လူငယ်အချို့ကို ရိုက်ပီးစစ်ဆေးတယ်။ ကမ်းနားဇတ်ဆိပ်မှာ ဆိုင်ကယ်နှစ်ယောက် ၂ ယောက်ပိုး(စီး)ရင်ဖမ်းတယ်။ ဘုရားကြီး ရုံးကြီးမှာရှိတဲ့ ဆိုင်တွေကို ပိတ်ခိုင်းတယ်။ ယခုလောလောဆယ် ညောင်ပင်စောက်သွားတဲ့လမ်း စက်မှုဇုန်အဝိုင်းပတ်မှာ အရပ်ဝတ်နဲ့ စစ်**တွေရောက်နေတယ်လို့ သိရပါတယ်"

မုံရွာမှာ နေအိမ် ၄ လုံးကို စစ်တပ်ကမီးရှို့၊ ပစ်ခတ်မှုတွေ လုပ်လို့ အမျိုးသမီးတဦး ကျည်ထိ

“စခတွေက မုံရွာမြို့ဝင်မုခ်ပေါက် မအူဂိတ်ကနေ လာတာပါ။ လက်ရှိရွာသားတွေတော့ တခြားရွာဘက်မှာ ရှောင်နေကြတယ်။ ညောင်ပင်သာရွာက အိမ်ခြေ ၇၀ နီးပါးရှိတာပါ။ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ပါ”

ပေါင်းတည်က စစ်ကောင်စီသတင်းပေးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

"တရွာလုံးက ယောက်ျားတွေကို ခေါ်စစ်တယ်။ သူ့အိမ်ကျ ကွင်းပြီး မခေါ်ဘူး။ သူက စစ်သားတွေကို သတင်းပေးနေတော့ မခေါ်ဘူးလေ။ စတွေ့တော့ပြေးဖို့တော့ ကြိုးစားတာ မလွတ်ဘူး။ ကျောကုန်းကို တချက်တည်း မှန်ပြီး ကိစ္စပြတ်သွားတာ"

မြိုင်ဒေသ ကြားကာလပညာရေး အားကောင်းပေမယ့် ထောက်ပံ့မှုနည်းပါးလို့ ဆရာ၊ဆရာမတွေ ရပ်တည်ဖို့ခက်ခဲလာ

“အကုန်လုံးက စိတ်ဓာတ်နဲ့တောင့်ခံနေကြတာပေါ့။ ၃ နှစ်လောက်ဖြစ်လာတော့ မလွယ်တော့ဘူး။ ခုက ဘဝရပ်တည်ရေးအတွက် အလုပ်လုပ်တော့မယ်ဆိုပြီး မသင်တော့ဘဲ ထွက်သွားရင်တောင် မဆွဲထားနိုင်တဲ့အနေအထား။ ဘာမှလည်း ထောက်ပံ့မှုမပေးနိုင်တော့ ထိန်းလည်းမထိန်းထားနိုင်သလို ထိန်းလည်းထိန်းမထားရက်တော့ဘူး"

ဦးဗန့်ဂျီအလောင်းကို သွားကောက်တဲ့ PDF ရဲဘော် မိုင်းထိလို့ ခြေထောက်ဖြတ်လိုက်ရ

"လုံခြုံရေးအရ ရွာနာမည်နဲ့ သူ့ရဲ့နာမည်ကို ပြောလို့မရဘူး။ အခုကတော့ ခြေထောက်ဖြတ်လိုက်နိုင်လို့ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူး။ ကျေးလက်ဆေးခန်းတခုမှာ ဆေးကုသမှု ပေးထားတယ်"

စစ်တပ်က ညောင်ပင်ကြီးရွာကို ဆက်လက်မီးရှို့၊ ရဲစခန်းကို ပြန်တည်ဆောက်ပြီး ရွာလမ်းတွေကိုဖျက်ဆီး

“ရွာတွေကိုတော့ မီးရှို့နေတုန်းပဲ။ မနေ့မနက်ကတော့ ထန်းတောရွာကိုမီးရှို့တယ်။ ညနေကျတော့ သိမ်တော်ရွာကို မီးထပ်ရှို့တယ်”

ပျောက်ဆုံးနေတဲ့ ကိုရင် ၂ ပါး ရေနစ်သေဆုံးလျက် ပြန်တွေ့

"ကိုရင် ၂ ပါးက ၁၀ ရက်နေ့ ညနေ ၆ နာရီလောက်ကတည်းက ပျောက်နေလို့ လိုက်ရှာနေကြတာ။ နောက်တော့ မြစ်ကမ်းဘေးမှာ သင်္ကန်းတွေ တွေ့လို့ လိုက်ရှာရာကနေ နောက်တနေ့မနက် ၁ နာရီမထိုးခင်လောက်မှာ တပါးကို အရင်တွေ့တယ်။ နေ့ခင်း ၁၀ နာရီလောက်တော့ နောက်ထပ်တပါးကို မြစ်ထဲမှာ ထပ်တွေ့ရတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10